
စပါးတစ်ဧကလျင် ထွန်စက်မောင်းခြင်း ကောက်စိုက်ခြင်း ပျိုးနှုတ်ခြင်း မြက်နှုတ်ခြင်းစတဲ့ သွင်းအားစုကုန်ကျငွေက ၃သိန်း၂သောင်းရှိကြောင်း စပါးတစ်ဧက တင်း၈၀သာထွက်ရှိပြီးပြန်ရငွေ နှင့်ကုန်ကျငွေ မမျှတကြောင်း တောင်သူများမျ စိုက်ဘဏ်ချေးငွေ များပြန်မဆပ်နိုင်ကြဘဲ အခက်အခဲများဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
`ကျွန်မတို့ ဒီစပါးဈေူနဲ့ဆို အဆင်မပြေဘူး ခလေးတွေ တောင် ကျောင်းထားနိုင်ပါ့မလား မသိဘူး ရွာထဲက သူတစ်ချို့လည်း အလုပ်အကိုင် အဆင်မပြေကြလို့ ထိုင်းလို တစ်ခြားနိုင်ငံတွေမှာ အလုပ်လုပ်နေကြတယ် ရွာထဲမှာ အလုပ်သမားတောင်မရှိတော့ဘူး´ဟု မသန်းသန်းမြင့်မှ ပြောကြားသည်။
စပါးဈေး ကတော့ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတာ ၅သိန်းဈေးဆိုပေမယ့် ဒီမှာတော့ ၄သိန်းခွဲဈေးပဲပေးဝယ်ပါတယ် ဒါတောင်ကုန်သည်တိုင်းမဝယ်ကြဘူး´ဟု ဇီးကုန်းမြို့နယ်ဆန်သည်ကြီးများကုန်သည်အသင်းဝင် ဦးဝင်းဦး က Bago Weeklyသို့ရှင်းပြသည်။
ဒေသခံတောင်သူများအနေဖြင့် စပါးဈေးနိမ့်ပြီး သွင်းအားစုကုန်ကျစရိတ်များမြင့်တက်နေ၍ အခက်အခဲများဖြစ်ပေါ်နေသည်ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဆန်စပါးအသင်းချုပ်ကိုတင်ပြဆွေနွေးခွင့်ပြုရန် စာတင်တောင်းဆိုထားပြီး ပြေလည်မှုမရှိပါက တောင်သူများအချင်းချင်း ချိတ်ဆက်ဆန္ဒပြတောင်းဆိုသွားမည်ဟု သိရှိရသည်။
No comments:
Post a Comment