‘‘၂၀၁၉ နဲ့ ၂၀၂၀ မှာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ဆက် လက် မြင့်မားနေမှာဖြစ်ကြောင်း၊ ၂၀၁၉ ဘဏ္ဍာနှစ် GDP ၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၂၀၂၀ ပြည့်နှစ်မှာ GDP ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမယ် လို့ ခန့်မှန်းရကြောင်း ဖော်ပြထား ပါတယ်။ ဒီအခြေအနေကြောင့် မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့နေ ရာကောင်းတစ်ခုဖြစ်တယ်ဆိုတာ ကို ဖော်ညွှန်းနေပါတယ်’’ဟု ဝန်ကြီးဦးသောင်းထွန်းကပြောသည်။
ဝန်ကြီးက အစိုးရအနေဖြင့် နိုင်ငံတော်၊ ပြည်သူနှင့် ရင်းနှီးမြှုပ် နှံသူသုံးဦးသုံးဖလှယ် အကျိုးရှိ သည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ကောင်း ပေါ်ပေါက်အောင် ဆောင်ရွက်နေသည်ဟု ဆိုသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုမ္ပဏီဆိုင်ရာဥပဒေ စသည့် ဥပဒေ မူဘောင်ပြောင်းလဲခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများ ပြုပြင်ပြောင်းလဲခြင်းနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရာတွင် အွန်လိုင်း၌ အလွယ်တကူဆောင် ရွက်နိုင်ခြင်းတို့ကြောင့် ရင်းနှီးမြှုပ် နှံသူများ ယုံကြည်စိတ်ချမှု ပိုမိုရရှိ လာမည်ဟု ဝန်ကြီးက ပြော သည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ် ထုံးလုပ်နည်းများ ပိုမိုလွယ်ကူစေ ရေးစံနှုန်းများ ပေါ်ထွန်းရန်ဆောင် ရွက်ခြင်းနှင့် တစုတစည်းတည်း အလုံးစုံဝန်ဆောင်မှုများ ပေးနိုင်မည့် အွန်လိုင်းစနစ်များ ဆောင် ရွက်ရန် ရည်ရွယ်ထားသည်ဟု ဝန်ကြီးက ပြောကြားသည်။
ထိုသို့ အလားအလာကောင်း များရှိနေသော်လည်း စိန်ခေါ်မှု များ ရှိနေသည်ဟုဆိုသည်။ ပြည်တွင်း၌ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုနည်းခြင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေ သည်ဟုဆိုသည်။ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ခန့်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်မတိုင်မီ အခြေခံ အဆောက်အအုံ ဖြည့်ဆည်းရေး ဒေါ်လာ ၁၂၀ ဘီလီယံလိုအပ်မည် ဟု ဆိုထားသည်။ မြန်မာနိုင်ငံ၏ ယင်းစိန်ခေါ်မှုများသည် ရင်းနှီး မြှုပ်နှံသူများအတွက် အခွင့်အ လမ်းတစ်ခုဖြစ်သည်ဟုဝန်ကြီးက ပြောသည်။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးသည် မြန်မာ- တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်း ဆောင်ရွက်မှုတွင် အဓိကမဏ္ဍိုင် တစ်ရပ်ဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။ မြန်မာအစိုးရနှင့် တရုတ်အစိုးရသည် ဆက်ဆံရေး ကောင်းမွန်နေသည့် အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မြဲလာစေ မည်ဟု ဝန်ကြီးက ဆိုသည်။
No comments:
Post a Comment