ယင်းသို့အဆိုပြုတင်သွင်း ခြင်းသည်NCA အကောင်အထည် ဖော်မှုကို ပိုမိုအားကောင်းစေခြင်း နှင့်အတူ ယုံကြည်မှုတည်ဆောက် ခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးဖြစ် စဉ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
KNU ၏ အဆိုပြုချက်နှင့် ပတ်သက်ပြီး ချင်းမိုင်ထိပ်သီးအ စည်းအဝေးက PPCM စုဖွဲ့မှု အသစ် လုပ်ဆောင်သင့်၊ မသင့် လေ့လာရန် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင် သော အလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း တာဝန်ပေးခဲ့သည်။
ထိပ်သီးညီလာခံမှ ချမှတ်ခဲ့ သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဖြစ်ပေါ်ခဲ့သော တစ်ဆို့မှုများကို ကျော်လွှားနိုင်ရေးဆိုင်ရာ ပြင် ဆင်ဆွေးနွေးရေးလုပ်ငန်းစဉ်နှင့် PPCM ကို အကောင်အထည်ဖော် နိုင်ရေး နည်းလမ်းရှာဖွေသည့်လုပ် ငန်းစဉ်များတွင် KNU အနေဖြင့် အတူတကွ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
NCA လက်မှတ်ထိုး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ သည် PPCM စုဖွဲ့မှု အသစ် ဖွဲ့ စည်းရန် အပါအ၀င် ဖက်ဒရယ် အခြေခံမူများနှင့် လုံခြုံရေးကဏ္ဍ ဆိုင်ရာ သဘောတူညီချက်များ ရယူရေး NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေး နွေးညှိနှိုင်းရန် စီစဉ်ထားသည်။
၂၀၂၀တွင် ငြိမ်းချမ်းရေးရရှိ ရေးဆောင်ရွက်မည်ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားရာ ၂၀၂၀အလွန် ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ လားအလာနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အချို့က မေးခွန်း ထုတ်ခြင်းများရှိသည်။ ၂၀၂၀တွင် ငြိမ်းချမ်းရေးရရှိ ရေးဆောင်ရွက်မည်ဆိုသည့် တပ် မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အစီအမံသည် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အားလုံးလက် နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး NCA လမ်းကြောင်းပေါ်၌ ငြိမ်း ချမ်းရေး ဆွေးနွေးနိုင်ရန်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် DDR (လက်နက်ဖျက် သိမ်းခြင်း၊ တပ်ဖွဲ့ဖျက်သိမ်းခြင်း၊ ပြန်လည်နေရာချထားခြင်း) လုပ် ခိုင်းခြင်းမျိုးမဟုတ်သေးဘဲ လက် နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်း တို့လက်နက်များကို ကိုယ်တိုင် သိမ်းထားကာ ဆွေးနွေးအဖြေရှာ ခြင်းလမ်းကြောင်းသို့ ရောက်ရှိ ရေးဖြစ်ကြောင်း တပ်မတော်က ရှင်းလင်းသည်။
No comments:
Post a Comment