အမေရိကန်အခြေစိုက် Google ကုမ္ပဏီက Huawei ကုမ္ပဏီနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ တစ်ကမ္ဘာလုံးတွင် မိုဘိုင်းလ်ဟန်းဆက် အများဆုံးထုတ်လုပ်နေသော ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သော Huawei အနေဖြင့် Google ရပ်ဆိုင်းမှုကြောင့် Andriod Operation System များ နောက်ဆုံး Update လုပ်မရခြင်း ဖြစ်မည့်အပြင် တရုတ်နိုင်ငံပြင်ပ တွင် ရောင်းချထားသော Hua wei ဖုန်းများအနေဖြင့် လူကြိုက်များသော Application များ သုံးခွင့်ရတော့မည်မဟုတ်ဘဲ Gmail နှင့် Google Play Store ကဲ့သို့သော ၀န်ဆောင်မှုများကို အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း ရိုက်တာသတင်းတွင် ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတ ထရမ့်က တရုတ် Huawei သည် အမေရိကန်၏ ကုန်သွယ်ရေး အမည်ပျက်စာရင်းတွင် ပါဝင်မည်ဖြစ်ပြီး Huawei အနေဖြင့် အမေရိကန်ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ကိုင်ရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။
များမကြာမီ Huawei ဟန်းဆက် အသုံးပြုသူများအနေဖြင့် Android Update လုပ်မရခြင်းများ ဖြစ်ပေါ်မည်သည်။ Google ၀န်ဆောင်မှုများကို အသုံးပြုခွင့်ရမတော့မည့် ဟန်းဆက်များတွင် Huawei P30, P30 Pro, Mate 20 Proပါဝင်ပြီး ပိတ်ပင်ခံရမည့် Huawei ဟန်းဆက် မော်ဒယ်အမျိုးအစား နောက်ဆုံး စာရင်း ထပ်မံ ထွက်ပေါ်လာဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း Huawei ဟန်းဆက်သုံးစွဲသူအများအပြားရှိနေရာ Google ပိတ်ပင်မှုများသည်လည်း ပြည်တွင်းသုံးစွဲသူများကို သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများ၏ အဆိုအရ သိရှိရသည်။
No comments:
Post a Comment