အန်ဒါလက်ခ်ျသို့ အသက် (၆) နှစ်အရွယ်တွင် ပထမဆုံး ရောက်ရှိခဲ့သော ကွန်ပနီက ယခု ဆုံးဖြတ်ချက်သည် မိမိချမှတ်ဖူး သမျှ ခံစားရဆုံး ဆုံးဖြတ်ချက်ဖြစ် သည်ဟု ဖေ့စ်ဘွတ်ခ်၌ ရေးသား ဖော်ပြသည်။
လာမည့် မျိုးဆက်များသို့ အတွေ့အကြုံများ ဝေမျှလိုပြီး ဘယ်လ်ဂျီယံတွင် ရှိနေစဉ်အ တွင်း မန်စီးတီးသည် မိမိ၏နှလုံး သားထဲ၌ ရှိနေမည်ဟု ကွန်ပနီက ပြောသည်။
ကွန်ပနီက မန်စီးတီးတွင် နည်းပြဂွာဒီယိုလာထံမှ များစွာ ပညာရခဲ့ကြောင်းလည်း ပြော ကြားသည်။ ၎င်းသည် ၂၀၀၈ သြ ဂုတ်က ဟမ်းဘတ်မှ မန်စီးတီးသို့ ရောက်လာခဲ့ပြီး ပွဲ ၃၆၀ ကစား ခဲ့သည်။ ကွန်ပနီသည် မန်စီးတီး ယခုရာသီ ပရီးမီးယားလိဂ်ဖလား ရရှိရာတွင် အရေးပါသောသွင်းဂိုး အဖြစ် လက်စတာကို ၁-၀ ဂိုးဖြင့် နိုင်သောပွဲ၌ ဂိုးသွင်းခဲ့သည်။
No comments:
Post a Comment