
မိမိတို့နိုင်ငံ ပျက်စီးပြိုကွဲရန် လှုံ့ဆော်သွေးထိုးသူများ၏ အယုံသွင်းခြင်းမခံရစေရန်အတွက် အထူးဂရုပြုနေထိုင်သွား ကြရမည်ဖြစ်ပြီး သပ်လျှိုသွေးခွဲသူများက အမိမြန်မာနိုင်ငံ တော်ကြီး ပြိုကွဲပျက်စီးစေရန်အတွက် ခေတ်အဆက်ဆက် တွင် ကြိုးစားနေခဲ့ကြကြောင်း၊ မိမိတို့နိုင်ငံထဲမှ လူငယ်လူရွယ် များကိုမဟုတ်မမှန်စကားလုံးများဖြင့် စည်းလုံးညီညွတ်မှုပျက်ပြားစေရန် သတင်းမီဒီယာများနှင့်လူမှုကွန်ရက်များမှတစ်ဆင့် ၀ါဒဖြန့်ဆောင်ရွက်နေသည်ကို တွေ့ရလျက်ရှိကြောင်းတပ်မတော်ကာကွယ်ရေဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မူးယစ်ဆေးဝါးကို လက်နက်တစ်ခုကဲ့သို့အသုံးချပြီး လူငယ်လူရွယ်များကို ဖျက်ဆီးနေခြင်းဖြစ်သဖြင့် မောင်မယ်တို့အနေဖြင့် သတိတရားကို နှလုံးသွင်းကာ အသိတရားရှိရှိ တွန်းလှန်ကြရန်လည်း အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်(ကြည်း ၊ရေ၊လေ) အရာရှိကြီးများနှင့်ဇနီးများ၊ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား ကျောင်းသား၊ကျောင်းသူ၊ လူငယ်မောင်မယ်များနှင့် အုပ်ချုပ်သူ၊ နည်းပြများ တက်ရောက်ကြကြောင်းသိရသည်။
No comments:
Post a Comment