
''ကားပါကင်ဆောက်မယ့်နေရာကအောက်မှာ မီးကြိုးရှိနေတယ်ဆိုတာနဲ့ ဘယ်လောက်အထိ တူးလို့ရမလဲ ဆိုတာ သွားကြည့်တာပါ။ စမှာကတော့ ၈ လပိုင်း အကုန်မှာ အားလုံးအပြီးစီးလုပ်မှာ။ ၉ လ ပိုင်းမှာစမှာ။ ကားပါကင်ကတော့ နည်းနည်းနောက်ကျမယ်။ တခြားအပိုင်းတခုချင်းစီကို အကုန်လုံးပြီးနိုင်ဖို့က ၈ လပိုင်း ဒုတိယအပတ်လို့ မှန်းထားတယ်။ ၉ လ ပိုင်းမှာ စဖွင့်မှာပေါ့''ဟု ၎င်းက ပြောသည်။
Yangon Night Market ကို အကောင်အထည်ဖော်ရာတွင် ဆိုင်များ ဇုန်အလိုက်ဖွင့်လှစ်ရောင်းချနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ပြီး ဇုန်အေနှင့် ဘီတွင် ၈ ပေပတ်လည် စားသောက်ဆိုင်(၉ဝ ခန်း)၊ Decorated Eating Area (Public Basin) ၊ ခင်းကျင်းရောင်းချရန်နှင့် ပစ္စည်းများသိမ်းဆည်းရန် Cabinet တခု၊ ရေသုံး စွဲရန် Basin တခု၊ လျှပ်စစ်မီး၊ ဆိုင်းဘုတ်၊ Menu Board ၊ Playground & Recreation area (Public Basin) ၊ Yangon Map နှင့် အမှိုက်ပုံးများ(အစို၊ အခြောက်) တို့ပါဝင်မည်ဖြစ်သည်။ ထို့အပြင် မီးသတ်ဆေးဘူးများကို ဆိုင်တိုင်းတွင် မဖြစ်မနေထားရှိရမည်ဖြစ်ပြီး အရေးပေါ်မီးငြှိမ်းသတ်ရန်အတွက် Fire Fighting Nozzles များတပ်ဆင်ထားကာ ရေရှိရေးဆောင်ရွက်ထားမည်ဖြစ်ပြီး ဘေးတိုက်ရွေ့လျားစနစ်ပါ ကားပါကင် ၂ ခု ပါဝင်မည်ဖြစ်သည်။
အဆိုပါကမ်းနားညဈေးတန်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာအတွင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရက ငွေကျပ် ၁ ဒသမ ၈ ဘီလီယံခန့် အကုန်အကျခံကာအကောင်အထည်ဖော်ခဲ့ပြီး အောင်မြင်မှုမရှိသောကြောင့် A25 Myanmar Development ကုမ္ပဏီကို အဆင့်မြှင့်တင်လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment