Monday, May 20, 2019

ဘယ်နိုင်ငံရေးခေါင်းဆောင်က ဘာလုပ်ပေးမယ် ပြောပြော ယုံစရာမလိုဟု USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးပြော

ရွေးကောက်ပွဲ နီးလာသောကြောင့် ဘယ်နိုင်ငံရေးခေါင်းဆောင်က ဘာလုပ်ပေးမယ်ပြောပြော ပြည်သူများက ယုံစရာမလိုဟု USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ကပြောကြားလိုက်သည်။ေ မလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ အစည်းအဝေးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုဥက္ကဌဦးသန်းဌေးနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ သင်တန်းသားများ လေ့လာရေးခရီး ရောက်ရှိ

နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းအမှတ်စဉ်(၂၇)မှ ဗိုလ်မှူးချုပ် Lawrence Ayaegbunem FEJOKWU ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ လေ့လာရေးခရီး လည်ပတ်ရန်အတွက် မေလ(၁၉) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗန်ကောက်အခြေစိုက် နိုင်ဂျီးရီးယားသံရုံးမှ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန်​စပါးအသင်းချုပ်​မှ စပါး​ဈေး အနိမ့်​ဆုံး ၅ သိန်း ဝယ်​ယူရန်​သတ်​မှတ်​ထား​သော်​လည်း ၄သိန်း၂​သောင်း ​ဈေးဖြင့်​သာ ဝယ်​ယူ​နေသောကြောင့် ​တောင်​သူများ စိုက်​ဘဏ်​​ချေး​ငွေ ပြန်​မဆပ်​နိုင်​ပဲ အခက်​အခဲ ဖြစ်​​ပေါ်​နေဟု​ဆို

Image may contain: one or more people, people standing, outdoor and natureပဲခူးတိုင်း​ဒေသကြီး သာယာဝတီ ခရိုင်​ဇီးကုန်းမြို့နယ်​ ရှိ ​ကျေးရွာ များတွင်​ ​နွေစပါး ​ရောင်းချရာ၌ ဆန်​စပါးအသင်းချုပ်​မှစပါးဝယ်​​ဈေး ၅ သိန်းသတ်​မှတ်​ထား​သော်​လည်း အမှန်​တကယ်​​ကျေးရွာ ဆင်းဝယ်​ရာ ၄သိန်း၂​သောင်းသာ​ပေးဝယ်​​နေ​ကြောင်း ​ဒေသခံ ​တောင်​သူများ ထံမှ သိရှိရသည်​။ ကျွန်​​တော်​တို​ နွားတဲကုန်းအုပ်​စု ​မြောက်​လွှတ်​ကုန်းရွာ မှာ​တောင်​သူ၂၀၀ ခန့်​ရှိပါတယ်​ ​တစ်​နှစ်​ကို မိုးစပါး ​နွေစပါးနှစ်​သီးစိုက်​ပါတယ်​ ယခုနှစ်​ ​နွေစပါးကို ရတနာတိုးစိုက်​ပြီးတစ်​ဧက ကို စပါး တင်း ၈၀ထွက်​ပါတယ်​ လက်​ရှိ စပါးဝယ်​​ဈေး ၄သိန်း၂​သောင်း ပဲရပါတယ်​ "ဟု ​တောင်​သူဦးဝင်းလှိုင်​မှ ​ပြောကြားသည်​။

“၁၀၀ ရာခိုင်နှုန်း safety က ဘယ်လေကြောင်းလိုင်းမှာမှ မရှိဘူး” လေယာဉ်မှူးကြီး မြတ်မိုးအောင် ပြော

မည်သည့်လေကြောင်းတွင်မဆို ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်မှုမရှိကြောင်း MNA လေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောသည်။ ယနေ့( မေလ ၁၉ ရက်)က Novotel ဟိုတယ်တွင်ကျင်းပသော “ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြုပွဲအခမ်းအနား” တွင် ယခုကဲ့သို့ ဖြေကြားပေးခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံတွေ ဘေးကင်းရေးအဖွဲ့ ဆက်ထားမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရဲ့ ဘေးကင်းလုံခြုံမှု စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ကို နောက်ထပ်တစ်နှစ် ဆက်လက်ထားရှိဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ ကမ္ဘာမှာ တရုတ်ပြည်ပြီးရင် ဘင်္ဂလားဒေ့ရှ်က ဒုတိယမြောက် အကြီးဆုံးအထည်ချုပ်လုပ်ငန်းရှိတဲ့ နိုင်ငံဖြစ်သလို၊ အထည်ချုပ်စက်ရုံတွေ မီးလောင်တာ၊ ပြိုကျတာစတဲ့ ဖြစ်ရပ်တွေလည်း အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။

လူငယ်များကို မဟုတ်မမှန်စကားလုံးများနှင့် ညီညွတ်မှုပျက်ပြားစေရန် မီဒီယာများနှင့် လူမှုကွန်ရက်များမှတစ်ဆင့် ၀ါဒဖြန့်ဆောင်ရွက်မှုများရှိနေ

Image may contain: 8 people, people smiling, people standing and outdoorလူငယ်လူရွယ်များကို မဟုတ်မမှန် စကားလုံးများနှင့် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် သတင်းမီဒီယာများနှင့် လူမှုကွန်ရက်များမှတစ်ဆင့် ၀ါဒဖြန့်ဆောင်ရွက်မှုများရှိနေ သည်ကိုတွေ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ေ နပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ မေ ၁၉ ရက် မွန်းလွဲ ပိုင်းကပြုလုပ်သော ရေကြောင်းနှင့်လေကြောင်း လူငယ်မောင် မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ၍ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ရေခဲတောင်ပေါ်မှ ပြုတ်ကျသော မစိမ့်ထက်အား ရှာဖွေကယ်ဆယ်ရန် ဒုတိယအကြိမ် ကြိုးစားခဲ့သော်လည်း အခွင့်မသာသဖြင့် ၎င်းတို့ကိုယ်တိုင် မကယ်ဆယ်ရခြင်းဖြစ်ကြောင်း The Summiter အဖွဲ့ သတင်းစာရှင်းလင်း

ရေခဲတောင်ပေါ်မှ ပြုတ်ကျခဲ့သော မစိမ့်ထက်အား ရှာဖွေကယ်ဆယ်ရန် ဒုတိယအကြိမ်ကြိုးစားခဲ့သော်လည်း အခွင့်မသာသဖြင့် ၎င်းတို့ကိုယ်တိုင် မကယ်ဆယ်ရခြင်းဖြစ်ကြောင်း The Summiter အဖွဲ့က ပြောကြားသည်။ မေ ၁၉ ရက်က ရန်ကုန်မြို့ Reno Hotel တွင် ပြုလုပ်သော မစိမ့်ထက် မတော်တဆဖြစ်ရပ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲကိစ္စရပ်များ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Google က ဟာဟွေးနှင့် လုပ်ငန်းရပ်ဆိုင်း၊ Huawei ဖုန်းဆက်များတွင် Gmail၊ Google Play Store အပါအ၀င် Google ၀န်ဆောင်မှု အသုံးပြု နိုင်မည်မဟုတ်၊ မြန်မာ Huawei ဟန်းဆက်သုံးသူများလည်း ထိခိုက်မည်

အမေရိကန်အခြေစိုက် Google ကုမ္ပဏီက Huawei ကုမ္ပဏီနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ တစ်ကမ္ဘာလုံးတွင် မိုဘိုင်းလ်ဟန်းဆက် အများဆုံးထုတ်လုပ်နေသော ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သော Huawei အနေဖြင့် Google ရပ်ဆိုင်းမှုကြောင့် Andriod Operation System များ နောက်ဆုံး Update လုပ်မရခြင်း ဖြစ်မည့်အပြင် တရုတ်နိုင်ငံပြင်ပ တွင် ရောင်းချထားသော Hua wei ဖုန်းများအနေဖြင့် လူကြိုက်များသော Application များ သုံးခွင့်ရတော့မည်မဟုတ်ဘဲ Gmail နှင့် Google Play Store ကဲ့သို့သော ၀န်ဆောင်မှုများကို အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း ရိုက်တာသတင်းတွင် ရေးသားဖော်ပြသည်။

အချိန်တိတိကျကျလေးတော့ လျှပ်စစ်မီးပျက်ပေးပါ

မြန်မာနိုင်ငံတွင် နေထိုင်ကြသူများအတွက် လျှပ်စစ်မီး မှန်မှန်မရခြင်းသည် ပြဿနာတစ်ရပ် အဖြစ်တည်ရှိနေခြင်း မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ပြီးဆုံးခဲ့သည့် ဆယ်စု နှစ်များကပင် မြန်မာပြည်သူများသည် လျှပ်စစ်မီး မမှန်ခြင်းကြောင့် ကြုံတွေ့လာရသည့် ပြဿနာများ ကို အလျဉ်းသင့်သလို ဖြေရှင်းကြရင်း အဆိုပါ လျှပ်စစ်မီးမမှန်ခြင်း ပြဿနာသည် ပြဿနာတစ်ရပ် အဖြစ်ပင် မသတ်မှတ်ကြတော့ခြင်း ဖြစ်ပေလိမ့်မည်။ ထမင်းပေါင်းအိုးဖြင့် ထမင်းချက်ရင်း လျှပ်စစ်မီးပျက်ခဲ့သည့် ရက်များစွာကိုလည်း မြန်မာပြည်သူ အားလုံးနီးပါး ကြုံတွေ့ဖူးကြမည် ဖြစ်သည်။

၂၀၁၉ ခုနှစ် ငါးလအတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားထားသည့်အမှုများ၏ သုံးပုံတစ်ပုံသည် သိမ်းဆည်းခံ လယ်ယာမြေအမှုများ ဖြစ်ကြောင်း သိရ

၂၀၁၉ ခုနှစ် ငါးလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားထားသည့် အမှုများ၏ သုံးပုံတစ်ပုံသည် သိမ်းဆည်းခံ လယ်ယာမြေအမှုများဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က မေ ၁၉ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ပြင်သစ်ရေတပ်မှတိုက်လေယာဉ် ၇စီး အင်ဒိုနီးရှားတွင် အရေးပေါ်ဆင်းသက်ခဲ့ရ

Image may contain: one or more people, people standing and outdoorပြင်သစ်ရေတပ်မှ တိုက်လေယာဉ် ၇စီးသည် ရာသီဥတုဆိုးရွားမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းတွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း တာဝန်ရှိသူများကပြောသည်။ ပြင်သပ်ရေတပ်မှ Dassault Rafale အမျိုးအစား တိုက်လေယာဉ် ၇ စီးသည် လေ့ကျင့်ခန်းတစ်ခုပြုလုပ်ပျံသန်းနေစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ဆက်လက်ပျံသန်းနိုင်ခြင်းမရှိတော့ပဲ ဆုမတြာကျွန်းအစွန်ရှိ Aceh ခရိုင်ရှိ လေတပ်စခန်းလေယာဉ်ကွင်းတစ်ခုတွင် စနေနေ့က ထိုသို့ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကိစ္စ အစိုးရနှင့်ညှိနှိုင်းရန် အပစ်ရပ် ၁၀ ဖွဲ့ အလုပ်အဖွဲ့ ဖွဲ့

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ရပ်တန့်နေမှုနှင့်ပတ်သက်ပြီး  အစိုးရနှင့် ဆွေးနွေးညှိနှိုင်းအဖြေ ရှာရန် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ် စားလှယ်တစ်ဦးစီ ပါဝင်သော အလုပ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။ အဆိုပါလုပ်ငန်းအဖွဲ့ အပါအ၀င် အလုပ်အဖွဲ့သုံးဖွဲ့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ထိပ်သီးခေါင်းဆောင်များညီလာခံက ဖွဲ့စည်းတာဝန်ပေးအပ် ခြင်းဖြစ်သည်။ NCA လက်မှတ်ထိုးတိုင်းရင်း သားအဖွဲ့ ၁၀ ဖွဲ့ ထိပ်သီးခေါင်း ဆောင်များညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။

မိုက်ကယ်ကျော်မြင့်ပါနှစ်ဦးကို မေလ ၂၃ ရက် တရားရုံးသို့လာရောက်ရန်ဆင့်ခေါ် အမှုစစ်နေစဉ် ကျပ်သိန်း ၁၀၀ စီဖြင့်အာမခံလျှောက်ထားနိုင်

ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာ ဝင်များ၏ ဥပုသ်လဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်မှုကြောင့် အမှုဖွင့်ခံရသော မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကိုဖမ်းဆီးရန်ဝရမ်းထုတ်လိုက်ပြီး မေလ ၂၃ ရက်တွင် တရားရုံးသို့လာရောက်ရန် တောင်ဒဂုံတရားသူကြီးက ဆင့်ခေါ်ထားသည်။ 7Day Daily သတင်းစာက ကြည့်ရှုခွင့်ရရှိသော မေလ ၁၆ ရက်စွဲပါ ဖမ်းဝရမ်းတွင် ဒဂုံမြို့သစ်တောင်ပိုင်း တွဲဖက်မြို့နယ်တရားသူကြီး (၃) ဦးမင်းထက်က လက်မှတ်ထိုး၍ မြို့နယ်စခန်းမှူးထံ ပေးပို့သည့် ဝရမ်းစာ၌  ‘‘ပုဒ် မ ၅၀၅ (ခ) ကိုကျူးလွန်ကြောင်း နှင့် စွဲဆိုထားသည်ဖြစ်၍ သင်က  မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီး၍ ရုံးတော်ရှေ့သို့ တင်ပို့ရမည်။ ဤအမိန့်ကို မပျက်ကွက်စေရ’’ဟု ရေးသားထားသည်။

ပဲခူးတိုင်းဝန်ကြီးချုပ်ကို မြို့နယ်စည်ပင်ဥက္ကဋ္ဌဟောင်းတရားစွဲ

ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ရှစ်ဦးကို သာယာဝတီမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ တရားစွဲဆိုခဲ့သည်။  ငွေကြေးအလွဲသုံးစားပြုလုပ်သည်ဆိုကာ ရာထူးမှ ထုတ်ပယ်သဖြင့် ထိုသို့ စွပ်စွဲခံရမှုအပေါ် တိုင်းအစိုးရက ဖွဲ့စည်းပေးသည့် အဖွဲ့ဝင်ငါးဦးပါ ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့က ၎င်းကို ဥပဒေနှင့်အညီခုခံချေပခွင့်၊ သက်သေတင်ပြခွင့်မပေးဘဲတစ်ဖက်သတ်ဆုံးဖြတ်ခဲ့ကြောင်း စည်ပင်ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ပြောသည်။

အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရာတွင် တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်နိုင်ရေး PPCM ကို အဆိုပြုဟု KNU ပြော

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) ဖွဲ့စည်းရန် အဆိုပြုခြင်း သည် ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလများတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို အဆင့်လိုက် ဆက်လက်ကျင်းပနိုင်ရေး လုပ် ငန်းများ အဓိကဆောင်ရွက်ရန် ဖြစ်ကြောင်း  ကရင်အမျိုးသား အစည်းအရုံး(KNU)က  မေလ ၁၈ ရက်၌ ထုတ်ပြန်သည်။ အကျေအလည် ညှိနှိုင်းတိုင် ပင်ခြင်း၊ ဘုံဆိုင်ရာရည်မှန်း ချက်နှင့် ပန်းတိုင်ချမှတ်နိုင်ရေးကို ရည်ရွယ်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုးအဖွဲ့ များနှင့် မထိုးရသေးသည့်အဖွဲ့ အားလုံးပါဝင်နိုင်သော အခင်းအ ကျင်းဖြစ်မည့် PPCM ကို ဖွဲ့စည်း ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပ သော NCA လက်မှတ်ထိုး ၁၀ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များအ စည်းအဝေးသို့ KNU က  အဆိုပြု ထားခြင်းဖြစ်သည်။

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးကို မပြောင်းရွှေ့ဘဲ ဆက်လက်တာဝန်ပေးရန် ဒေသခံအချို့ ဆန္ဒပြတောင်းဆို

၂ နှစ်ခန့် တာဝန်ထမ်း ဆောင်ပြီးနောက် ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရတော့မည့် မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယ ရဲမှူးကြီး အောင်နိုင်ထွန်းကို မြဝတီမြို့တွင်သာ  ဆက်လက်တာဝန်ပေးရေး ဒေသခံအချို့က ယမန်နေ့တွင်  ဆန္ဒထုတ်ဖော်တောင်းဆိုသည်။ ဒုတိယရဲမှူးကြီး အောင်နိုင် ထွန်း မပြောင်းရွှေ့ရေး မြို့ခံ ၁၅ ဦးခန့်က မေလ ၁၉ ရက် နံနက် တွင် ဗီနိုင်းများကိုင်၍ ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။ ‘‘လောင်းကစားမှုတွေ၊ တခြားအမှုတွေမှာ အရင်တုန်းက ထက် ပိုပြီးတိုက်ဖျက်ရေးလုပ် တယ်။ မြို့ခံတွေနဲ့ ပူးပေါင်းဆောင် ရွက်မှုကောင်းတယ်။ ဒါကြောင့် မပြောင်းရွှေ့စေချင်တာ’’ ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ဘုရားဖူးပြန်လာသောကားနှင့် သဲကားတိုက်၊ ၁၂ ဦးဒဏ်ရာရ

ရွှေပြည်သာတံတားအ နီး သဲကားနှင့် ဘုရားဖူးယာဉ်မျက်နှာချင်းဆိုင် တိုက်မိပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း အင်းစိန်မြို့နယ်ရှိ ယာဉ်ဦးစီးရုံးက ပြောသည်။ ဖြစ်စဉ်သည် ရွှေပြည်သာမြို့ နယ် ရွှေပြည်သာတံတားအဆင်း ဧရာမြေမှတ်တိုင်အနီးတွင် မေလ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်၌ လှိုင်သာယာဘက်က ဆင်းလာသော အုတ်၊ သဲကျောက်ကားက သာဓုကန်ဘုရားဖူးမှ ပြန်လာသော ဖယ်ရီကား(ကန်တာအမျိုးအ စား)ကို ၀င်တိုက်မိရာ ဖယ်ရီ ကားပေါ်မှ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ချင်းပါတီ သုံးခု ပူးပေါင်းလိုက်တဲ့ ပါတီ တည်ထောင်ခွင့်ရပြီ

ချင်းနိုင်ငံရေးပါတီသုံးခုပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုလိုက်ပါပြီ။ မနေ့က မေ၁၇ရက်နေ့မှာ ပါတီတည်ထောင်ခွင့်ပြုလိုက်တာလို့ ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ချင်းအမျိုးသားဒီိမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းပြီး တည်ထောင်လိုက်တာဖြစ်ပါတယ်။

ဆုဖလားဆွတ်ခူးနိုင်သော်လည်း လွယ်ကူသောရာသီ မဟုတ်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ပြောကြား

 ဖရန့်ဖတ်ကို ၅-၁ ဂိုး ဖြင့် ချေမှုန်းပြီးနောက် နည်းပြနီကို ကိုဗက်စ်၏ ဘိုင်ယန်မြူးနစ်သည် အနီးကပ်ဆုံးပြိုင်ဘက် ဒေါ့မွန် ထက် နှစ်မှတ်အသာရကာ ဘွန် ဒက်စ်လီဂါဖလားကို ခုနစ်ကြိမ် ဆက် စံချိန်တင်ဆွတ်ခူးခဲ့သည်။ မေလ ၂၅ ရက်တွင် ဂျာမန် ဖလားဗိုလ်လုပွဲ၌ လိုက်ပ်ဇစ်ကို အနိုင်ရပါက ပြည်တွင်းဖလားနှစ် လုံးရရှိမည့် ဘိုင်ယန်သည် ယခု ဘွန်ဒက်စ်လီဂါဖလားကို သမိုင်း တစ်လျှောက် ၂၉ ကြိမ်ဖြင့် စံချိန် တင်သိမ်းပိုက်နိုင်ခဲ့သည်။ ‘‘ဘယ်လိုပဲဖြစ်ဖြစ် ဒါက လွယ်ကူတဲ့ရာသီ လုံးဝမဟုတ်ပါ ဘူး။ ဝေဖန်မှုတွေ အများကြီးခံရ ပြီးတဲ့နောက် အောင်မြင်မှုရခဲ့တာ ထင်ရှားပါတယ်။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဟု ကိုဗက်စ်က ပြောသည်။

ကွန်ပနီ မန်စီးတီးမှ ထွက်ခွာပြီး အန်ဒါလက်ခ်ျတွင် ကစားသမားနှင့်နည်းပြနေရာရယူမည်

 အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီသည် မန်စီးတီးမှ ထွက်ခွာပြီး အသင်းဟောင်း အန် ဒါလက်ခ်ျတွင် ကစားသမားနှင့် နည်းပြနေရာရယူမည်ဖြစ်သည်။ အသက် (၃၃) နှစ်အရွယ် နောက်ခံလူသည် ၂၀၀၃ နှင့် ၂၀၀၆ ကြား ၇၃ပွဲပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူသော ဘယ်လ်ဂျီယံ ကလပ်နှင့် သုံးနှစ်စာချုပ် ချုပ်ဆို ထားသည်။ တနင်္ဂနွေနေ့ စောစောပိုင်း ကဝက်ဖို့ဒ်ကို ၆-၀ ဂိုးဖြင့်နိုင်သည့် အက်ဖ်အေဖလားဗိုလ်လုပွဲသည် မန်စီးတီး၌ ၎င်း၏နောက်ဆုံးပွဲဖြစ် သည်ဟု ကွန်ပနီကပြောကြား သည်။ ၎င်းသည် မန်စီးတီးနှင့်အ တူ ၁၁ နှစ်အတွင်းပရီးမီးယားလိဂ်ဖလားလေးလုံး၊ အက်ဖ်အေဖလား နှစ်လုံးနှင့် လိဂ်ဖလားလေးလုံး ရရှိခဲ့သည်။

ခွဲမထွက်ရနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စ မပြေလည်၍ ၂၁ ပင်လုံကျင်းပရန် အခက်ကြုံနေဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌပြော

 ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံအ စည်းအဝေးများကို ကျင်းပလို သော်လည်း တစ်ဆို့နေသည့်ကိစ္စ ရပ်များ ဖြေရှင်းနိုင်ခြင်းမရှိသေး၍ အခက်ကြုံနေကြောင်း မွန်ပြည် သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။ အစိုးရက ၂၁ ရာစု ပင်လုံကို လာမည့် ဇွန်လကုန်ပိုင်းတွင် ကျင်းပလိုသည့် သဘောထားနှင့် ပတ်သက်ပြီး မေးမြန်းရာ နိုင်ဟံ သာက ထိုသို့ ဖြေကြားခြင်းဖြစ် သည်။ ‘‘ကျွန်တော်တို့လည်း ၂၁ ပင်လုံကို လုပ်လိုပါတယ်။ ဒါပေမဲ့တစ်ဆို့နေတဲ့ ကိစ္စတွေအပေါ်မှာ ကျွန်တော်တို့ ညှိနှိုင်းလို့ရမလား။ ညှိနှိုင်းလို့ နားလည်မှုရနိုင်ရင် တော့ ကောင်းတာပေါ့။ မဟုတ် ရင် ၂၁ ပင်လုံသာ လုပ်လိုက် တယ်။ ဘာမှနားလည်မှုမရဘူးဆို ရင်တော့ မထူးဘူးလေ’’ဟု နိုင်ဟံ သာက ဆိုသည်။

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်များသို့ ပထမအကြိမ် လိုင်စင်ခွင့်ပြုပေးရန် စီစဉ်နေဟုဆို

 ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ၀ယ်ယူနိုင်ရန် နိုင်ငံ တစ်ဝန်း ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင်များသို့ ပထမဆုံး အကြိမ် လိုင်စင်ခွင့်ပြုထုတ်ပေး ရန် စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဝင်းခိုင်က ပြောသည်။ မကွေးတိုင်းဒေသကြီးအ တွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မေလ ၁၈ ရက်က ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲ တွင် ၀န်ကြီးကပြောကြားခြင်းဖြစ် သည်။

အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရာတွင် တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်နိုင်ရေး PPCM ကို အဆိုပြုဟု KNU ပြော

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) ဖွဲ့စည်းရန် အဆိုပြုခြင်း သည် ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလများတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို အဆင့်လိုက် ဆက်လက်ကျင်းပနိုင်ရေး လုပ် ငန်းများ အဓိကဆောင်ရွက်ရန် ဖြစ်ကြောင်း  ကရင်အမျိုးသား အစည်းအရုံး(KNU)က  မေလ ၁၈ ရက်၌ ထုတ်ပြန်သည်။ အကျေအလည် ညှိနှိုင်းတိုင် ပင်ခြင်း၊ ဘုံဆိုင်ရာရည်မှန်း ချက်နှင့် ပန်းတိုင်ချမှတ်နိုင်ရေးကို ရည်ရွယ်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုးအဖွဲ့ များနှင့် မထိုးရသေးသည့်အဖွဲ့ အားလုံးပါဝင်နိုင်သော အခင်းအ ကျင်းဖြစ်မည့် PPCM ကို ဖွဲ့စည်း ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပ သော NCA လက်မှတ်ထိုး ၁၀ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များအ စည်းအဝေးသို့ KNU က  အဆိုပြု ထားခြင်းဖြစ်သည်။

အိန္ဒိယအစိုးရ၏ ပဲတင်သွင်းခွင့်လိုင်စင် သတင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးတက်

အိန္ဒိယအစိုးရက ဇွန်လအတွင်း ပြည်ပမှ ပဲတင်သွင်းခွင့် လိုင်စင်ချပေးမည့် သတင်းကြောင့်ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး နှုန်းမြင့်တက်လာ ကြောင်း ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်း ရေးမှူးဦးမင်း ကိုဦးက ပြောသည်။ ဇွန်လပထမပတ်အတွင်း ပဲ တင်သွင်းမည့် ကုန်သည်များကို အိန္ဒိယအစိုးရက သွင်းကုန်လိုင် စင်ထုတ်ပေးမည်ဟု ကြေညာ ချက် ထွက်ပေါ်ပြီးနောက် ပြည်တွင်းဈေးကွက်တွင် အိန္ဒိယကုန်သည်များ၏ ၀ယ်လိုအား ပြန်မြင့်တက်လာခြင်း၊ ပါကစ္စတန်၊ ယူအေအီး စသောနိုင်ငံများသို့ တင်ပို့ရန် ၀ယ်ယူမှု ရှိနေခြင်းကြောင့် မတ်ပဲနှင့်  ပဲစင်းငုံဈေး ပြန်လည်မြင့်တက်လာစေသည်ဟု ၎င်းကပြောသည်။  ‘‘လောလောဆယ်အိန္ဒိယ သွင်းကုန်သမားတွေက မြန်မာ့ပဲ ကို စိတ်ဝင်စားနေကြတယ်’’ ဟု ဦးမင်းကိုဦးက ပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ရေလယ်ကျွန်းပေါ်တွင် လက်နက်ခဲယမ်းအချို့နှင့်အတူအမျိုးသားသုံးဦးကို ဖမ်းမိ

 မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်သောင်ရင်းမြစ်အတွင်း ဒုစရိုက်သမားအချို့ အခြေချနေ ထိုင်သည်ဟု နာမည်ကြီးနေသော ရေလယ်ကျွန်းပေါ်သို့ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေကာ သေနတ်ကိုင် ဆောင်ထားသူအမျိုးသားသုံးဦး ဖမ်းမိပြီး စစ်ဆေးနေသည်ဟု မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီးအောင်နိုင်ထွန်းက ပြော ကြားသည်။ေ သာင်ရင်းမြစ်အတွင်းရှိ မြန်မာပိုင်နက် ရေလယ်ကျွန်းပေါ် သို့ မေလ ၁၈ ရက်ညဥ့် ၁၂ နာရီ ခန့်တွင် ရဲတပ်ဖွဲ့က ၀င်ရောက်စီး နင်းရာ  သေနတ်နှစ်လက်၊ ကျည် ၁၁ တောင့်နှင့်အတူ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့သည်။

ကျယ်ဂေါင်မှ မြန်မာနိုင်ငံသားနှစ်ဦးကို တရုတ်က နာရီပိုင်းအကြာ ဖမ်းဆီးထိန်းသိမ်းပြီး တစ်ဦးကို ရိုက်နှက်စစ်ဆေးဟုဆို

  မြန်မာ-တရုတ်နယ်စပ် ဂိတ်မြန်မာဘက်ခြမ်းတွင် ကား ဖြင့်ပိတ်၍ ဆန္ဒထုတ်ဖော်မှုအ တွက် ကျယ်ဂေါင်၌နေထိုင်သော မြန်မာနိုင်ငံသားနှစ်ဦးကို တရုတ် က နာရီပိုင်းအကြာ ဖမ်းဆီးထိန်း သိမ်းပြီး တစ်ဦးကို ရိုက်နှက်စစ် ဆေးခဲ့သည်ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေများနှင့် မူဆယ်မြို့ခံအ ရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ မူဆယ်နယ်စပ်ရှိ နန်းတော် ဂိတ်နှင့် ဆင်ဖြူဂိတ်ကို ယခင်က မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ အထိ ၀င်၊ ထွက်ခွင့်ပြုရာမှ မေလ ၁၅ ရက်ကစတင်ကာ ည ၈ နာရီ အထိသာ တရုတ်ကခွင့်ပြုခဲ့သော ကြောင့် အခက်အခဲတွေ့နေသည် ဆိုကာ မြန်မာအချို့က မေလ ၁၇ ရက်နံနက်တွင် ဆန္ဒထုတ်ဖော် ခဲ့သည်။

မန္တလေးရှိ ဘိလပ်မြေစက်ရုံပဋိပက္ခ ရန်ကုန်တွင် ဆန္ဒပြ ဦးဆောင်သူတစ်ဦးကို ရဲတပ်ဖွဲ့အမှုဖွင့်

 မန္တလေးတိုင်း အောင် သပြေကျေးရွာ ဘိလပ်မြေစက်ရုံ စီမံကိန်းပဋိပက္ခဖြစ်စဉ်နှင့် ပတ် သက်ပြီး တရားစွဲဆိုခံထားရသော  ရွာသားများ ပြန်လွှတ်ပေးရေးနှင့် စက်ရုံစီမံကိန်းဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို ယမန်နေ့ က ရန်ကုန်မြို့တွင် ပြုလုပ်ရာ ဦးဆောင်သူတစ်ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် ခဲ့သည်။ မဟာဗန္ဓုလပန်းခြံအရှေ့ တွင် ပြုလုပ်သည့် အဆိုပါဆန္ဒပြပွဲ ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ ခန့်က ပြုလုပ်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်ရန် စစ်တွေ၌ အင်အားထောင်ချီဆန္ဒပြ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ပွဲများရပ်စဲ ရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များ  ကို ပြန်လည်နေရာချထားရေး ကူညီပေးရန် တောင်းဆိုဆန္ဒ ထုတ်ဖော်ပွဲတစ်ရပ်ကို စစ်တွေ မြို့၌ ရဟန်းသံဃာများအပါအဝင် အင်အားသုံးထောင်ခန့်ဖြင့် မေလ ၁၉ ရက်နေ့လယ်က ပြုလုပ်ခဲ့ သည်။ ဆန္ဒထုတ်ဖော်ပွဲကို စည်း ကမ်းထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော် များက ဦးဆောင်ပြီး စစ်တွေမြို့ခံ များက ပြုလုပ်ခြင်းဖြစ်ကာ စစ် တွေမြို့ ဝင်္ကပါကွင်းမှ လမ်းမ ကြီးအတိုင်း မြို့ကိုပတ်ကာ အသံ တိတ် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ရေးကော်မတီဝင် ဦးအောင်ဌေးက ပြောသည်။

သတိထားရမည့် ထောင်ချောက်

‘‘ပြည်သူလူထုကြီးကလည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲသို့ မ၀င်မိစေရန် ဂရုစိုက်ကြစေလိုပါတယ်။ မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကို လည်း သတိပြုကြစေလိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုများကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုပါတယ်’’ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်) တွင် ပြောကြားခဲ့ရာ ထည့်သွင်းမှာကြားသောစကားဖြစ်၏။ သမ္မတ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောပြီး တစ်လမတိုင်ခင်မှာပင် ကြို တင်သတိပေးထားသည့်အတိုင်း ရန်ကုန်မြို့တွင်ဘာသာရေးပြဿနာ ပေါ်ပေါက်စေရန် ကြိုးပမ်းမှုတစ်ခုကြုံရပြန်သည်။

ရေခဲတောင်ပေါ်မှကျသည့် မစိမ့်ထက်ကို ပြန်လည်ရှာဖွေရန် ကြန့်ကြာမှု တောင်တက်အဖွဲ့ခေါင်းဆောင်နှင့် မိသားစု အမြင်မတူ

 ဖန်ဂရန်ရာဇီရေခဲ တောင်တွင် ပြုတ်ကျခဲ့သည့် မစိမ့် ထက်ကို နောက်တစ်ကြိမ်ပြန်ရှာ ရန် ဒေသခံများနှင့် ပူးပေါင်းစီစဉ် သော်လည်း  မိသားစုထံမှ စပယ် ရှယ်ပါဝါရထားသူက တရားဝင် ဖြစ်ရန်စောင့်ဆိုင်းနေ၍ ကြန့်ကြာ  ရခြင်းဖြစ်ကြောင်း The Summiter အဖွဲ့ခေါင်းဆောင် ကိုဇော် ဇင်ခိုင်က ပြောသည်။ ‘‘ရှာဖွေဖို့ မိသားစုဆီက စ ပယ်ရှယ်ပါဝါရထားသူက တရား ဥပဒေဘောင်အတွင်းက သွား မယ်။ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ပဲ သွားမယ်ပြောတဲ့အတွက် ဆက် ထွက်ဖို့  အဆင်မပြေတော့ဘူးဖြစ် သွားတယ်’’ဟု ၎င်းကဆိုသည်။

သွေးတိုးအပါအဝင် မကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရန် ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံကြီးများတွင် သွေးတိုးအပါ အဝင် မကူးစက်တတ်သောရော ဂါများ ကုသပေးရမှု နေ့စဉ်များ ပြားလာပြီး ယင်းရောဂါကို ကြို တင်ကာကွယ်ရေး အားလုံးပူး ပေါင်းဆောင်ရွက်ရန် ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။ေ မလ ၁၇ ရက်က ဗဟန်းမြို့နယ် အမှတ် (၈)ဘောလုံးကွင်းတွင် ကျင်းပသော ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနား၌ ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

လူကြမ်းသရုပ်ဆောင်တွေ အလုပ်အကိုင်ရှားပါးမှုကို ပြောတဲ့ အောင်ခိုင်

အနုပညာလောကတွင် လူကြမ်းသရုပ်ဆောင်များ အလုပ်အကိုင်မရှိသလောက် ရှားပါးနေကြောင်း  ကိုလူချောအဖွဲ့ဥက္ကဋ္ဌ အောင်ခိုင်က ပြောသည်။ ‘‘အခုက ဗီဒီယိုကလည်း တော်တော်လေး အရောင်းအဝယ် မရှိသလောက် ဖြစ်ကုန်ပြီ။ အဓိကကတော့ နယ်ဘက်တွေမှာ အဝယ်မလိုက်တော့ဘူး။ ရုပ်ရှင်ကလည်း ရိုက်ထားတဲ့ ကားအရေအတွက်နဲ့ ရုံတင်တာ ကားအရေအတွက် မမျှဘူး။ ရိုက်တဲ့ကားတွေက လည်း အက်ရှင်နည်းတော့ လူကြမ်းသရုပ်ဆောင်အတွက် အလုပ်ရှားပါးသွားတာ’’ဟု ၎င်းက ပြောသည်။

ပထမဆုံးဇာတ်ကားအတွက် တာဝန်ကြီးသလို ခံစားနေရတဲ့ မီရှဲလ်

ရင်ဝှက်အက္ခရာဇာတ် ကားသည် ၎င်းပထမဆုံး ဒါရိုက် တာအဖြစ် ရိုက်ကူးမည့် ရုပ်ရှင်ဖြစ်သောကြောင့် တာဝန်ကြီးသလို ခံစားရကြောင်း ဒါရိုက်တာ အောင်ကိုလတ်၏သမီး မီရှဲလ်က ပြောသည်။   ‘‘ကျွန်မ အရမ်းကြီးရင်ခုန် တာမျိုးမရှိဘူး။ အမြဲတမ်း ကြိုးစားပြီး အကောင်းဆုံးလုပ်နေတာပဲ။ ဒါကိုလည်း ကြိုးစားပြီး အကောင်း ဆုံးလုပ်သွားမယ်။ ဒါပေမဲ့ ပထမ ဆုံးဒါရိုက်တာလုပ်ရတဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်တဲ့အတွက် နည်း နည်းတော့ တာဝန်ကြီးသွားတယ်။  ရင်ခုန်တာမျိုးတော့ မဟုတ်ဘူး။ တာဝန်ကြီးသလို ခံစားရတယ်’’ဟု ၎င်းက ပြောသည်။

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်များသို့ ပထမအကြိမ် လိုင်စင်ခွင့်ပြုပေးရန် စီစဉ်နေဟုဆို

 ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ၀ယ်ယူနိုင်ရန် နိုင်ငံ တစ်ဝန်း ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင်များသို့ ပထမဆုံး အကြိမ် လိုင်စင်ခွင့်ပြုထုတ်ပေး ရန် စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဝင်းခိုင်က ပြောသည်။ မကွေးတိုင်းဒေသကြီးအ တွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မေလ ၁၈ ရက်က ပြုလုပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲ တွင် ၀န်ကြီးကပြောကြားခြင်းဖြစ် သည်။

အစိုးရ၏ စီးပွားရေးမူဝါဒပြုပြင်မှုများကြောင့် ၂ နှစ်အတွင်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံရန် နေရာကောင်းဟုဆို

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိလာခြင်းနှင့် အစိုးရ၏ အပြုသဘောဆောင်သည့် စီးပွားရေး မူဝါဒ ပြုပြင်ပြောင်းလဲရေးများ ကြောင့် မြန်မာနိုင်ငံသည် လာမည့် ၂ နှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် နေရာကောင်းတစ်ခုဖြစ်လာသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။ မေလ ၁၈ ရက်က ပြုလုပ် သည့် ပထမအကြိမ် တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ရင်းနှီးမြှုပ် နှံမှု ထိပ်သီးဆွေးနွေးပွဲနှင့် တရုတ် -မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင် ရေးအသင်း ဖွင့်ပွဲအခမ်းအနား တွင် ဝန်ကြီးက ပြောကြားသည်။

ဘဏ္ဍာနှစ်ခြောက်လအတွင်း အခွန်ကောက်ခံရရှိမှု လျာထားချက်ပိုကြောင်း ပြည်တွင်းအခွန် သတင်းထုတ်ပြန်

 ယခုဘဏ္ဍာနှစ် ခြောက် လအတွင်းအခွန်ကောက်ခံရရှိမှု   သည် လျာထားချက်ထက်ပိုများ  ပြီးကျပ် ၃,၆၀၀ ဘီလီယံကျော်ရရှိ ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနက သတင်းထုတ်ပြန်သည်။ အခွန် ကောက်ခံရရှိမှုက ပုဂ္ဂလိက ကဏ္ဍမှအများဆုံးဖြစ်ပြီး ကျပ်ဘီလီယံ ၂,၉၀၀ ခန့်ကောက် ခံရရှိထားသည်ဟုဆိုသည်။ ယခု ဘဏ္ဍာနှစ် ခြောက်လအတွင်း ကောက်ခံခဲ့သော ၀င်ငွေခွန်၊ ကုန် သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည် ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင် ဘာလေခွန်ဟူသည့် အခွန်ငါးမျိုး အနက် ၀င်ငွေခွန်က ကျပ် ၁,၅၃၉ ဘီလီယံကျော်ဖြင့် အများဆုံး ကောက်ခံရရှိသည်။

အမျိုးသမီးလိဂ်တွင် မြ၀တီအသင်း နိုင်ပွဲဆက်ပြီး ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်

အမျိုးသမီးလိဂ်အမှတ် ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၀) တွင် မြ၀တီအသင်းက နိုင်ပွဲဆက် ပြီး ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဆက်လက်ဦး ဆောင်နေသည်။ မေလ ၁၇ နှင့် ၁၈ ရက်က သက်ဆိုင်ရာကွင်းများတွင် ယှဉ် ပြိုင်သည့် အမျိုးသမီးလိဂ် ပွဲစဉ် (၁၀) ၌ မြ၀တီ၊ YREO၊ ဂန္ဓမာနှင့် အားကာသိပ္ပံအသင်းတို့က ပြိုင် ဘက်များကို အသီးသီးအနိုင်ရရှိ သည်။

အလွတ်တန်းဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (က) တွင် MIU နှင့် RDZ အသင်း နောက်တစ်ဆင့်တက်

အလွတ်တန်းဖူဆယ် ဖလားပြိုင်ပွဲ အုပ်စု (က) နောက် ဆုံးပွဲစဉ်တွင် လက်ရှိချန်ပီယံ MIU နှင့် RDZ အသင်းတို့က ပြိုင် ဘက်များကို အသီးသီး အနိုင်ရပြီး  ၁၆ သင်း ရှုံးထွက်အဆင့်သို့တက် ရောက်ခဲ့သည်။ မေလ ၁၉ ရက်ကအမျိုးသား အားကစားရုံ (၁) သုဝဏ္ဏ၌ ကျင်း ပသည့် အလွတ်တန်းဖူဆယ် ဖလားပြိုင်ပွဲ အုပ်စု (က) နောက် ဆုံးပွဲစဉ်တွင် MIU အသင်းက ၁၄/၁၅ အသင်းကို ခြေစွမ်းအသာ ဖြင့် ဖိအားပေး ကစားပြီး ၁၁-၀ ဂိုးဖြင့် အနိုင်ရရှိသည်။

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာရှသက်ငယ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ မြန်မာဝင်ပြိုင်မည်

ဂျပန်တွင် ကျင်းပမည့်  အာရှသက်ငယ်တန်း စားပွဲတင် တင်းနစ်ပြိုင်ပွဲသို့ မြန်မာတင်းနစ် အဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း အဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။  အဆိုပါ အာရှသက်ငယ် တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲကို  သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ကျင်းပမည်ဖြစ်ပြီး အသက် (၁၅) နှစ်အောက် အမျိုးသား၊ အ မျိုးသမီး တစ်ဦးချင်းနှင့် အဖွဲ့ လိုက်ပြိုင်ပွဲတို့၌ မြန်မာကစားသ မားများ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကွန်ပနီ မန်စီးတီးမှ ထွက်ခွာပြီး အန်ဒါလက်ခ်ျတွင် ကစားသမားနှင့်နည်းပြနေရာရယူမည်

 အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီသည် မန်စီးတီးမှ ထွက်ခွာပြီး အသင်းဟောင်း အန် ဒါလက်ခ်ျတွင် ကစားသမားနှင့် နည်းပြနေရာရယူမည်ဖြစ်သည်။ အသက် (၃၃) နှစ်အရွယ် နောက်ခံလူသည် ၂၀၀၃ နှင့် ၂၀၀၆ ကြား ၇၃ပွဲပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူသော ဘယ်လ်ဂျီယံ ကလပ်နှင့် သုံးနှစ်စာချုပ် ချုပ်ဆို ထားသည်။ တနင်္ဂနွေနေ့ စောစောပိုင်း ကဝက်ဖို့ဒ်ကို ၆-၀ ဂိုးဖြင့်နိုင်သည့် အက်ဖ်အေဖလားဗိုလ်လုပွဲသည် မန်စီးတီး၌ ၎င်း၏နောက်ဆုံးပွဲဖြစ် သည်ဟု ကွန်ပနီကပြောကြား သည်။ ၎င်းသည် မန်စီးတီးနှင့်အ တူ ၁၁ နှစ်အတွင်းပရီးမီးယားလိဂ်ဖလားလေးလုံး၊ အက်ဖ်အေဖလား နှစ်လုံးနှင့် လိဂ်ဖလားလေးလုံး ရရှိခဲ့သည်။

ချန်ပီယံလိဂ်ဖလားထက် ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးရန် ပိုမိုခက်ခဲဟု ဂွာဒီယိုလာ ဆို

ဝက်ဖို့ဒ်ကို ဂိုးဒါဇင်ဝက် ဖြင့် အပြတ်အသတ်အနိုင်ယူကာ အက်ဖ်အေဖလား ရရှိပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချန်ပီယံလိဂ်ဖလားထက် ပြည် တွင်းဖလားသုံးလုံးရရန် ပိုမိုခက်ခဲသည်ဟု ပြောကြားသည်။ အက်ဖ်အေဖလား ဆွတ်ခူးပြီးနောက် မန်စီးတီးသည် တစ်ရာသီတည်း အင်္ဂလန်၏ အဓိက ဖလားသုံးလုံးရရှိသော ပထမဆုံးဘောလုံးကလပ် ဖြစ်လာသည်။ တစ်ရာသီတည်းတွင် ပြိုင်ပွဲအရပ်ရပ် ပွဲ ၅၀ အနိုင်ရသော ပထမဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် လည်း မှတ်တမ်းဝင်ခဲ့သည်။

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ မြန်မာ ပထမရရှိ ရွှေကိုးခု အပါအ၀င် စုစုပေါင်း ဆုတံဆိပ် ၂၇ ခု ဆွတ်ခူး

 မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပသည့် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ ခိုင်မှုပြိုင်ပွဲတွင် မြန်မာက ရွှေကိုးခုအပါအ၀င် ငွေ ၁၀ ခု၊ ကြေးရှစ်ခု ဆုတံဆိပ်စုစုပေါင်း ၂၇ ခု ဆွတ်ခူးပြီး နိုင်ငံအလိုက် အဆင့်ရပ် တည်မှု၌ ပထမရရှိခဲ့သည်။ (၁၆) ကြိမ်မြောက် South East Asia Bodybuilding and Physique Sports Championships ပြိုင်ပွဲကို မေလ ၁၈ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ မင်းဓမ္မ လမ်းရှိ MCC ခန်းမ၌ ကျင်းပခဲ့သည်။

အသက်ရှင်လျက် မြေမြှုပ်ခံရတဲ့ မွေးကင်းစကလေးကို ကယ်တဲ့ခွေးလေး

ထိုင်းနိုင်ငံမြောက်ပိုင်းက ရွာတစ်ရွာမှာ ဆယ်ကျော်သက် မိခင်က အရှင်လတ်လတ်မြေမြှုပ်ခဲ့တယ်ဆိုတဲ့ မွေးကင်းစကလေးကို ခွေးတစ်ကောင်က ကယ်တင်လိုက်ပါတယ်။ ကယ်တင်ခံခဲ့ရတဲ့ကလေးဟာ ယောက်ျားလေး ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ် သူ့အမေက သူကိုယ်ဝန်ရခဲ့တာကို မိဘတွေ မသိစေချင်လို့ အခုလို စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။ ပင်ပေါင်ဆိုတဲ့ ခွေးလေးက လယ်ကွင်းထဲမှာ လှည့်ပတ်ပြီး ဟောင်လိုက် မြေကြီးတွေ တူးလိုက် လုပ်နေခဲ့တာပါ။ နောက်တော့ ကလေးရဲ့ ခြေထောက်လေးတစ်ဖက် မြေကြီးထဲက ထွက်နေတာကို သူ့သခင်က သတိထား မိခဲ့ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၄/၀နှင့် ၁၄၄/၁)ကြား၌ မေ ၁၈ ရက် နံနက်ပိုင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ ရန်ကုန်မှ မောင်းနှင်လာသော Corolla Ractis ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်မှောက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းအား  ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းက အရေးယူထားကြောင်း သိရသည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုတွင် နေအိမ်များ အပျက်အစီးဖြစ်ပေါ်

မေ ၁၈ ရက်က လေပြင်းတိုက်ခိုက်မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုတွင် နေအိမ်များ အပျက်အစီးဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ေ လပြင်းတိုက်ခတ် မှုကြောင့် မေ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း နေအိမ် ၉ လုံး၊ မကွေးတိုင်းဒေသကြီး၌ နေအိမ် ၉ လုံး၊ မန္တလေးတိုင်းဒေသကြီး၌ နေအိမ် ၂၄ လုံး၊ ရှမ်းပြည်နယ်၌ နေအိမ် ၅လုံး၊ ဧရာဝတီတိုင်းဒေသကြီး၌ နေအိမ် အလုံး ၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ရှောင်တွေကို ကူညီဖို့ ရခိုင်ပြည် မြို့နယ် ၄ ခုမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုမယ်

ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ဘေးရှောင်တွေကို ကူညီဖို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့ မြို့နယ် ၄ ခုမှာ ဒီကနေ့ နေ့လယ် ၁ နာရီ မှာ တပြိုင်တည်း ဆန္ဒပြ တောင်းဆိုသွားမယ်လို့ လူမှုကူညီပေးသူတွေက ပြောပါတယ်။

ရခိုင်စစ်ရှောင်များ မိုးလေပြင်းထန်လို့ ဒုက္ခပိုဆိုး

ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံ စစ်ရှောင်ဦးရေ လေးသောင်း တထောင်ကျော် အထိ ရှိသွားပြီ်ဖြစ်ပြီး သူတို့အတွက် အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ် ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်း ရာသီဥတုဆိုးဝါး မိုးလေပြင်းထန်လို့ လေပြင်းတိုက်ခတ်မှုအပြင် မိုးများလည်း ရွာသွန်းမှုကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရသူတွေ ယာယီကယ်ဆယ်ရေးစခန်းတွေထဲက အဖြစ်တည်ဆောက်ထားရတဲ့ တဲလေးတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်များ နေထိုင်စားသောက်ရေးအတွက် ဒုက္ခအကြီးအကျယ်ရောက်နေကြရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။

စစ်ရပ်စဲဖို့ ရခိုင်လူထုဆန္ဒပြ

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်စဲဖို့စစ်တွေမြို့အပါဝင်(၄)မြို့နယ်မှာ သံဃာတော်တွေနဲ့ ရခိုင် အမျိုးသားတွေပါဝင်တဲ့ လူထုဆန္ဒဖေါ်ထုတ်ပွဲတရပ်ကို စစ်တွေမြို့ ၀င်္ကဘာကွင်းမှာ ဆန္ဒဖေါ် ထုတ်ခဲ့ပါတယ်။ရခိုင်ဒေသမှာ စစ်ဖြစ်ပွါးနေမှုကို ရပ်စဲပေးဖို့နဲ့ စစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးအဓိက ရည်ရွယ် တောင်းဆိုခဲ့တယ်လို့ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူတွေကပြောပါတယ်။ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မလေးရှားမှာ မော်တော်ကားမှောက်လို့ တရားမဝင် ဝင်ရောက်မယ့် မြန်မာ ၁၅ ဦးအနက် ၃ ဦးသေဆုံး

 စမန်းကောမြို့ အနီးမှာ ကားတိမ်းမှောက် (ဓါတ်ပုံ -မလေးရှားလူမူ့ ကယ်ဆယ်ရေး )မလေးရှားနိုင်ငံ Perak ပြည်နယ် Kerian ခရိုင် စမန်းကောမြို့ အနီးမှာ မေလ ၁၉ ရက်နေ့ စနေနေ့က မြန်မာနိုင်ငံသား ၁၅ ယောက်ကို လူကုန်ကူးဖို့ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့လို့ (၃) ယောက် သေဆုံးပြီး၊ (၁၂) ယောက် ဒဏ်ရာရသွားပါတယ် ။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။ မလေရှားနိုင်ငံ ပီရပ် ပြည်နယ် ၊ စမန်းကောမြို့ အနီး အဝေးပြေး အမြန် လမ်းမပေါ်မှာ တရားမ၀င် မြန်မာနိုင်ငံသား (၁၅) ဦးတင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့တာပါ။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ကူညီမည်

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာက အကူအညီပေးတဲ့နေရာမှာ သတိထားစိစစ်စေလိုတယ်လို့ ဒါဇင်နဲ့ချီတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေကြပေမဲ့လည်း ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်း (၁၀၀) ဖွံဖြိုးရေး အထောက်အကူပေးမယ့် အစီအစဉ် အသေးစိတ် ကို ပြီးခဲ့တဲ့ သတင်းပတ်က ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေ ရခိုင်ပြည်နယ်တွင်း ထိရောက်မှုရှိစေရေး မြန်မာအစိုးရနဲ့ စစ်တပ်အပေါ်မှာ မူတည်နေကြောင်း အကဲခပ်တွေနဲ့ လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

Sunday, May 19, 2019

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကိုလွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်းဖမ်းဆီး၍ ဥပဒေအရအရေးယူ

Image may contain: 1 person, standingမန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကို တရားမ၀င်လွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်း ဖမ်းဆီး စစ်ဆေးခဲ့ပြီး ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ မေ ၁၈ ရက်နေ့ ည ၉နာရီအချိန်ခန့်တွင် အမှတ်၈မြို့မရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထင်လင်းကျော် ဦးဆောင် သော သက်သေများ နှင့်အဖွဲ့သည် နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် အထူး စုံစမ်းဆောင်ရွက်နေစဉ် ၇၃×၃၀ လမ်းထောင့် တွင် အမျိုးသားတဦးမှာ ငှက်ကြီးတောင် ဓါးရှည်တချောင်းကို တရားမ၀င်လွယ်ဆောင်ကာ ဆိုင်ကယ်ဖြင့် သွားလာနေသည်ကို တွေ့ရှိခဲ့သဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။

သတင်းသမားတွေကို ပုပ်ရဟန်းမင်း ချီးကျူးဂုဏ်ပြု

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းရယူရင်း သေဆုံးသွားရတဲ့ သတင်းသမားတွေကို ချီးကျူးဂုဏ်ပြုလိုက်ပြီး သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတစ်ခုရဲ့ကျန်းမာသန်စွမ်းမှုပြဆိုတဲ့ အဓိကအကျဆုံး ညွှန်းကိန်းဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။

Yangon Night Market အသစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည်

Image may contain: sky and outdoorရန်ကုန်ကမ်းနားညဈေးတန်းကို ပြန်လည်အဆင့်မြှင့်တင် အကောင်အထည်ဖော်ပြီး ကျပ်နှစ်ဘီလီယံကျော် သုံးစွဲအကောင်အထည်ဖော်ထားသည့် Yangon Night Market ကို စက်တင်ဘာလတွင် စတင်ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း သိရသည်။ ညဈေးတန်းပြန်လည်အဆင့်မြှင့်တင်မှုကို A25 Myanmar Development ကုမ္ပဏီက ကျပ်နှစ်ဘီလီယံကျော် အသုံးပြုကာ အကောင်အထည်ဖော်မည်ဖြစ်ပြီး PPP (Public Private Partne-rship) စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် ကမ်းနားလမ်း၌ကားပါကင်ဖော်ဆောင်ရေးအတွက် မြေနေရာအနေအထားကို သွားရောက်ကြည့်ရှု ခဲ့ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ကူညီမည့်ကိစ္စကို အကူအညီပေးရေးအဖွဲ့များနှင့် လူအခွင့်အရေးအဖွဲ့များက ဝေဖန်

ပဋိပက္ခများ နှိပ်စက်ခဲ့သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကူညီမည့် ကမ္ဘာ့ဘဏ်၏ အစီအစဉ်သည် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင် သည်ဟု အကူအညီပေးရေးအဖွဲ့များနှင့် လူ့ အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့်သီတင်းပတ်က ကမ္ဘာ့ဘဏ်သည် “အလုပ်အတွက် ငွေ” ဟူသည့် အစီအစဉ်အတွက် ရန်ပုံငွေထောက်ပံ့ရန် ပထမဆုံး အဆိုပြုချက်အသေးစိတ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသတစ်ခု၌ လုပ်ငန်းငယ်များကို အစိုးရမှတစ်ဆင့် ထောက်ပံ့သွားရန် ပါဝင်သည်။

မန္တလေးမြို့ရှိ နေအိမ်တစ်ခုတွင် လူတစ်ဦးက အနုကြမ်းဝင်းစီးသူကို ရဲတပ်ဖွဲ့က ၂၄နာရီအတွင်း ဖမ်းဆီးရမိ

Image may contain: 1 personမန္တလေး အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မေ(၁၈) ရက် နံနက်(၉)နာရီခွဲခန့်က အမည်မသိအမျိုးသားတစ်ဦးက နေအိမ်အိပ်ခန်းအတွင်းဝင်ရောက်ကာ အနုကြမ်းစီးမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ပြစ်မှုကျုးလွန်သူတရားခံကို ၂၄နာရီအတွင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်အမှတ်(၄၄)နေ ဒေါ်ခင်သန်းမြင့်သည် နေအိမ်အိပ်ခန်းအတွင်း ကုတင်ပေါ်တွင် ဖုန်းဖြင့် Face bookအား ကြည့်ရူနေစဉ် အိပ်ခန်းအတွင်းသို့ အမည်မသိအမျိုးသား(၁)ဦးသည် မျက်နှာတွင် အဝတ်မဲအုပ်၍ ဝင်ရောက်လာပြီး ဒေါ်ခင်သန်းမြင့်၏ ပါးစပ်အားပိတ်ကာမကြောက်ရန်ပြောဆိုပြီး နောင်ကျောအား အရှည်(၄) လကကက်မခန့်ရှိချွန်ထက်သော အရာဝတ္ထုအားပြ၍ ငွေလိုချင်ကြောင်းပြောဆိုခဲ့သည်။

တိုင်းပြည်မတိုးတက်ခြင်းသည် ဖွဲ့စည်းပုံကြောင့်မဟုတ် လူနှင့်သာသက်ဆိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော

တိုင်းပြည်မတိုးတက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်မဟုတ်ဘဲ လူနှင့်သာသက်ဆိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မေ ၁၇ ရက်တွင် ပြောဆိုသည်။ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီ ခရိုင်ရုံး ရွှေသီဟခန်းမ၌ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မိုးညို၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင် ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်များရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် မေ ၁၇ ရက် ညနေ ၃ နာရီတွင် တွေ့ဆုံ စဉ် အမှာစကားပြောရာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံ၌ တရားမဝင် တောချက်အရက်ရောင်းသူကို ယစ်မျိုးဥပဒေဖြင့် အမှုဖွင့်

Image may contain: drinkရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် မေလ ၁၆ ရက်၊ ညပိုင်းက တရားမဝင် တောချက်အရက်ရောင်းသူ အမျိုးသားတစ်ဦးကို ယစ်မျိုးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။ ကျိုင်းတုံခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲမှ ရဲအုပ် ကျော်ဆန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သိန်းလှိုင်၊ စခန်းမှူး ဒုရဲမှူး ကျော်ဆန်းဦး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မေလ ၁၆ ရက်၊ ညနေ ၄ နာရီခန့်က တရားမဝင် ဒေသချက်အရက်များ ရောင်းချနေကြောင်း သတင်းအရ

အိမ်သုံးမီတာ တယူနစ် ၃၅ ကျပ်သာပေး၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေမှုများရှိနေ၊ လျှပ်စစ်မီး တရားမဝင်သုံးစွဲနေမှုများကို စိစစ်ဖော်ထုတ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်များ ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လုပ်ငန်းသုံးမီတာတယူနစ် ၇၅ ကျပ်မပေးဘဲ အိမ်သုံးမီတာတယူနစ် ၃၅ ကျပ်သာပေး၍ စီးပွားရေးလုပ်ကိုင်မှုများရှိနေပြီး အဖီအစွယ်ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်နှင့် ဆိုင်ခန်းများတွင် လျှပ်စစ်မီးကိုတရားမဝင်လိုင်းချိတ်သုံးစွဲနေမှုများရှိနေသဖြင့် စိစစ်ဖော်ထုတ်သင့်ကြောင်း တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

တတိယ အဖွဲ့အစည်းဖြစ်သော E-Guard က တီကျစ်ကျောက်မီးသွေးစက်ရုံ EIA အစီရင်ခံစာစစ်တမ်း အောင်မြင်စွာ ပြီးဆုံးကြောင်း ထုတ်ပြန်ချက်ကို MATA အဖွဲ့ ငြင်းဆိုခဲ့

တတိယ အဖွဲ့အစည်းဖြစ်သော E-Guard မှတီကျစ်ကျောက်မီးသွေးစက်ရုံ EIA အစီရင်ခံစာစစ်တမ်း အောင်မြင်စွာ ပြီးဆုံးကြောင်း ထုတ်ပြန်ချက်ကို MATA အဖွဲ့မှ ငြင်းဆိုလိုက်ကြောင်း ဦးအောင်ကျော်မိုးက အတည်ပြု ပြောကြားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု တီကျစ်ဒေသ ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ လူထုတွေ့ဆုံပွဲ Public Consultation ကို တီကျစ်ကျေးရွာအုပ်စု တောင်ပို့ကြီးကျောင်းတိုက်တွင် မေ ၇ ရက်တွင် တတိယ အဖွဲ့အစည်းဖြစ်သည့် E-Guard အဖွဲ့မှ ပြုလုပ်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့်

""ငါပြန်လာမယ် ''မင်းသားကြီး အာဖရိက နိုင်ငံ အားကစားပွဲတော်မှာ တိုက်ခိုက်ခံရ

အမေရိကန် ရုပ်ရှင်မင်းသားကြီး အာနိုး Arnold Schwarzenegger ကို ဆယ်ဖီရုပ်သံ ရိုက်နေတဲ့ အချိန် နောက်က အမျိုးသားတစ်ဦးက ခြေထောက်နဲ့  ခုန်ကန်ခဲ့တာဖြစ်ပါတယ် မင်းသားကြီးရဲ့  ကိုယ်ရံတော် တစ်ဦးက အဆိုပါ တိုက်ခိုက်လာသူအမျိုးသားကို နောက်ကနေ လည်မျိုညစ်ပြီး ဖမ်းချုပ်လိုက်တာကိုလည်း ရုပ်သံမှာမြင်တွေ့ ရပါတယ်။ အသက် (၇၁) နှစ် အရွယ်မင်းသားကြီးကတော့  သူ့ ရဲ့  တွစ်တာ အကော င့်မှာ ဒါဟာ ဘာမှ စိုးရိမ်စရာမရှိပါဘူး ကျွန်တော် ဘာမှမဖြစ်ပါလို့  ရေးသားထားတာတွေ့ ရပါတယ်။ မင်းသားကြီးကို ခုလိုတိုက်ခိုက်ခဲ့တာဟာ ဘာရည်ရွယ်ချက်ကြောင့်ဆိုတာ မသိရသေး ပါဘူး မင်းသားကြီး အာနိုးဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကို တိုက်ခိုက် ဝေဖန်နေသူတွေမှာ သူလည်း ပါပါတယ်။

ရှမ်းရိုးမ - ၂ စစ်ဆင်ရေး ဆောင်ရွက်ချက်အရ တာချီလိတ်မှာ ဘိန်းဖြူတွေဖမ်းမိ

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး စီမံချက် - ‘ရှမ်းရိုးမ - ၂’ စီမံချက် ဆောင်ရွက်ရာမှာ ရရှိလာတဲ့ သတင်းအရ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းက နေအိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးရာမှာ ဘိန်းဖြူ ၄၄၀ ဂရမ်ခန့်ကို မေလ ၁၈ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင် ရရှိ

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းတချို့ ဦးဆောင်ပါဝင်သည့် အမျိုး သားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (Democratic Party of National Politics – DNP) သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့်ကို မေ ၁၇ ရက် တွင် ရရှိခဲ့သည်။ေ နပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ သူရိယလမ်းနှင့် မြတ်လေးရုံလမ်းထောင့် အမှတ် (ဒ/၃၂၂၀၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ပါတီမှတ်ပုံတင် အမှတ်မှာ ၁၁၄ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ပရိယတ္တိပညာရည်ချွန်ဆုနှင်း ပူဇော်ပွဲ ကျင်းပ

Image may contain: 1 person, indoorမန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ အဝေရာရာမရန်ကင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္ဓ အဇောတိကဓဇ အဂ္ဂမဟာဂန္ဓထဝါစကပဏ္ဍိတ ဘဒ္ဒန္တသြဒါတသိရီဘိဝံသ၏ သြဝါဒကို ခံယူလျက် ပရိယတ္တိပညာရည်ချွန်ဆုနှင်းပူဇော်ပွဲကို မေ ၁၉ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ရှစ်မိုင် မစိုးရိမ်ရွှေကျင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့စဉ်။

မမျှော်လင့်ပဲ ဆုံးပါးသွားခဲ့တဲ့ Make Up Artist တစ်ဦးကြောင့် ယူကျုံးမရဖြစ်ခဲ့ကြတဲ့ သင်ဇာဝင့်ကျော်နဲ့ နေခြည်ဦး

Make Up Artist တစ်ဦးဖြစ်တဲ့ စည်သူဟိန်း (Asi) တစ်ယောက် ဒီကနေ့မှာပဲ တီးဘီပိုးဟာဦးနှောက်ထဲ ထိ ရောက်သွားတာမို့ အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ Make Up Artist တစ်ဦးဖြစ်ပြီး သူ့ရဲ့ Make Up လက်ရာတိုင်းဟာလည်း အတော်လေးလှပသေသပ်လွန်းပါတယ်။ ဒီလို တော်တဲ့ သူတွေ လောကကြီးထဲက ခပ်စောစောထွက်သွားတာလည်း တကယ်ကိုနှမြောစရာပါပဲ။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ရထားနှစ်စီးတိုက်မိမှုဖြစ်ပွား ၊ လူ ၃၄ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အမှတ် ၂ ရထားလမ်း တွင် မေ ၁၈ ရက် ညပိုင်းက ရထားနှစ်စင်း တိုက်မိမှု ဖြစ်ပွားရာ လက်ရှိအချိန်ထိ ဒဏ်ရာရသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ေ မ ၁၈ ရက် ဒေသစံတော်ချိန် ၂၁ နာရီခန့်က အနောက်အရပ်မှ အရှေ့အရပ်သို့ မောင်းနှင်နေသည့် ရထားတစ်စီးသည် အခြားရပ်နားထားသော ရထားတစ်စီးနှင့်တိုက်မိမှုဖြစ်ပွားရာ ရထားတွဲ ပေါ်လိုက်ပါလာသည့် ခရီးသည်များ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာများ၏ သတင်းများအရ သိရသည်။

ABSDF ဗဟိုကော်မတီဝင်တစ်ဦး ဘောလုံးကစားနေစဉ် ရုတ်တရက် ကွယ်လွန်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီ ဝင် ဦးကျော်ကိုကိုသည် ဘောလုံးကစားနေစဉ် နှလုံးရောဂါကြောင့် ရုတ်တရက်ကွယ်လွန်ကြောင်း ၎င်း၏ဘောလုံးကစားဖော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဦးဘိုကြည်က ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေလ ၁၇ ရက် ညတွင် ဘောလုံး ကစားစဉ် ရုတ်တရက် လဲကျသ ဖြင့် ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပြီး အရေးပေါ်ကားခေါ်ယူ၍ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံတွင် စက်ဖြင့် ဆက်လက် ကုသသော်လည်း မေလ ၁၇ ရက် ည ၈ နာရီ ၁၀ မိနစ်၌ သေဆုံးကြောင်း ဆရာဝန်က အတည်ပြုခဲ့သည်ဟု ၎င်းက ဆက် လက်ပြောသည်။

ပလက်ဝ-မီဇိုရမ်လမ်းဝန်ထမ်းများကို မက်လုံးပေး တာဝန်ချထား

ရခိုင်ပြည်နယ်ရှိ အန္တရာယ်များသော ပလက်ဝ-မီဇိုရမ်လမ်းစီမံကိန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လမ်းတ ည်ဆောက်ရေးဝန်ထမ်းများအား မက်လုံးပေးကာ တာဝန်ဆက်လက်ချထားနေရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။ ''သူတို့အတွက် Incentive(မက်လုံး) ပေးထားတာကတော့ ဒီစီမံကိန်း သတ်မှတ်အချိန်ပြီးသွားတယ်ဆိုရင် သူတို့လိုချင်တဲ့နေ ရာကို ပြောင်းပေးမယ်ဆိုပြီး Incentive ပေးထားတဲ့အတွက် သူတို့ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်''ဟု မေ၁၇ရက် အစိုးရ၏တတိယတစ်နှစ်အတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားသည်။

ရခိုင်​စစ်​ရေးပြဿနာများအား ဖြေရှင်းဆောင်​ရွက်​ပေးရန်​ မြို့နယ်​လေးမြို့နယ်​တွင်​ဆန္ဒပြ

Image may contain: 1 person, crowd and outdoorခိုင်​ပြည်​နယ်​အတွင်းလက်​ရှိဖြစ်​ပွားလျက်​ရှိနေသည့်​ တိုက်​ပွဲများအား ရပ်​စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်​ကြရန်​နှင့်​ စစ်​ဘေးရှောင်​ဒုက္ခသည်​များအရေးကို အစိုးရက တာဝန်​ယူဖြေရှင်းပေးရန်​ မေလ ၁၉ ရက်​နေ့ နေ့လည်​ ၁ နာမှစတင်​ကာ မြို့နယ်​တချို့တွင်​ ဆန္ဒပြတောင်းဆိုခဲ့ကြသည်​။ အဆိုပါဆန္ဒပြတောင်းဆိုမှုကို စစ်​တွေ၊ မောင်​တော၊ ပုဏ္ဏကျွန်း၊ ပေါက်​တောမြို့နယ်​မှားတွင်​ ပြုလုပ်​ခဲ့ကြပြီး အရပ်​ဖက်​အဖွဲ့အစွဲ့အစည်းများနှင့်​ သံဃာတော်​များပူးပေါင်းပါဝင်​ခဲကြပြီး တောင်းဆိုမှုများပြုလုပ်​ခဲ့ကြသည်​။

နည်းလမ်းသစ်ဖြင့် NCA ကို အကောင်အထည်ဖော်မည်ဟု KNU ထုတ်ပြန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှနေ၍ နုတ်ထွက်စာတင်ထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် နည်းလမ်းအသစ်ဖြင့် ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့သည့် PPST ထိပ်သီးညီလာခံတွင် KNU ၏ နည်းလမ်းအသစ်ဖြစ်သည့် PPCM ကို တင်ပြခဲ့အပြီး မေ ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်မြို့က သစ်ပင်စိုက်ပါ လူထုလှုပ်ရှားမှု

Image may contain: one or more people and people sittingသစ်ပင်စိုက်ပါ သတင်းစကားပါးခြင်း (Sticker camping) နှင့် လက်ကမ်းစာစောင်များ ဝေငှခြင်း လူထုလှုပ်ရှားမှု တရပ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အစိမ်းရောင် မျိုးဆက်မှ ဦးဆောင်၍ ပြည်မြို့ပေါ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆံဆက်ရေး ဦးစီးဌာန နှင့် အရပ်ဖက်အဖွဲ့ အစည်းများစုပေါင်း၍ ပြည်မြို့ ရွှေဆံတော်ဘုရားအနီး မီးပွိုင်တွင် ယနေ့ နံနက်ပိုင်းက စုပေါင်းပြုလုပ်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြောင်းနှင့်လေကြောင်း လူငယ် မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

Image may contain: one or more people, crowd and indoorImage may contain: 1 person, outdoor and indoorတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သော ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအား ဂုဏ်ပြုတွေ့ ဆုံပွဲ အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားတဲ့စေတီကို ပြန်လည်ပြုပြင်သွားမယ့် လွင်မိုး

Image may contain: 1 person, closeupလေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်က မြို့ဦးစေကို သရုပ်ဆောင်လွင်မိုးက ပြန်လည်ပြုပြင်သွားပါမယ်တဲ့။ သရုပ်ဆောင်လွင်မိုးက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက မြို့ဦးစေတီကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဒီစေတီဟာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တာကို တွေ့ရပါတယ်။ 2006..ခုနှစ်မှာထီးတင်ခဲ့ပြီး 2016ခုနှစ်မှာပြန်လည်မွန်းမံခဲ့တဲ့ မြောက်ဦးမြို့ကမြို့ဦးခေါင်းစေတီ လေပြင်းတိုက်၍ အမိုးပြိုပျက် အမြန်ဆုံးပြုပြင်ရန်စီစဉ်ဆောင်ရွက်နေပါသည်

အယ်လ်ဂျီးရီးယား ဆန္ဒပြသူများ ရဲအရာရှိတဦးကို ကားပေါ်မှတွန်းချ

အယ်လ်ဂျီးရီးယား နိုင်ငံအတွင်း aထာင်သောင်းချီနေတဲ့ ဆန္ဒပြသူတွေက သူတို့ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ ဖြန်းနေတဲ့ ရဲအရာရှိတယောက်ကို မေ ၁၇ ရက်က ကားပေါ်ကနေ တွန်းချခဲ့ပါတယ်။ အစိုးရ ဖယ်ရှားရေး တောင်းဆိုနေတဲ့ ၁၃ ကြိမ်မြောက် ဆန္ဒပြပွဲမှာ ခုလိုဖြစ်တာပါ။ သမ္မတ အဗ်ဒယ်လာဇစ် ဘူတီဖလီကာဟာ နှစ် ၂၀ အုပ်ချုပ်အပြီး အရင်လက ပြည်သူနဲ့ စစ်တပ်ရဲ့ ဖိအားကြောင့် ရာထူးကနေ ဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေ လုပ်ဖို့နဲ့ အစောင့်တပ်ဟောင်းတွေ ကြီးစိုးနေတဲ့ အရာရှိ အားလုံးကို ဖယ်ရှားဖို့ ဆန္ဒပြသူတွေက ဆက်ပြီး တောင်းဆိုဆန္ဒပြနေပါတယ်။

အီတာလျံအိုးပန်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် နဒါး တွေ့ဆုံ

မနေ့က အီတလီနိုင်ငံ Rome မှာ ယှဉ်ပြိုင်သွားတဲ့ အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နာမည်ကြီး ရာဖယ် နဒါးက ဂရိက စတက်ဖီနိုစ် ဆီဆီပတ်စ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြေစေးကွင်းဘုရင် နဒါးက ပထမပွဲကို ၆ – ၃၊ ဒုတိယပွဲကို ၆ – ၄နဲ့ အနိုင်ရတာပါ။ ပြီးခဲ့တဲ့တပတ် မက်ဒရစ်အိုးပန်းမှာတုန်းက စတက်ဖီနိုစ် ဆီဆီပတ်စ်ကို ရှုံးထားတဲ့ ရှုံးကြွေးကို ဒီပွဲမှာ ပြန်ဆပ်နိုင်ခဲ့ပါတယ်။

လာမည့် ကွန်မြူနတီဒိုင်း ပွဲစဉ်တွင် မန်စီးတီးနှင့် လီဗာပူး တွေ့ဆုံ

လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီအစ ကွန်မြူနတီဒိုင်း ဘောလုံးပြိုင်ပွဲမှာ မန်ချက်စတာစီးတီးနဲ့ လီဗာပူး တို့ ယှဉ်ပြိုင်ရမှာပါ။ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ပုံမှန်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ ကစားရတာပါ။ ဒါပေမယ့် ဒီနှစ်ရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေမှာ ချန်ပီယံ ဖြစ်ထားတဲ့အတွက် ပရီးမီးယားလိဂ်မှာ ဒုတိယရတဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ရက်အတိအကျ မသတ်မှတ်ရသေးပေမယ့် လာမယ့် သြဂုတ် ၃ ရက်နဲ့ ၄ ရက်တွေ့မှာ ဖြစ်ဖို့ များပါတယ်။ မန်စီးတီးဟာ ၂၀၁၈ ကွန်မြူနတီဒိုင်း ပွဲစဉ်တုန်းက ချဲလ်ဆီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။

နွားများကို နမ်းပြီး Challenge မလုပ်ရန် သြစတြေးလျအစိုးရ ကြေညာချက်ထုတ်

သြစတြေးလျနိုင်ငံမှာ လက်ရှိခေတ်စားနေတဲ့ နွားတွေကိုနမ်းပြီး ဓာတ်ပုံတွေကို အင်တာနက်ပေါ်တင်တဲ့ challenge ကို ဆက်မလုပ်ကြဖို့ သြစတြေးလျတာဝန်ရှိသူတွေက မကြာသေးခင်က သတိပေးလိုက်တယ်လို့ Fox News သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ တိရစ္ဆာန်တွေအတွက်ကော၊ သူတို့ကိုနမ်းဖို့ကြိုးစားတဲ့ လူတွေအတွက်ကော အရမ်းကို အန္တရာယ်များတဲ့ လုပ်ရပ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုထူးထူးဆန်းဆန်း challenge ကို ဆွစ်ဇာလန် app တခုဖြစ်တဲ့ Castl က စတင်လိုက်တာဖြစ်ပြီး နွားတွေကို နမ်းတဲ့ပုံတွေတင်ရင်း ပရဟိရလုပ်ငန်းတွေအတွက် ရန်ပုံငွေရရှိဖို့ ရည်ရွယ်ပါတယ်။

ကျောင်းသုံးပစ္စည်း​များ ပြန်​လည်​လှူဒါန်းရန် ​ “ပိုဝယ်​ခဲ့ပါ” လှုပ်​ရှားမှု ပြုလုပ်

ကျောင်းဖွင့်ချိန်​အမီ မတတ်​နိုင်​တဲ့ က​လေးသူငယ်​​တွေ၊ ဘက​ကျောင်း​တွေကို ​ကျောင်းသုံးပစ္စည်း​တွေ ပြန်​လည်​လှူဒါန်းဖို့အတွက်​ ပိုဝယ်​ခဲ့ပါ ဆိုတဲ့ လှုပ်​ရှားမှုတခုကို ပရဟိတလူငယ်​​တွေက ရန်​ကုန်​မှာ ပြုလုပ်​​နေပါတယ်​။ လူစည်​ကားရာ စီးတီးမတ်​ အိုးရှင်း စတဲ့ ​ဈေးဝယ်​ကုန်​တိုက်​ကြီး​တွေမှာ ပိုဝယ်​ခဲ့ပါ အလှူခံပုံး​တွေကို ထား​ပေးထားပြီး ​ဈေးဝယ်​သူ​တွေက စာအုပ်​၊ ကွန်​ပါ​ဘူး စတဲ့ ​ကျောင်းသုံးပစ္စည်း​တွေကို ဝယ်​ယူတဲ့အခါ ပိုဝယ်​လာပြီး ပြန်​လည်​မျှ​ဝေပေးတဲ့ အစီအစဉ်​ဖြစ်​ပါတယ်​။

သြစတြေးလျဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်ရ

သြစတြေးလျ ဝန်ကြီးချုပ် စကော့တ်မော့ရစ်ဆန်ဟာ ရွေးကောက်ပွဲ အနိုင်ရပြီဖြစ်ကြောင်း မေလ ၁၈ ရက်က အခိုင်အမာ ပြောလိုက်ပါတယ်။ အစောပိုင်းက လစ်ဘရယ်ဝါဒီတွေ ဦးဆောင်တဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေကို ရှုံးမယ်လို့ ဟောကိန်းထုတ်ထားပေမယ့် မထင်မှတ်ဘဲ အနိုင်ရခဲ့တာပါ။ စနေနေ့က ရေတွက်ပြီးစီးတဲ့ မဲတွေရဲ့ တဝက်ကျော်ကို ရထားလို့ လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရဟာ အာဏာဆက်ရှိ နေမှာပါ။

မိခင်ဝမ်းဗိုက်ထဲက ကလေးငယ်ကျောရိုးကို ပြွန်အသုံးပြု ခွဲစိတ်

ဗြိတိန်နိုင်ငံမှာ  မိခင်ဝမ်းထဲက ကလေးငယ်ကျောရိုးကို ပြွန်အသုံးပြုပြီး  ဆရာဝန်တွေက ပထမဆုံးအကြိမ် ခွဲစိတ်ခဲ့ပါတယ်။ အမျိုးသမီး ရှယ်ရီရှာ့ပ်ဟာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၇ ပတ်နဲ့ ခွဲစိတ်မှု ခံယူခဲ့တာပါ။ သူ့ကလေးမှာ စပိုင်နာဘစ်ဖစ်တာဒါ (Spina bifida) လို့ခ်ါတဲ့ ကျောရိုးမ ကောင်းကောင်း မဖွံ့ဖြိုးတဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုး ရှိပါတယ်။

နာမည်ကျော် “Game of Thrones” ဇာတ်လမ်းတွဲအထိမ်းအမှတ် ခွက်ကိတ်မုန့်များ ရောင်းချ

နာမည်ကျော် “Game of Thrones” ရုပ်သံ ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်း မထွက်ခင် နယူးယောက်မြို့မှာ အဲဒီဇာတ်လမ်းတွဲ အထိမ်းအမှတ် ခွက်ကိတ်မုန့်တွေ ရောင်းချနေပါတယ်။ Sprinkles ဆိုတဲ့ မုန့်တိုက်မှာတော့ ဘလူးဘယ်ရီ buttercream နဲ့ လီမွန်ခွက်ကိတ်မုန့် တွေဟာ စင်ပေါ်ကို  တင်တာနဲ့ ရောင်းကုန်နေပါတယ်။ မုန့်တိုက်အများစုမှာ ခွက်ကိတ်မုန့်တခုကို အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၅ နဲ့ ရောင်းချနေပြီး ဖောက်သည်တွေဟာလည်း ၀ယ်ယူဖို့တန်းစီ စောင့်ဆိုင်းနေပါတယ်။

အိုကလာဟိုးမားမြို့က သည်းထိတ်ရင်ဖိုဖြစ်ရပ်

အမေရိကန်နိုင်ငံ အိုကလာဟိုးမားမြို့က ပြတင်းပေါက်သန့်ရှင်းရေးသမားနှစ်ဦးဟာ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့က သူတို့နှစ်ဦးဟာ မြို့ရဲ့ အမြင့်ဆုံးဖြစ်တဲ့ အထပ် ၅၀ တိုက်တလုံးရဲ့ ထိပ်မှာ သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေချိန် သူတို့ကိုထိန်းထားတဲ့  ခြင်းက လည်ထွက်သွားပြီးတော့ အောက်ကို ပြုတ်ကျတော့မလိုဖြစ်ပွားခဲ့တာပါ။ သူတို့နှစ်ဦးဟာ အထပ်မြင့်မှာ မီးသတ်သမားတွေ ရောက်မလာခင်အထိ တွဲလောင်းအနေအထားနဲ့ ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာတော့ မီးသတ်သမားတွေရဲ့ အောင်မြင်စွာ ကယ်ဆယ်ခြင်းကို ခံခဲ့ရပါတယ်။ လက်ရှိအချိန်ထိ ဒီဖြစ်ရပ်ကို ဖြစ်စေတဲ့ အကြောင်းအရင်း ကိုတော့ မသိရသေးပါဘူး။

အမျိုးသမီးတဦးက အဘိုးအိုအား ကားပေါ်မှတွန်းချသည့်ဗွီဒီယို လာ့စ်ဗီးဂတ်စ်ရဲ ထုတ်ပြန်

ပြီးခဲ့တဲ့ မတ်လအတွင်း သက်ကြီးရွယ်အိုတဦးကို အမျိုးသမီးတဦးက ဘတ်စ်ကားပေါ်က တွန်းချလိုက်တဲ့ ဗွီဒီယိုဖိုင်တခုကို လာ့စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့က မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ တွန်းချခံခဲ့ရတဲ့ အဘိုးအိုဟာ ဒီဖြစ်ရပ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဧပြီ ၂၃ ရက်နေ့က ကွယ်လွန်သွားခဲ့တယ်လို့ သူ့မိသားစုက ပြောပါတယ်။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်အရ တွန်းချမှုကို ပြုလုပ်ခဲ့သူလို့ သံသယရှိသူ အသက် ၂၅ နှစ်အရွယ် ကာဒီရှီ ဘိရှော့နဲ့ သေဆုံးသူ အဘိုးအိုတို့ဟာ ဘတ်စ်ကားက ခရီးသည်များဆင်းဖို့ ရပ်တန့်လိုက်စဉ်မှာ အပြန်အလှန် စကားများနေတာကြတာကို တွေ့ခဲ့ရပါတယ်။

ရဲကားပေါ်လိုက်စီးရင်း ၉၁၁ ကို အဆက်မပြတ်ဖုန်းခေါ်သည့် အမျိုးသား အဖမ်းခံရ

ရဲကားတစီးရဲ့ နောက်ခန်းမှာ ထိုင်စီရင်း ၉၁၁ နံပါတ်ကို အဆက်မပြတ် ဖုန်းခေါ် နှောင့်ယှက်ခဲ့တဲ့ အမျိုးသားတဦးကို မန်ဆာချူးဆက်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ Fox News သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့မေလ ၅ ရက်က ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာ အသက် ၃၉ နှစ်အရွယ် ဂျက်စီဘာနာ ဝဲလ်တန်ဆိုသူက ဆောက်သင်တန်မှာရှိတဲ့ ဘားတခုကနေ ပြန်ဖို့ ငြင်းဆန်ခဲ့လို့ ဘားတာဝန်ရှိသူက ရဲကိုဖုန်းဆက် အကူအညီတောင်းခံခဲ့ပါတယ်။

ညောင်လေးပင်မြို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

nlp1ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ကဆုန်လပြည့်နေ့က ဝိုင်အမ်ဘီအေအသင်းက ဦးစီးကျင်းပတဲ့ မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့ပြီး နှစ်ပေါင်း ၁၀၀ အတွင်း အစည်ကားဆုံး ဖြစ်ခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီကပြောပါတယ်။ အရင်နှစ်တွေက မြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းပေါင်း ၁၀၀ က သံဃာအပါးရေ ၁၀၀၀ ကို သိန်း ၃၀၀ ကျော်ဖိုး အကုန်ကျခံကာ လောင်းလှူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာ ကျောင်းပေါင်း ၁၀၀ က သံဃာအပါးရေ ၁၂၀၀ ကျော်ကို သိန်း ၆၀၀ လောက်  အကုန်ကျခံ လောင်းလှူနိုင်ခဲ့တာကြောင့် နှစ်ပေါင်း ၁၀၀ အတွင်း စံချိန်တင် အများဆုံးလောင်လှူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ခရီးသည်တင်ယာဉ်တစီး ချောင်းထဲထိုးကျ၊ ၄ ဦး ဒဏ်ရာရ

busဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နဲ့ ဖျာပုံမြို့အကြားက ချောင်းကူးတံတားမှာ မေ ၁၇ ရက်နေ့က ဘိုကလေး-လှိုင်သာယာပြေးဆွဲနေတဲ့ နိုင်အောင်ကျော် ခရီးသည်တင်ယာဉ် ချောင်းထဲ ထိုးကျ တိမ်းမှောက်ခဲ့လို့ ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီနေရာရောက်ရှိခဲ့တဲ့ ခရီးသည် ကိုတိုးအောင်က ဒီဗွီဘီကိုပြောပါတယ်။ ချောင်းထဲ တိမ်းမှောက်သွားတဲ့ အဲဒီယာဉ်ကို  မေ ၁၈ ရက်နေ့မှာ ဆယ်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဆော်ဒီတွင် ဖိလစ်ပိုင်အိမ်အကူတဦး နေလှန်းကြိုးတုပ်အပြစ်ပေးခံရ၊ တာဝန်ရှိသူများ နေရပ် ပြန်ခေါ်

ဆော်ဒီနိုင်ငံမှာ တန်ဖိုးကြီး ပရိဘောဂတွေကို နေပူထဲ ထားမိလို့ သစ်ပင်မှာ ကြိုးတုပ်နေလှန်း အပြစ်ပေးခံခဲ့ရတဲ့ ဖိလစ်ပိုင် အိမ်အကူအမျိုးသမီးကို တာဝန်ရှိသူတွေက မိခင်နိုင်ငံ ပြန်လည်ခေါ်ဆောင်လိုက်ပါတယ်။ေ ဆ်ာဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့က နေအိမ်တလုံးမှာ အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်အမျိုးသမီးတဦးက အိမ်ရှင်တွေရဲ့ တန်ဖိုးကြီး ပရိဘောက ပစ္စည်းတွေကို နေပူထဲ ထားမိတဲ့အတွက် အိမ်ရှင်မိသားစုရဲ့ နေလှန်းအပြစ်ပေးမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မေ ၁၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။

အီတာလျံအိုးပန်း ကွာတားအဆင့်တွင် ဂျိုကိုဗစ်က ဒယ်ပေါ်တိုကို အနိုင်ရ

အီတလီနိုင်ငံ ရုန်းမှာ မေလ ၁၇ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး နိုဗက်ဂျိုကိုဗစ်က ဂျုအန်မာတင်ဒယ်ပေါ်တိုကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ပထမပွဲမှာ အာဂျင်တီးနားနိုင်ငံ ဒယ်ပေါ်တိုက ၆-၄ နဲ့ အနိုင်ရခဲ့တာပါ။ ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ်ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယပွဲမှာ ၇-၆ နဲ့ နိုင်ခဲ့ပါတယ်။ တတိယပွဲမှာ ဂျိုကိုဗစ်ကပဲ ၆-၄ နဲ့ နိုင်ပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ဒီပြိုင်ပွဲကို နာမည်ကြီး တင်းနစ်သမားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရော်ဂျာဖက်ဒရာကတော ညာခြေထောက် ဒဏ်ရာရတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ အီတာလျံအိုးပန်း ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားက ကမ္ဘာ့အဆင့် ၂၄ ဖြစ်တဲ့  ဒီယေဂို ရှဝပ်စမန်နဲ့ ယှဉ်ပြိုင်ရမှာပါ။

အိန္ဒိယနိုင်ငံ မိုးရေးတွင် မီးလောင်၊ မြန်မာမီးသတ်ကားများ ၀ိုင်းဝန်းငြှိမ်းသတ်

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက မိုးရေးမြို့မှာ မေ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက စက်သုံးဆီအရောင်းဆိုင်ငယ် မီးလောင်ခဲ့ပြီး နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံ တမူးမြို့က မီးသတ်တွေ သွားရောက်ကူညီငြှိမ်းသတ်ခဲ့တယ်လို့ တမူးမြို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။ မိုးရေးမြို့ အာရှပတ် လမ်းမကြီးဘေးက လမ်းအမှတ် ၈ စက်​သုံးဆီအရောင်းဆိုင်၊ အချိုရည်​၊ ယမကာ နဲ့ အဝတ်​အထည်​ဆိုင်​အတွင်း ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး စက်သုံးဆီဆိုင်ကနေတဆင့် ကူးစက်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကို တမူးခရိုင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် ၂ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းတဲ့အထိ ကူညီငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဟိုပင်မြို့တွင် မြေငလျင်လှုပ်ခတ်

ကချင်ပြည်နယ် ဟိုပင်မြို့မှာ ဒီနေ့ မွန်းလွဲပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မေလ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က ဟိုပင်မြို့မှ အနောက်မြောက်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၄၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။

ဒေါ်လာ သန်း ၁ဝဝ ခန့်ခိုးယူသည့် နက်ဝါ့ခ်တခုကို နိုင်ငံ ၆ နိုင်ငံက အာဏာပိုင်များ ဖြိုခွင်း

ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ခိုးယူပြီး ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်တဲ့ နက်ဝါ့ခ်တခုကို နိုင်ငံ ၆ ခုက အာဏာပိုင်တွေ ဖြိုခွင်းလိုက်တယ်လို့ ဥရောပ ရဲတပ်ဖွဲ့အေဂျင်စီက မေလ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ ဂေါ့ဇ်နင်ဆိုတဲ့ နက်ဝါ့ခ်ဟာ လူပုဂ္ဂိုလ် ၄၁,၀၀၀ ကျော်ရဲ့ ကွန်ပျူတာတွေထဲ ၀င်ရောက်ပြီး အမေရိကန် နဲ့ တခြားနေရာတွေက သူတို့အဖွဲ့ဝင် ထိန်းချုပ်တဲ့ အကောင့်တွေကတဆင့် ခိုးယူခဲ့တဲ့ ငွေတွေကို ငွေဖြူပြောင်းလဲခဲ့တယ်လို့ ဥရောပရဲတပ်ဖွဲ့ က ဆိုပါတယ်။

အိမ်မွေးခွေးလေးများကို အာဏာပိုင်နာမည် ပေးမိသဖြင့် ထောင်ဒဏ် ချမှတ်ခံရ

မွေထားတဲ့ ခွေးနှစ်ကောင်ကို တရုတ်အစိုးရ၊ ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ နာမည်တွေပေးခဲ့မိတဲ့ တရုတ်နိုင်ငံက အမျိုးသားတဦးဟာ ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ မေ ၁၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ အဖမ်းခံရသူဟာ အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး ဘန်လို့ အမည်ရပါတယ်။ ဘန်ဟာ ခွေးလေးနှစ်ကောင်ကို “Chengguan” နဲ့ “Xieguan” လို့ အမည်ပေးထားကြောင်း တရုတ်လူမူကွန်ရက် WeChat မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

သားအမိ ၄ ဦးအား တရုတ်ဘက် ရောင်းချခဲ့သည့် လူကုန်ကူးသူများကို ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာမှာ နေထိုင်တဲ့ သားအမိ ၄ ယောက်အား တရုတ်နိုင်ငံဘက် ပို့ဆောင်ရောင်းချခဲ့တဲ့ လူကုန်ကူးသူ ၄ ဦးကို နမ့်ခမ်းမြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ အဲ့ဒီလိုသွားရောက် ရောင်းချခဲ့တဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို မေ ၁၅ ရက်နေ့က ဌာနေပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန်မလည်ပတ်နိုင်မှုသည် လက်ရှိဆန်စပါးဈေးကွက်အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေဟုဆို

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန်မလည်ပတ်နိုင်မှုသည် လက်ရှိ ဆန်စပါးဈေးကွက်အပေါ် ကြီးမား စွာသက်ရောက်မှုရှိနေကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ကထုတ် ပြန်လိုက်သည်။ေ နွစပါးပေါ်ချိန်တွင် လျှပ်စစ် မီးပြတ်တောက်မှုကြောင့် စပါးအစို ဓာတ်များသဖြင့် စပါးဈေးများကျ ဆင်းနေကြောင်း မြန်မာနိုင်ငံဆန်ကုန် သည်များအသင်းဥက္ကဋ္ဌ ဦးအောင် သန်းဦးက ပြောသည်။

မြို့ပတ်ဘူတာရုံများ အဆင့်မြှင့်ရာ၌အိမ်ရာစီမံကိန်းများနှင့်ပေါင်းစပ်နိုင်ရန် ပြင်ဆင်ထား

-ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်ရှိ ဘူတာ ရုံများအဆင့်မြှင့်ရာ၌ မြို့ပြအိမ် ရာစီမံကိန်းများနှင့်ပါ ပေါင်းစပ် နိုင်ရန်ပြင်ဆင်နေကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော သည်။ မေ ၁၈ ရက် ရန်ကုန်ဘူတာ ကြီးတွင်ပြုလုပ်သည့် ရန်ကုန်-မန္တ လေးရထားလမ်းပြန်လည်မွမ်းမံ ခြင်း (စီမံကိန်းအဆင့်-၁)နှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းအဆင့်မြှင့်တင် ခြင်းစီမံကိန်းဆောင်ရွက်ခြင်းများ အတွက် ပန္နက်တင်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၁၉ ခုနှစ်လောလုံးရာသီ၏ The Premier League Grounds Team of the Season ဆုအား မန်ယူအသင်းရရှိ

၂၀၁၈-၁၉ ခုနှစ်လောလုံးရာဦအား ဆုဖလားလက်မဲ့ အခြေအနေဖြင့် ဖြတ်ကျော်ခဲ့ရသည့် မန်ယူအသင်းသည် အဆိုပါရာသီအတွက် မြက်ခင်းပြင်အကောင်းဆုံးဆု (The Premier League Grounds Team of the Season) ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သတင်းများတွင်ရေးသားဖော်ပြထားသည်။ေ ဘာလုံးရာသီတစ်လျောက်တွင် ပြိုင်ပွဲကျင်း ပရေးတာဝန်ရှိသူများနှင့် ဒိုင်လူကြီးများက ကွင်းမြက်ခင်းပြင် အနေအထား၊ ပတ်ဝန်းကျင်အနေအထားအပါအဝင် အချက်အလင်အချို့အပေါ် အမှတ်ပေးခြင်ုးဖြင့် အဆိုပါဆုအား ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇-၁၈ ခုနှစ်ဘောလုံးရာသီအတွက် The Premier League Grounds Team of the Season award ဆုအား ဝတ်ဖို့ဒ်အသင်းက ရရှိခဲ့သည်။

အိန္ဒိယသမုဒ္ဒရာထဲရှိ လူသူအရောက်အပေါက်နည်းသည့် ကျွန်းစုလေးတွင် ပလတ်စတစ်အမှိုက် ၄၁၄ သန်းခန့် သောင်တင် ညစ်ညမ်းနေ

ပင်လယ်သမုဒ္ဒရာများအတွင်း ပလတ်စတစ်အမှိုက်များ မျောပါနေမှုပြဿနာရဲ့ ပြယုဂ်တစ်ခုအဖြစ် အိန္ဒိယသမုဒ္ဒရာအတွင်း ဝေးလံခေါင်သီလွန်းပြီး လူဦးရေနည်းပါးတဲ့ ကျွန်းစုကလေးမှာ ပလတ်စတစ် အမှိုက်စပေါင်း ၄၁၄ သန်းခန့် လာရောက်သောင်တင်နေတာကို တွေ့ခဲ့ရပါတယ်။ Scientific Reports ဂျာနယ်ရဲ့ မေလ ၁၆ ရက်နေ့ အစီရင်ခံစာအရ သြစတေးလျပိုင်နက် ကီလင်း ကျွန်းစုမှာ လူဦးရေ ၅၀၀ ကျော်မျှသာ ရှိပေမယ့် ၄င်းမှာ ပလတ်စတစ်အမှိုက် ၂၃၈ တန် ရှိနေကြောင်း သိရပါတယ်။

ထိုင်းဗိုလ်ချုပ်အယောင်ဆောင်ထားသူ၏ ဘန်ကောက်ရှိနေအိမ်ကို ဝင်ရောက်ဖမ်းဆီး

Image may contain: 4 people, people standingထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ဗိုလ်ချုပ်အယောင်ဆောင်ထားသည့် အသက် (၃၁)နှစ်အရွယ် လူငယ်၏နေအိမ်မှ တပ်ဝတ်စုံယူနီဖောင်းများ၊ တောရိုင်းတိရိစ္တာန်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဘန်ကောက် ချက်တူချပ်ရှိ ဝမ်ကဆတ်ဖရွန်ထုန်၏နေအိမ်အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အရာရှိများက ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ခြင်္သေ့အရေခွံအပါအဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်နှင့် နောက်တစ်ဦးကို မေလ ၂၃ ရက်မတိုင်မီ လာရောက်ရန် ဝရမ်းထုတ်ထား

ပြီးခဲ့သည့်ရက်ပိုင်းက မွတ်စလင်တို့၏ရမ္မဇန်ဥပုသ်လဝတ်ပြုပွဲများမပြုလုပ်ရန်တောင်ဒဂုံမြို့နယ်၌ သွားရောက်ပိတ်ပင်နှောင့်ယှက်သောကြောင့် တရားစွဲခံထားရသူ မိုက်ကယ်ကျော်မြင့်နှင့် အမျိုးသားတစ်ဦးတို့ကိုယခုလ ၂၃ ရက်မတိုင်မီ မြို့နယ်တရားသို့ လာရောက်ရမည်ဟု ၎င်းတို့အား ထုတ်ထားသော တရားရုံးဖမ်းဝရမ်းများတွင်ဖော်ပြ ထားသည်။ ထိုဝရမ်းစာများတွင် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ) ဖြင့်တရားစွဲဆိုခြင်းခံထားရပြီး၊မေလ၂၃ရက် (လာမည့်ကြာသပတေးနေ့) မတိုင်မီတောင်ဒဂုံမြို့နယ်တရားရုံးသို့လာရောက်ရမည်ဟုဖော်ပြထားသည်။

ဆေးကုစရိတ်မရှိသောကြောင့်ဟုဆိုကာ မိခင်က မွေးကင်းစ(၆)ရက်သားကလေးငယ်အား စွန့်ပစ်မှု ဖျာပုံမြို့ ၌ ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ တွင် မွေးကင်းစ (၆)ရက်သာရှိသေးသော ကလေးတစ်ဦးကို ဆေးကုသစရိတ်မရှိသောကြောင့်ဟုဆိုကာ မိခင်ဖြစ်သူက စွန့်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။
 ဖျာပုံမြို့ ၊ (၅)လမ်းနှင့် ဘုရင့်နောင်လမ်းထိပ်ရှိ ညပိုင်းမှ ထွက်သည့်ခေါက်ဆွဲကြော်ဆိုင်၏ ဆိုင်ခုံဘေးကြမ်းပြင်တွင် မွေးကင်းစကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်ထားကြောင်း အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က မေလ ၁၈ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိရသဖြင့် ဖျာပုံမြို့ မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ကနဦးသတင်းအဖြစ် သိရသည်။

မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး အောက်တိုဘာတွင် စတင်ဆောင်ရွက်မည်

မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် စတင်ဆောင်ရွက်ရန် ရည်ရွယ်သည့်LOI (Letter of Intent)ကို မေ ၁၅ ရက်ကပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ ရှေ့မှောက်တွင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်နှင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် Space Mission Centerမှ ညွှန်ကြားရေးမှူး ပါမောက္ခ ယူကီဟီရိုတာကာဟာရှီတို့က LOI လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။