
ကျောင်းဖွင့်ချိန်အမီ မတတ်နိုင်တဲ့ ကလေးသူငယ်တွေ၊ ဘကကျောင်းတွေကို ကျောင်းသုံးပစ္စည်းတွေ ပြန်လည်လှူဒါန်းဖို့အတွက် ပိုဝယ်ခဲ့ပါ ဆိုတဲ့ လှုပ်ရှားမှုတခုကို ပရဟိတလူငယ်တွေက ရန်ကုန်မှာ ပြုလုပ်နေပါတယ်။ လူစည်ကားရာ စီးတီးမတ် အိုးရှင်း စတဲ့ ဈေးဝယ်ကုန်တိုက်ကြီးတွေမှာ ပိုဝယ်ခဲ့ပါ အလှူခံပုံးတွေကို ထားပေးထားပြီး ဈေးဝယ်သူတွေက စာအုပ်၊ ကွန်ပါဘူး စတဲ့ ကျောင်းသုံးပစ္စည်းတွေကို ဝယ်ယူတဲ့အခါ ပိုဝယ်လာပြီး ပြန်လည်မျှဝေပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။
ဒါတွေကို လိုအပ်နေတဲ့ မိဘမဲ့ကလေးတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေ၊ အထူးသဖြင့် ဧရာဝတီတိုင်းဘက်က ချို့တဲ့တဲ့ ဘကကျောင်းတွေကို ကျောင်းဖွင့်ချိန်အမီ ပြန်လည်လှူဒါန်းသွားမှာပါ။
ဒီလှုပ်ရှားမှုကို Youth integrate society ပေါင်းစည်းလူငယ်ပရဟိတကွန်ရက်နဲ့ လုပ်အားပေးလူငယ်တွေက ရန်ကုန်မြို့ရှိ citymart ocean marketplace ဈေးဝယ်စင်တာတွေ တ၀ိုက်မှာ မေလ ၁၆ ကနေ ဇွန် ၆ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment