မေလ ၁၅ ရက် ပဋိပက္ခဖြစ် စဉ်အတွင်း ဒဏ်ရာရရှိသည့် ရွာ သားများ ဆေးကုသခွင့်မရရှိသည့် အပြင် လက်ရှိအထိ ရဲတပ်ဖွဲ့က ရွာအ၀င်၊ အထွက်လမ်းများ ပိတ် ဆို့ထားသဖြင့် စားဝတ်နေရေးပါ အခက်အခဲဖြစ်နေကြောင်း ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။
ထို့အပြင် ကုမ္ပဏီဘက်က ကျေးရွာအနီးရှိ ရေတွင်း၊ ရေကန် များကို ဖျက်ဆီးပစ်သဖြင့်သောက် သုံးရေအခက်အခဲများနှင့်ပါ ကြုံ တွေ့နေရကြောင်း ၎င်းတို့က ဟောပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင်ပါဝင် သူအများစုသည် အမျိုးသမီးများ ဖြစ်ပြီး အနက်ရောင်နှာခေါင်း စည်းများ တပ်ဆင်ထားသည်။ ယင်းနှင့်ပတ်သက်၍ မေးမြန်းရာ ‘‘ကျန်းမာရေးအရပါ။ ဖုန်ဝင်မှာ စိုးလို့’’ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးကပြန်ပြောသည်။
ဆန္ဒထုတ်ဖော်မှုကို ညနေ ၄ နာရီခန့်က စတင်ပြီး ၁၅ မိနစ် ခန့်အကြာတွင် ရုပ်သိမ်းခဲ့သည်။ ထို့နောက် ဆန္ဒပြသူများက မဟာ ဗန္ဓုလပန်းခြံအရှေ့၌ ရပ်ထား သည့် ၎င်းတို့ လိုက်ပါလာသည့် ကားပေါ်သို့တက်ရာ ယင်းနေရာ အနီးစောင့်ကြည့်နေသော ရဲ တပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်း ဆီးခဲ့သည်။
ဖမ်းဆီးစဉ် ဆန္ဒထုတ်ဖော် သူများနှင့် ရဲတပ်ဖွဲ့ဝင်များအ ကြား ၁၀ မိနစ်ခန့်အကြာ ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။ ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် အမှုဖွင့်ခံရသူ ကိုကျော် မျိုးကို ရဲတပ်ဖွဲ့က စခန်းသို့လိုက် ရန်နှင့် ကားပေါ်ကဆင်းရန်ပြော ဆိုသော်လည်း ကိုကျော်မျိုးသည် ကားပေါ်မှမဆင်းခဲ့ပေ။
၎င်းကို အမှုဖွင့်ပါက တရား ၀င် အမှုဖွင့်နိုင်ကြောင်းနှင့် အချိန် မရွေးအဖမ်းခံနိုင်ကြောင်း၊ လက် ရှိတွင် ရဲစခန်းသို့ မလိုက်နိုင် ကြောင်း ပြောဆိုပြီးနောက် ၎င်း နှင့်အတူ ဆန္ဒထုတ်ဖော်သူများကို တင်ဆောင်ထားသည့် ကားမှာ ထွက်ခွာသွားသည်။
ထို့နောက် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကို သတင်းထောက်များက လိုက်လံ မေးမြန်းရာ ကိုကျော်မျိုးကို ငြိမ်း စုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထား ကြောင်းပြောသည်။ ဆန္ဒပြပွဲသည် မေလ ၁၅ ရက်က Alpha ဘိလပ်မြေစက်ရုံ စီမံကိန်း ကန့်ကွက်သည့် အောင် သပြေကျေးရွာသားများနှင့် ရဲတပ် ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွား မှုကိုရည်ညွှန်းခြင်းဖြစ်ပြီး ရဲတပ် ဖွဲ့က ရော်ဘာကျည်ဖြင့် ပစ်ခတ် လူစုခွဲပြီး ရွာသားငါးဦးခန့်ကို ဖမ်း ဆီးခဲ့ကြောင်း ဒေသခံများကပြော ကြားထားသည်။
No comments:
Post a Comment