Monday, May 20, 2019

အလွတ်တန်းဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (က) တွင် MIU နှင့် RDZ အသင်း နောက်တစ်ဆင့်တက်

အလွတ်တန်းဖူဆယ် ဖလားပြိုင်ပွဲ အုပ်စု (က) နောက် ဆုံးပွဲစဉ်တွင် လက်ရှိချန်ပီယံ MIU နှင့် RDZ အသင်းတို့က ပြိုင် ဘက်များကို အသီးသီး အနိုင်ရပြီး  ၁၆ သင်း ရှုံးထွက်အဆင့်သို့တက် ရောက်ခဲ့သည်။ မေလ ၁၉ ရက်ကအမျိုးသား အားကစားရုံ (၁) သုဝဏ္ဏ၌ ကျင်း ပသည့် အလွတ်တန်းဖူဆယ် ဖလားပြိုင်ပွဲ အုပ်စု (က) နောက် ဆုံးပွဲစဉ်တွင် MIU အသင်းက ၁၄/၁၅ အသင်းကို ခြေစွမ်းအသာ ဖြင့် ဖိအားပေး ကစားပြီး ၁၁-၀ ဂိုးဖြင့် အနိုင်ရရှိသည်။



အုပ်စု (က) အခြားပွဲတွင် RDZ အသင်းက Strategy First University အသင်းကို ၁၅-၂ ဂိုး ဖြင့် အနိုင်ရပြီး အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက် ခဲ့သည်။ အလွတ်တန်းဖူဆယ်ဖလား ပြိုင်ပွဲ အုပ်စု (က) နောက်ဆုံးပွဲစဉ် များ အပြီးတွင် MIU က သုံးပွဲက စား၊ သုံးပွဲနိုင်၊ ရမှတ်ကိုးမှတ်ဖြင့် အုပ်စု ပထမ၊ RDZ အသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်ခြောက် မှတ်၊ အုပ်စုဒုတိယဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့  ချုပ်က ကြီးမှူးကျင်းပသည့် MFF Futsal Open Cup 2019 (ရန်  ကုန်) ပြိုင်ပွဲကို ၃၅သင်းဝင်ရောက်  ယှဉ်ပြိုင်ပြီး အုပ်စုရှစ်ခုခွဲ ကျင်းပနေသည်။ အုပ်စုပွဲစဉ်များကို မေလ ၁၁ ရက်မှ ၂၇ ရက်အထိ နေ့စဉ် နံနက်  ၉နာရီကစတင်၍တစ်ရက် လျှင် လေးပွဲနှုန်းဖြင့် ကျင်းပနေပြီး ဝင်ကြေး ကျပ် ၅၀၀ သတ်မှတ် ထားကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီသည်  ရှုံးထွက်အဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

No comments:

Post a Comment