ထို့ကြောင့် လူကြမ်းသရုပ် ဆောင်များအနေဖြင့် ပြင်ပတွင်ကြုံရာအလုပ်များ လုပ်ကိုင်နေပြီး အချို့ကနယ်ဘက်သို့ အခွေရောင်းသည့်အလုပ်များ လုပ်ကိုင်ကြောင်း ၎င်းကဆိုသည်။
‘‘ရေသန့်ပို့တဲ့ လူတွေလည်းပို့ကြတယ်။ ဒါပေမဲ့ ရေသန့်က လည်း အမြဲတမ်းပို့နေရတာ မဟုတ်တော့ စားဝတ် နေရေး မပြေလည်ကြဘူး’’ဟု အောင်ခိုင်က ပြောသည်။
သို့သော် အချို့ပရိသတ်များ က ၎င်းတို့အားပေးသည့် လူကြမ်း သရုပ်ဆောင်များကို တစ်ဦးချင်း လှူဒါန်းမှုများရှိကြောင်း ၎င်းက ဆိုသည်။ လူကြမ်းသရုပ်ဆောင် ၈၀ခန့်ပါဝင်သည့် ကိုလူချောအဖွဲ့ကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ၎င်းတို့အဖွဲ့ အနေဖြင့် အဖွဲ့ဝင်များကို တတ်နိုင်သလောက် ထောက်ပံ့ကြောင်း အောင်ခိုင်က ဆိုသည်။
‘‘ကိုလူချောအဖွဲ့ကို ရန်ပုံငွေ ထူထောင်ပေးထားတာ ရှိတယ်။ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက သိန်း ၂၀၀ မတည်ပြီး တည်ထောင်ပေးထားတာ ရှိတယ်။ နောက်ပြီး Star Awardsက သိန်း ၁၀၀ လှူထားတယ်။ နောက်ပြီး ရွှေတောင်ကြား လမ်းထဲက အလှူရှင်တစ်ဦးကလည်း သိန်း ၁၀၀ လှူထားတယ်’’ဟု အောင်ခိုင်က ပြောသည်။
ထို့ကြောင့် ၎င်းတို့အဖွဲ့၏ သာရေး၊ နာရေး အတွက် ယင်းရန်ပုံငွေထဲမှ သုံးစွဲသကဲ့သို့ ပြီးခဲ့သည့် သင်္ကြန်ကာလက အဖွဲ့ဝင်များကို တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်း ထောက်ပံ့သည်ဟု ၎င်းက ဆို သည်။ ‘‘အခုလည်း ကျောင်းဖွင့်တော့မှာဆိုတော့ စာရေးကိရိယာ တွေကို ရန်ပုံငွေထဲက ထုတ်နုတ်သုံးစွဲမယ်။ ဟိုရက်က ဆရာမမူပိုင်နှင်းဆီတို့က ၁၀ သိန်းလှူလိုက်တော့ စာအုပ်တွေဝယ်တော့မယ်။ ခြောက်သိန်းကျော်ကျော် လောက်တော့ ကုန်ကျမယ်’’ဟု ကိုလူချောအဖွဲ့ဝင်များအတွက် ထောက်ပံ့မှု များအကြောင်း အောင်ခိုင်က ပြောသည်။
No comments:
Post a Comment