

"လက်ရှိရခိုင်ပြည်နယ်အတွင်းက စစ်ရေးပြဿနာတွေမှာ အရပ်သားတွေ ထိခိုက်တယ်။ သေဆုံးနေရတယ်။ ကျေးရွာတွေကိုဝင်ရောက်ပစ်ခတ်တာတွေလည်းကြုံနေရတယ်။ ဒါကြောင့် တခြားနေရာတွေလို ရခိုင်မှာလည်း အပစ်ရပ်ပြီးတော့ ဆွေးနွေးကြဖို့နဲ့ ဒုက္ခသည်တွေရဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဆနဒဖော်ထုတ်မှုဖြစ်ပါတယ်" ဟု ဆန္ဒပြခေါင်းဆောင် ဦးအောင်ဌေးကပြောသည်။
ထို့နောက် အဆိုပါဆန္ဒဖော်ထုတ်မှုမှ အချက်လေးချက်ကို တောင်းဆိုခဲ့ကြပြီး ယင်းအချက်များအား သက်ဆိုင်အစိုးရအဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ပေးရန် လူမှုအဖွဲ့အစွဲ့အစည်းများနှင့် သံဃာတော်များက စာပို့တင်ပြခဲ့ပြီးဖြစ်သည်။
"အခုကျွန်တော်တို့ တောင်းဆိုချက်တွေကို အရင်ကတည်းက အစိုးရကိုတင်ပြထားပြီးပါပြီ။ စစ်ပွဲတွေရပ်ဖို့နဲ့ ဒုက္ခသာည်တွေကိစ္စအချက်လေးချက်ပါ။ အစိုးရက ဘာမှဆောင်ရွက်တာမတွေ့တဲ့အတွက် ဆန္ဒဖော်ထုတ်ရတာပါ။"ဟု ဦးအောင်ဌေးက ဆက်လက်ပြောကြားသည်။
ယင်းအချက်မှားမှာ တခြားစစ်တိုင်ျးားကဲသို့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်၊ မိုးမကျမီ စစ်ဘေးရှောင်မျေားနေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးရန်၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များအား တားဆီးမှုမပြုလုပ်ရန်နှင့် အရပ်သားများထိခိုက်သေဆုံးရမည့် ဖြစ်ရပ်များနောက်ထပ် မပြုလုပ်ရန်အစိုးရမှ အထူးကြတ်မတ်ပေးရန် စသည့်အချက်များဖြစ်သည်။
ယင်းအချက်များအား စစ်တွေမြို့ရှိ အရပ်ဖက်အဖွဲ့အစွဲ့အစည်းများနှင့် သံဃာတော်မှား စုပေါင်းပြုလုပ်ခဲ့သည့် မေလ ၆ ရက်နေ့အစည်းအဝေမှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
No comments:
Post a Comment