မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူသည် လက်ရှိကစားနေသည့် ထိုင်းလိဂ်က လပ် မြောင်တောင်အသင်းမှ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယမန်နေ့အထိ မည်သည့်အသင်းထံမှ ကမ်းလှမ်းမှု မရသေးကြောင်း မိခင်ရတနာပုံအသင်း အထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က ပြောသည်။ အသက်(၂၂) နှစ်အရွယ် ရတနာပုံတိုက်စစ်မှူး အောင်သူသည် ယခုနှစ် ဘောလုံးရာသီတွင် ထိုင်းလိဂ် -၁ ကလပ် မြောင်တောင်အသင်းသို့ တစ်ရာသီ အငှားစာ ချုပ်ဖြင့် သွားရောက်ကစားနေ သည်။
Pages
Sunday, May 26, 2019
တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးထိခိုက်နိုင်ဟုဆို
တပ်မတော်နှင့် အေအေ တိုက်ပွဲများကြောင့် မြန်မာ - ဘင်္ဂလားဒေ့ရှ်အကြား ညှိနှိုင်းဆောင်ရွက်နေသည့် နေ ရပ်စွန့်ခွာသူများ ပြန်လည်လက် ခံရေးအစီအစဉ်ကို တစ်စိတ်တစ် ပိုင်းထိခိုက်စေသည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦး မြင့်သူကပြောသည်။ ‘‘တစ်စိတ်တစ်ပိုင်အားဖြင့် တော့အဟန့်အတားဖြစ်ပါတယ်’’ ဟု ဦးမြင့်သူကဆိုသည်။
လူဒိုဂိုရက်စ်အသင်း ဘူလ်ဂေးရီးယားချန်ပီယံဆုကို ရှစ်ကြိမ်ဆက်တိုက်ရရှိ
လူဒိုဂိုရက်စ်အသင်း သည် အိမ်ကွင်းတွင် ချာနိုမိုးဗာနာ အသင်းကို ၄-၁ ဂိုးဖြင့် သက် သောင့်သက်သာအနိုင်ရရှိပြီး ဘူလ်ဂေးရီးယားလိဂ်ချန်ပီယံဆု ကို ရှစ်နှစ်ဆက်တိုက်ရရှိခဲ့သည်။ သို့သော် ၎င်းတို့၏နောက်ဆုံးနေ့ နိုင် ပွဲသည် ဧည့်သည်အသင်း၏ မတောင့်တင်းသောအသင်းကို ပွဲ ထွက်ခိုင်းသည့် ဆုံးဖြတ်ချက် ကြောင့် အရိပ်မည်းထိုးခဲ့သည်။
မန္တလေးတိုင်းတွင် နှစ်ရက်ဆက် မိုးသက်လေပြင်းကြောင့် နေအိမ်နှင့် အဆောက်အအုံ ၂၆၀ ခန့် ပျက်စီး၊ တစ်ဦး သေဆုံး
မီးလင်းချိုင်ရွာ တောင်သူများ၏ မြေယာနစ်နာကြေးကိစ္စပြီးပါက လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်မည်
LNG ဓာတ်ငွေ့ဖြင့် လျှပ် စစ်ဓာတ်အားထုတ်လုပ်မည့် မီး လင်းချိုင်ကျေးရွာရှိ တောင်သူများ ပိုင်ဆိုင်သော မြေဧက ၈၀၀ ကျော်အတွက် နစ်နာကြေးပေးရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်း အင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောသည်။ေ မလ ၂၂ ရက်က ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့်ပတ်သက်သည့်သတင်း စာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တွင် LNG ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အစီအစဉ်နှင့်ပတ် သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီး ဦးဝင်းဌေးက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
အမျိုးသမီးတစ်ဦးကို သတ်၍ ရော်ဘာခြံအတွင်း စွန့်ပစ်သူ ဖမ်းမမိသေး
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် အသက်(၁၉)နှစ် အရွယ် အမျိုးသမီးတစ်ဦး အသတ် ခံရပြီး ရော်ဘာခြံတစ်ခုအတွင်း အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့ ကြောင်း မောင်းမကန်နယ်မြေရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။ မေလ ၂၃ ရက် နံနက် ၁၀ နာရီခွဲတွင် မောင်းမကန်- ထား ဝယ်ကားလမ်းဘေး မိုင်တိုင်အ မှတ် (၄/၆) အနီး ကားလမ်းမကြီး နှင့် ကိုက် ၅၀ ခန့်အကွာရှိ ရော်ဘာခြံအတွင်း အမျိုးသမီး အလောင်းစွန့်ပစ်ထားခြင်းကို ထင်းခွေသူအမျိုးသမီးတစ်ဦးက တွေ့ရှိခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
အကယ်ဒမီရပြီး အလုပ်နဲ့ပတ်သက်ရင် လောဘကြီးလာတယ်ဆိုတဲ့ အေးမြတ်သူ
ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမားနှစ်ဦး အားဖြည့်
ရန်ကုန်အသင်းသည် မြန်မာလိဂ် ဒုတိယအကျော့အ တွက် မကွေးအသင်းမှ မြန်မာ့လက်ရွေးစင်ဟောင်း နောက်ခံလူ ကျော်စွာလင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံသား နောက်ခံလူ အန်ဒါဆင်တို့ ကို ခေါ်ယူခဲ့သည်။ အသက်(၂၇) နှစ်အရွယ် ကျော်စွာလင်းသည် မနောမြေ လူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ရခိုင်၊ မကွေးအသင်းတို့တွင် ကစားခဲ့သည်။ထို့အပြင် ၂၀၁၈ အာရှဖလားခြေစစ်ပွဲဝင်မြန်မာ့လက်ရွေးစင် အသင်း၌ ရွေးချယ်ခံခဲ့ရသည်။
ဂူးဂဲလ်နှင့် ဆက်လက်ပူးပေါင်းရေး ဆွေးနွေးနေဟု ဟွာဝေးမြန်မာတာဝန်ရှိသူပြော
Google နှင့် Huawei အကြား မိုဘိုင်းထုတ်ကုန်များပေါ် တွင် နည်းပညာအရ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေး နွေးနေသည်ဟု Huawei မြန်မာ လက်ထောက်အထွေထွေမန်နေ ဂျာ Mr. Zhu Bo က ပြောသည်။ အမေရိကန်ကုန်သွယ်ရေး ဌာနက Huawei နှင့်ကုန်သွယ် ခွင့်ပိတ်ပင်ခဲ့သည့်အပေါ် ရက် ပေါင်း ၉၀ ဆိုင်းငံ့ပေးခဲ့သည့် နောက် Google နှင့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းလုပ်ဆောင် ရန် ဆွေးနွေးနေသည်ဟု ၎င်းက ပြောကြားသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ နယ်မြေကျော်ကျောင်းအပ်မှုမရှိစေရန် အိမ်ထောင်စုစာရင်းဖြင့် စိစစ်လက်ခံ
အမျိုးသမီးနှင့်ကလေးများအတွက် ဘဏ္ဍာငွေခွဲဝေမှု သုံးဆတိုးလာဟု လူကယ်ပြန်ဝန်ကြီးပြော
မြန်မာနိုင်ငံတွင် အမျိုး သမီးနှင့် ကလေးများအတွက် လူ မှုရေးကဏ္ဍတွင် ဘဏ္ဍာငွေခွဲဝေမှု သည် လွန်ခဲ့သည့်သုံးနှစ်ကထက် သုံးဆတိုးမြင့်လာကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပဋိပက္ခများအ တွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုအဆုံးသတ်ရေး နိုင်ငံတ ကာညီလာခံတွင် ထုတ်ဖော်ပြော ကြားသည်။
ဥရောပ ရွှေဖိနပ်ဆုကို မက်ဆီ သုံးနှစ်ဆက်တိုက် ဆွတ်ခူး
မိုးလယ်ကာလ မိုးများ၍ ရေဘေးကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင် တိုက်တွန်း၊ မုတ်သုံလေ မြစ်ဝကျွန်းပေါ်သို့ ၀င်ရောက်နေ
အနောက်တောင်မုတ်သုံ လေသည် မြစ်ဝကျွန်းပေါ်ဒေသသို့ စတင်ဝင်ရောက်နေ၍ မိုးကြိုးနှင့် လေပြင်း အန္တရာယ် သတိပြုရန် နှင့် လာမည့်မိုးရာသီတွင် ပုံမှန်ထက်မိုးများနိုင်၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင်က တိုက် တွန်းသည်။ ‘‘လာမယ့်ဇူလိုင်နဲ့ သြဂုတ် လထဲမှာ မိုးများမယ့် အနေအထား တွေ ခန့်မှန်းရရှိထားတယ်။ ရေ ဘေးကို အခုကတည်းက ကြိုတင် ပြင်ဆင်မှု လုပ်ထားဖို့လိုတယ်’’ ဟု မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က တိုက်တွန်း သည်။
အက်ရှင်မင်းသားဖြစ်ချင်တဲ့ One Direction အဖွဲ့ဝင်ဟောင်း လျံပေးနီ
ထိုင်းဘုရင်နန်းတက်ပွဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွင် သေဒဏ်ကျမြန်မာလုပ်သားလေးဦး ပြစ်ဒဏ်လျှော့ပေါ့ခံရ လက်ရှိအချိန်အထိ ၆၉ ဦး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ
ထိုင်းဘုရင်မဟာဗာဂျီ ရာလောင်ကွန်နန်းတက်ပွဲအဖြစ် အကျဉ်းသားများ ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးကာ ဘန်ကောက်မြို့ ရှိ ဘန်ခွမ်အကျဉ်းထောင်တွင် သေဒဏ်အကျဉ်းကျနေသည့် မြန် မာလုပ်သားလေးဦးကို ထောင် ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးပြီး နှစ်ကြီးသမားအဖြစ် အကျဉ်းကျနေသည့် မြန်မာလုပ် သား ၁၀ ဦးကို ပြစ်ဒဏ်ကင်းလွတ် ခွင့်ပေးကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးမင်းဦးက ပြော သည်။ေ မလ ၂၄ ရက်တွင် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများက ဘန်ခွမ်အကျဉ်း ထောင်တွင် သေဒဏ်အကျဉ်းကျ နေသော မြန်မာလုပ်သားနှစ်ဦးထံ ထောင်ဝင်စာသွားရောက်တွေ့ဆုံ ရာ အကျဉ်းထောင်တာဝန်ရှိသူ များက ၎င်းတို့ထောင်အတွင်းရှိ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိသော မြန်မာအကျဉ်းသားများစာရင်း ကို မြန်မာသံရုံးသို့ ပေးပို့ကြောင်း ၎င်းက ပြောသည်။
တွစ်တာမှာ Follower သန်း ၂၀ ပထမဆုံးရတဲ့ ကိုရီးယားနိုင်ငံသားတွေ ဖြစ်လာတဲ့ BTS အဖွဲ့
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ရှမ်းက ရခိုင်ကို ဂိုးပြတ်နိုင်
ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ ပထမအကျော့တွင် ရှမ်း အသင်းက ရခိုင်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မေလ ၂၅ ရက်က သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲ စဉ်၌ ရှမ်းအသင်းက ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဂိုးသမားသီဟစည်သူနှင့် အသစ်ခေါ်ယူထားသည့် နိုင်ငံခြားသားကစားသမားသုံးဦးစလုံးကို ထည့်သွင်းကစားခဲ့သည်။
ကြို့ပင်ကောက်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မိ၍ တစ်ဦးသေဆုံး
ဘော်လခဲမြို့တွင် အမျိုးသားနှစ်ဦး တောင်ကျရေနှင့်မျောပါ ပျောက်ဆုံးနေ
ကယားပြည်နယ် ဘော် လခဲမြို့တွင် ချောင်းအတွင်း ရေ ချိုးနေသော အမျိုးသားသုံးဦး တောင်ကျရေနှင့် မျောပါပြီး နှစ်ဦးပျောက်ဆုံးနေ၍ ရှာဖွေကယ် ဆယ်ရေးဆောင်ရွက်နေသည်။ ဘီလူးချောင်းမှ ခွဲထွက်လာ ပြီး ဘော်လခဲမြို့ကို ဖြတ်သွား သည့် ပွန်းချောင်းအတွင်း အမျိုး သားနှစ်ဦးရေနစ်ပျောက်ဆုံးနေမှု သည် မေလ ၂၅ ရက်နေ့လယ်က ဖြစ်ပွားခြင်းဖြစ်သည်။
လမိုင်းမြို့တွင် အကြမ်းဖက်မှုများထပ်မံဖြစ်ပွားပါက ဥပဒေအရ တားမရလျှင် ပစ်ခတ်တားဆီးရန် ပြည်နယ် နယ်လုံဝန်ကြီးညွှန်ကြား
နည်းပြတူချယ်လ်ကို ပီအက်စ်ဂျီက ၂၀၂၁ ဇွန်လအထိ စာချုပ်သက်တမ်းတိုး
ပါရီ - ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီက လက်ရှိ နည်းပြ သောမတ်စ်တူချယ်လ်ကို နောက် ထပ်တစ်ရာသီစာချုပ်သက်တမ်း တိုးခဲ့သည်။ ယင်းဂျာမန်နည်းပြ တူ ချယ်လ် (၄၅) နှစ်သည် ၂၀၁၈ ဇွန်လက ပီအက်စ်ဂျီသို့ ရောက် လာပြီး စတင်ကိုင်တွယ်ချိန်က တည်းက ကစားသမားများ၊ ဝန် ထမ်းများနှင့် အသင်းတာဝန်ရှိသူ များ ယုံကြည်မှုကို ၎င်း၏ခေတ် သစ်ဘောလုံးအမြင်ဖြင့် ရယူနိုင် ခဲ့သည်။
ဆေးခြောက်စိုက်သည်ဟု တရားဆွဲဆိုခြင်းမှာဌာနဆိုင်ရာအတွင်း ချိတ်ဆက်နားလည်မှုလွဲမှားခြင်းဟု ကုမ္ပဏီထုတ်ပြန်
မန္တလေးတိုင်း မြို့သာ စက်မှုဥယျာဉ်တွင် ဆေးခြောက် စိုက်ပျိုးသည်ဟု စွပ်စွဲချက်ဖြင့် စိုက်ခင်းတာဝန်ရှိသူများနှင့် သုတေသနပြုသူများကို မြန်မာ တရားရုံးက တရားစွဲရန် ဆုံးဖြတ် ခြင်းသည် ဌာနဆိုင်ရာချိတ်ဆက် နားလည်မှုလွဲမှားခြင်းသာ ဖြစ် သည်ဟု III M Global Nutraceu-tical ကုမ္ပဏီက သတင်းထုတ် ပြန်သည်။ ကုမ္ပဏီသည် မည်သည့်အ ခါမျှ ဆေးခြောက်ပင်စိုက်ပျိုးရန် ရည်ရွယ်စဉ်းစားခဲ့ခြင်းမရှိသည့် အပြင် စိတ်ကို တက်ကြွစေသော THC ဒြပ်ပေါင်းကို ကုမ္ပဏီက အစဉ်အမြဲဆန့်ကျင်သည်ဟု ဆို ထားသည်။
ပြင်သစ်လီဂူးဝမ်း အပိတ်ပွဲစဉ်တွင် ရှုံးသော်လည်း မိုနာကိုအသင်းတန်းတင်ကျန်ရစ်
မေလ ၂၄ ရက်ညက က စားခဲ့သော ပြင်သစ်လီဂူးဝမ်းရာ သီပွဲစဉ်တွင် မိုနာကိုသည် နိစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း တန်းတင်ကျန်ခဲ့သည်။ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ အဆင့်သို့ ရောက်ရှိပြီး ၂ နှစ်ကြာ ပြီးနောက် မိုနာကိုသည် ယခုနှစ် ရာသီလီဂူးဝမ်းတွင် ၃၈ ပွဲကစား ရာ ၁၈ ပွဲအထိ ရှုံးပွဲကြုံခဲ့ပြီး ၃၆ မှတ်ဖြင့် အဆင့် (၁၇) ၌ ရပ်တည် ခဲ့သည်။
မန္တလေး၌ ရင်းနှီးမြှုပ်နှံရန် ဥရောပနိုင်ငံများသို့ နည်းပညာနှင့်ငွေကြေးကူညီမည်ဟု အီးယူသံအမတ်ကြီးပြောကြား
ဥရောပနိုင်ငံများမှ စီး ပွားရေးလုပ်ငန်းရှင်များ မန္တလေး သို့လာရောက်ရင်းနှီးမြှုပ်နှံမှု ပိုမို ပြုလုပ်နိုင်ရန် လိုအပ်သည့်နည်း ပညာနှင့် ငွေကြေးအကူအညီများ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး Kristian Schmidt ကပြောသည်။ အီးယူသံအမတ်ကြီးက မေ လ ၂၁ ရက်တွင် မန္တလေးမြို့၌ ကျင်းပသည့် အထက်မြန်မာပြည် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။
စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု သုံးနှစ်တာအတွင်း လေးဆတိုးလာဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
အစိုးရသစ်တက်ပြီး သုံးနှစ်အတွင်း ကရင်ပြည်နယ် တွင် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့်တစ် ဦးချင်းဝင်ငွေပမာဏများ တိုး တက်ခဲ့သဖြင့်စီးပွားရေးတိုးတက် လာသည်ဟု ဆိုရမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်က ပြောသည်။ေ မလ ၂၃ ရက်တွင် ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ် သည့် အစိုးရသစ် သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ ၀န်ကြီး ချုပ်က အဖွင့်အမှာစကားပြော ကြားရာ ယင်းကဲ့သို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
ကျွဲ၊ နွားတင်ပို့မှု လုပ်ကိုင်ခွင့်ကို ပြည်ထောင်စုအစိုးရ ပြန်လည်ရယူ
ကျွဲ၊ နွားများနှင့် စပ် လျဉ်းသည့် လုပ်ကိုင်ခွင့်အာဏာ ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အ စိုးရများထံမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသို့ ပြောင်းလဲအပ်နှင်းကြောင်း ပြည်ထောင်စုအစိုးရက မေလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ သည်။ ကျွဲ၊ နွား တင်ပို့မှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အ စိုးရများအား လုပ်ကိုင်ခွင့်ပေးရာ တွင် အခက်အခဲများရှိ၍ တစ် နိုင်ငံလုံးအဆင်ပြေစွာ သယ်ယူပို့ ဆောင်နိုင်ရေး ပြည်ထောင်စုအ စိုးရက လုပ်ကိုင်ခွင့်ပြန်လည် ရ ယူခြင်းဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲနေသော်လည်း ဘာလီခရီးစဉ်များ ပုံမှန်ထွက်ခွာမည်ဟုဆို
အင်ဒိုနီးရှားနိုင်ငံတောင် ပိုင်းတွင် Agung (အာဂွန်) မီး တောင်ပေါက်ကွဲမှု ဖြစ်ပွားနေ သော်လည်း ခရီးသွားများ လည် ပတ်သည့်နေရာနှင့် ဝေးကွာသော ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာ မည့် ဘာလီခရီးစဉ်များ ပြောင်းလဲခြင်းမရှိဟု Tango ခရီးသွား ကုမ္ပဏီ ဒါရိုက်တာ မခေါင်ခေါင် က ပြောသည်။ ‘‘ဒီသတင်းကြားတော့ ဟို ဘက် (မိတ်ဖက်ခရီးသွားကုမ္ပဏီ) ကို လှမ်းမေးရတယ်။ သူတို့က အိုကေတယ်။ မနက်ဖြန် (မေလ ၂၆ ရက်) ဘာလီကိုသွားမယ့် ခရီး စဉ်ကိုလည်း မဖျက်ဘူး။ မနေ့ည ကတော့ လေကြောင်းလိုင်းတွေ ကြန့်ကြာမှုဖြစ်ခဲ့တယ်။ ဒီမနက် တော့ အိုကေတယ်’’ဟု ၎င်းက ပြောသည်။
စမ်းချောင်း တိုက်ခန်းမီး ၁၈ မိနစ်ဖြင့် ငြှိမ်းသတ်
ကရင်ဝန်ကြီးတစ်ဦး ဥပဒေထက်ကျော်လွန်၍ အဆောင်အယောင်များ သုံးစွဲနေကြောင်း ၀န်ကြီးဟောင်းဖွင့်ချ စည်းကမ်းနှင့်အညီနေထိုင်ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသည့် ၀န်ကြီးတုံ့ပြန်
ကရင်ပြည်နယ်အစိုးရ အဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဦးသန်းနိုင်အနေဖြင့် ဥပဒေ အရ သတ်မှတ်ထားသည့်အ ဆောင်အယောင်များထက်ကျော် လွန်ကာ အသုံးပြုနေကြောင်း နုတ်ထွက်ထားသည့် ဗမာတိုင်း ရင်းသားရေးရာ ၀န်ကြီးဟောင်းဦးတေဇထွဋ်လှိုင်ထွေးက ဖွင့်ချ သည်။ ၀န်ကြီးရာထူးမှ နုတ်ထွက် ထားသည့် ဦးတေဇထွဋ်လှိုင်ထွေး သည် နုတ်ထွက်ရသည့်အ ကြောင်းရင်းနှင့်ပတ်သက်၍ မေ လ ၂၅ ရက်တွင် ဘားအံမြို့၌ မီဒီ ယာများအား ရှင်းလင်းစဉ် ယင်း ကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် မိသားစုကိစ္စ ကြောင့် နုတ်ထွက်ခြင်းဖြစ်သည် ဟုဆိုသည်။
ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေကို နေရပ်ပြန်နိုင်ဖို့နဲ့ နေရပ်ပြန်ပြီးသားသူတွေအတွက်လည်း အကူအညီတွေပေးနိုင်ဖို့ အပါအဝင် ဒုက္ခသည်ပြန်လည်နေရာချထားရေး လက်တွေ့ အကောင်အထည်ဖော်မှုတွေ လုပ်သွားဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC တို့ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒုက္ခသည်အရေးဆောင်ရွက်သူတွေကတော့ အပစ်ခတ်ရပ်စဲရေးကိစ္စကို အကောင်အထည် မဖော်နိုင်သေးသရွေ့ ဒုက္ခသည် နေရပ်ပြန်နိုင်ရေး အဆင်ပြေမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြတာပါ။ ဒီအကြောင်း ကိုကောင်းစံဟိန်းက တင်ပြပေးပါမယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး MOU သက်တမ်းတိုးမည်
ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ မြန်မာအစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်ဖို့ နောက်ထပ်သက်တမ်း ၁ နှစ်တိုးမယ့်အပေါ် ကျေနပ်အားရကြောင်း UNHCR မဟာမင်းကြီး Filippo Grandi ကပြောကြားခဲ့ပါတယ်။ အကူအညီလိုအပ်နေသူတွေရဲ့ အခြေအနေတိုးတက်စေဖို့ အစိုးရရဲ့ခိုင်မာတဲ့ကတိကို ပြသရာရောက်တယ်လို့ မြန်မာနိုင်ငံ ၅ ရက်ကြာခရီးစဉ် အဆုံးသတ်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ချက်သမ္မတနိုင်ငံသွားမည်
မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ အစောပိုင်းမှာ ချက် သမ္မတနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ချက် ဝန်ကြီးချုပ် Andrej Babis ရဲ့ ဖိတ်ကြားချက်နဲ့ ၄ ရက်ကြာ ခရီးစဉ်သွားရောက်မှာ ဖြစ်ပြီး ချက် သမ္မတ Milos Zeman၊ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားကြောင်း Radio Prague သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
ရခိုင်စစ်ဘေးဒုက္ခသည်အရေး UNHCR ကူညီမည်
ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်နေကြရသူတွေ၊ နောက် မူဆလင် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ဆက်လက် ထောက်ပံ့ ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက မြန်မာခရီးစဉ် အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။ စစ်ရှောင်နေကြရသူတွေ၊ ဒုက္ခသည်တွေ နေရပ်ရင်းတွေကို ပြန်နိုင်ခွင့်ရရေး အရေးကြီးတယ်လို့လည်း ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂ မဟာမင်းကြီးက အလေးထား ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
သတင်းပေးတာတွေ မလုပ်ဖို့ ၀န်ထမ်းတွေကို သမ္မတ သတိပေး
ဝန်ထမ်းစည်းမျဉ်းစည်းကမ်း မလိုက်နာဘဲ သတင်းပေးတာတွေမလုပ်ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော်မှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို သတိပေးလိုက်ပါတယ်။ေ နပြည်တော်ကောင်စီရုံးမှာ သမ္မတနဲ့ ဌာနဆိုင်ရာအရာထမ်းတွေ တွေ့ဆုံပွဲမှာ သမ္မတ ဦးဝင်းမြင့်က အစိုးရ၀န်ထမ်းတွေအနေနဲ့ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းတွေ မလိုက်နာဘဲ သတင်းပေးတာတွေ မလုပ်ဖို့ သတိပေးလိုက်တာပါ။
သတ်မှတ်ဈေးနဲ့ စပါးဝယ်ဖို့ လယ်သမားတွေ တောင်းဆိုဆန္ဒပြ
ဒီနှစ်နွေစပါးပေါ်ချိန်မှာ ဆန်ကုန်သည်တွေက အစိုးရသတ်မှတ်ထားတဲ့ စပါးဈေးထက် နှိမ်ပြီးဝယ်နေကြလို့ အရှုံးပေါ်နေတဲ့ ပဲခူးတိုင်းက လယ်သမားတွေဟာ မတ်လ ၂၄ ရက်မှာ လူအင်အား ၅၀၀ ကျော်နဲ့ ပထမဆုံးအကြိမ် စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ စပါးဈေးကျလို့ အစိုးရဘဏ်ချေးငွေ ပြန်မဆပ်နိုင်ကြတဲ့ လယ်သမားတွေဟာ ရပ်တည်ဖို့ခက်ခဲလာတာကြောင့် အစိုးရက ကြားဝင် ကူညီဖြေရှင်းပေးဖို့လည်း လယ်သမားအဖွဲ့အစည်းတွေက တောင်းဆိုကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဇော်ထက်က ပြောပြပေးထားပါတယ်။
အဂတိကော်မရှင်ကို တိုင်ကြားခံရမှု ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်လို့ ဒေါက်တာ အောင်မိုးညို ပြော
အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့အပေါ် တရားဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဒီနေ့ ပြောလိုက်ပါတယ်။ မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ တိုင်းဝန်ကြီး သုံးဦးဟာ မင်းဘူးမန်းရွှေစက်တော် ၂၀၁၈ ခုနှစ် ပွဲတော်ကာလတွင်း တည်းခိုခန်းခမပေးပဲ နေခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခံထားရတာဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် May ရာထူးက ထွက်မည်
ဗြိတိန်ဝန်ကြီးချုပ် Theresa May က ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ EU နဲ့ ဝန်ကြီးချုပ် May အစိုးရကြား ရရှိထားတဲ့ ဗြိတိန်နုတ်ထွက်ရေး Brexit သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်မှာ ၃ ကြိမ် ပယ်ချခံခဲ့ရပြီးနောက် ရာထူးကနေ ဆင်းပေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
မန္တလေး ကျုံး အနောက်ဘက် နဲ့ မြို့သစ်ဘက်မှာ ဓားသမားတွေ ထပ်ဖမ်းမိ

မနက်လင်းအားကြီးမှာ အသွား ၂ပေ နီးပါး ဓါးရှည်(၁)ချောင်းနှင့်အတူ ဓါးကိုင်တာတွေ့လို့ရဲ ကဖမ်းတာပါ။ မန္တလေး မှာ ဓားသမားတွေ ထပ်ဖမ်းမိတယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေ လ ၂၄ ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ ကျုံးအနောက်ဘက်ကတစ်ဦးကို မေ ၂၄ရက်နေ့မနက် ၃ နာရီခန့်က မိတာဖြစ်ပြီး မြို့သစ်ဘက်ကတစ်ဦးကိုတော့ မေ ၂၃ ရက် ညမှာ ဖမ်းမိတာပါ။ေ မ ၂၄ရက်နေ့ မနက်၃ နာရီ လောက်ကဓါးကိုင်ထားတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုး သားတစ်ဦးကို ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ဓားကိုင်ဆောင် ရမ်းကားနေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။မိုးကောင်းမြို့နယ်၌ တုန်ဖုန်းယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ (၃)ဦး သေဆုံး
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာ၌ မေ ၂၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က တုန်ဖုန်းယာဉ်နှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် ဆားမှော်-ကညင်မြိုင် ကျေးရွာချင်းဆက်လမ်းရှိ ကညင်မြိုင်ကျေးရွာဈေးအနီး၌ ကညင်မြိုင်ကျေးရွာနေ ကျော်လွင်ဦး(၃၄ နှစ်)မောင်းနှင်လာသည့် တုန်ဖုန်းခြောက်ဘီးယာဉ်သည် ဝဲဘက်ရှိဈေးလမ်းသို့ချိုးကွေ့စဉ် လားရာတူမောင်းနှင်လာသည့် ထီးချိုင့်မြို့နယ်၊ ချွန်းထောင်ကျေးရွာနေ ဦးမျိုးမြင့်(၄၅ နှစ်)မောင်းနှင်ပြီး ဒေါ်မအေး(၄၆ နှစ်)နှင့် လေးနှစ်အရွယ်မိန်းကလေး လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်ဖြင့်တိုက်မိခဲ့၍ ဆိုင်ကယ်စီးနင်းသူသုံးဦးစလုံး သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်လွင်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြောက်ဦးတပ်ရင်းဌာနထဲကနေ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေပြော
ရခိုင်ပြည်နယ် မြောက်ဦးမြို့က တပ်မတော်တပ်ရင်းတွေရှိတဲ့နေရာနားမှာ မနေ့ကညပိုင်းက ပစ်ခတ်သံတွေကြားရတယ်လို့ မြောက်ဦးမြို့နယ် ဒေသခံတွေက ပြောကြပါတယ်။ လက်နက်သံတွေ စကြားတုန်းက တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ တပ်မတော် တပ်ရင်းဘက်ကသာ လက်နက်ကြီး လက်နက်ငယ်သံတွေ မိနစ် ၂၀ လောက် ပစ်ခတ်တာကို ကြားရတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှလယ်သမားများအတွက် ယခုနှစ်စိုက်ပျိုးစရိတ်ချေးငွေ ၈၄ ဘီလီယံအထက် ထုတ်ချေးမည်
ရခိုင်ပြည်နယ်မှ လယ်သမားများအတွက် ယခုနှစ်အတွင်း ဘဏ်ချေးငွေ ကျပ်၈၄ ဘီလီယံအထက်ကို ထုတ်ချေးပေးသွားမည်ဟု စစ်တွေမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ အဆိုပါချေးငွေကို လယ်သမားတစ်ဦးလျှင် တစ်ဧကကို ၁ သိန်းခွဲစီဖြင့် ၁၀ ဧကနှုန်း၊ ငွေတစ်ရာတွင် ပြား ၈ဝ အတိုးနှုန်းထားဖြင့် ယခုနှစ် မေလမှစ၍ စက်တင်ဘာလအထိ ထုတ်ချေးသွားမည်ဟု မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက နိရဉ္စရာသို့ပြောသည်။
ရန်ကုန်တိုင်း ကျောက်တန်းတွင် ဖမ်းမိခဲ့သော ဘင်္ဂလီလှေစီးများကြောင့် ရဲအရာရှိတစ်ချို့နှင့် လ၀ကအရာရှိကြီးတစ်ချို့ထောင်ချ အလုပ်ထုတ်ခံရ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ်အပိုင်၊ ကုလားတန်း ကျေးရွာအုပ်စု၊ သံတဲ ကျေးရွာ အနီး ရန်ကုန်မြစ်ဝတွင် စက်လှေ တစ်စီးမှ ဘင်္ဂလီ လူမျိုး ၁၀၂ ဦး ဖမ်းဆီးရမှုနှင့် ဆက်စပ်ပြီး ရဲအရာရှိတစ်ချို့ ထောင်ချခံခဲ့ရသလို လ၀က အရာရှိကြီး ဒါဇင်ဝက်ခန့်ကိုလည်း အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟု နိရဉ္စရာ သတင်းဌာမှ စုံစမ်း သိရှိရသည်။ေ ထာင်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူများမှာ စစ်တွေမြို့နယ် သဲချောင်းတွင် တာဝန်ကျနေခဲ့ကြသည့် ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး အောင်ချမ်းမင်းကို ၂ နှစ်၊ ဒုရဲမှူးစိုးနိုင် တပ်ခွဲမှူးကို ၃ နှစ်၊ ရဲအုပ်ရဲအောင်ကို ၂ နှစ်နှင့် ရဲတပ်သား တစ်ဦး ၃ နှစ် အသီးသီး ချမှတ်ခဲ့ရသည်ဟု သိရသည်။
နယ်စပ်မှာ လူကုန်ကူးမှုများနေဆဲလို့ ရဲမှူး ပြော
တရုတ်-မြန်မာနယ်စပ်မှာ လူကုန်ကူးမှုတွေ လျော့ကျမသွားဘဲ ပိုများလာတယ်လို့ မူဆယ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ရဲမှူး ကျော်ညွန့်က ဒီနေ့ ပြောပါတယ်။ လူကုန်ကူးမှုတွေ အဖြစ်များတဲ့ တရုတ် - မြန်မာနယ်စပ် နန်းတော်ဂိတ်မှာ လူကုန်ကူးမှုအသိပညာပေး လုပ်ငန်းကို မူဆယ်ခရိုင်တာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီနေ့ ကျင်းပတဲ့ပွဲမှာ ရဲမှူး ကျော်ညွန့်က ပြောခဲ့တာပါ။
ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ကြန့်ကြာမှု မြန်မာအစိုးရရှင်းလင်း
ရခိုင်ဒေသ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ နေရပ် ပြန်လာနိုင်ရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးရတာဟာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ဖို့ မရှိတာကြောင့် မဟုတ်ဘဲ၊ ဘင်္ဂလားဒေရှ့်နိုင်ငံဘက် လိုက်ပါဆောင်ရွက်မှု မရှိတာကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြိုးပမ်းမှုနဲ့ ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ ဒီကနေ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းကို မြန်မာအစိုးရ တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြချိန်မှာ အဲ့ဒီလို ပြောဆိုခဲ့တာပါ။ မမေခက အပြည့်စုံ တင်ပြပေးပါမယ်။
အပူချိန်မြင့်မားလို့ အရှားပါးဆုံး ကြယ်လိပ် ၆၂ ကောင် သေဆုံး
မကွေးတိုင်းဒေသကြီး ရွှေစက်တော်ဘေးမဲ့တောထဲက မျိုးသုဉ်းလုနီးပါး ကြယ်လိပ် ၆၂ ကောင်ဟာ ရေဓာတ် ကုန်ခမ်းပြီး သေဆုံးတယ်လို့ သစ်တောဦးစီးဌာန၊ ရွှေစက်တော်ဘေးမဲ့တော ဦးစီးအရာရှိ ဦးအုန်းလွင်က ပြောပါတယ်။ အဲဒီကြယ်လိပ်တွေဟာ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်စွမ်းရှိပေမယ့် အခုလက်ရှိအပူချိန်တွေဟာ ၄၆ ဒီဂရီ စင်တီဂရိတ်ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်မှာ အရပ်သားတဦး မိုင်းထိဒဏ်ရာရ
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဝါးခုတ်တဲ့ ချောင်းတူရွာသားတဦး ဒီနေ့မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မနေ့ကလည်း ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းဘက်မှာ မြန်မာစစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဘက်ထိခိုက်မှုတွေရှိနေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် စိုင်းဒင်ချောင်းရွာသားတွေလည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။ စစ်ရေးတင်းမာမှုတွေနဲ့ အရပ်သားထိခိုက်မှုတွေ များလာနေတဲ့ ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်ပေးပို့ထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အရပ်သား ၁၀ ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲချုပ်က မေလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။ “အဲဒီဖြစ်ရပ်က ပြည်နယ်မြို့တော် ကန်ဒါဟာအနီးက ဟီနိုမီနာရပ်ကွက်မှာ မေလ ၂၃ ရက်ညက ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုရဲ့ပစ်မှတ်ဖြစ်နိုင်စရာကိုတော့ မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးမှုကိုလည်း လုပ်ဆောင်နေဆဲပါပဲ” ဟု ဗိုလ်ချုပ် တတ်ဒင်းန်ခန်းက တွစ်တာပေါ်တွင် ရေးသားထားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီးနှင့် အဖွဲ့ကို ရွေးချယ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် အဖွဲ့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် မေ ၁၂ ရက် နံနက် ၉နာရီ ၀န်းကျင်တွင် လေယာဉ်ရှေ့ဘီးမကျဘဲ အရေးပေါ်ဆင်းသက်ရာတွင် လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် အဖွဲ့သည် ခရီးသည်များကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ပြီး
လေပြင်းတိုက်ခတ်မှုကြောင့် နှစ်လအတွင်း လူ ရှစ်ယောက် သေဆုံး
နှစ်လအတွင်း တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် လူ ရှစ်ယောက် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၄,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ စာရင်းတွေအရ ပြောပါတယ်။ေ လဘေးဒဏ်ကြောင့် စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ ပျက်စီးမှုအများဆုံးဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး မဖြူလဲ့လဲ့ထွန်း က RFA ကို ဒီနေ့ ပြောပါတယ်။
ကျောသားရင်သားမခွဲခြား ဆက်ဆံဖို့ သမ္မတဦးဝင်းမြင့် ညွှန်ကြား
တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရဝန်ထမ်းတွေအနေနဲ့ ကျောသားရင်သားမခွဲဘဲ ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ဥပဒေအတိုင်း ဆုံးဖြတ်ကြဖို့ ပြည်သူတွေကို ဖိနှိပ်တာမျိုးတွေမလုပ်ကြဖို့နဲ့ ဖက်ဒရယ်စနစ်ကိုဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ လိုက်ပါဆောင်ရွက်ကြဖို့ သမ္မတဦးဝင်းမြင့် က နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အစိုးရဝန်ထမ်းတွေကို တိုက်တွန်းလိုက်သလို အဂတိလိုက်စားမှုတွေရှိလာရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။
ပြင်သစ် နိုင်ငံ တွင် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လူအများ ဒဏ်ရာရရှိ
ပြင်သစ် နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Lyon မြို့ တွင် မေလ ၂၄ ရက် ညနေပိုင်း အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ က သံသယ ရှိသူ တစ်ဦး ရှာဖွေဖမ်းဆီး နေကြောင်း သိရှိရသည်။ြ ပင်သစ် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ဗုံးခွဲတိုက်ခိုက်မှု က Lyon မြို့ Bellecour ရင်ပြင် အနီးရှိ မုန့်တိုက် ဝင်ပေါက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများ အနက် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း သိရှိရသည်။အင်ဒိုနီးရှားနိုင်ငံ၏ ဘာလီရှိမီးတောင် ပေါက်ကွဲမှုဖြစ်ပွား၊ မီးတောင်ချော်ရည်များ မှုတ်ထုတ်
အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းရှိ Agung မီးတောင်သည် မေလ ၂၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာနှင့် ချော်ရည်ပူများ မီးတောင်ဝမှ ၃ ကီလိုမီတာအကွာထိ မှုတ်ထုတ်နေခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောခဲ့သည်။ အဆိုပါ မီးတောင်ပေါက်ကွဲမှုသည် အင်ဒိုနီးရှားအလယ်ပိုင်း စံတော်ချိန် (WITA) ၁၉း၃၀ နာရီကဖြစ်ပွားခဲ့ပြီး အချိန်အားဖြင့် ၄ မိနစ် ၃၀ စက္ကန့် ကြာမြင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံ မီးတောင်နှင့် ဘူမိဗေဒ သဘာဝဘေး လျော့ပါးသက်သာရေးစင်တာ (PVMBG) က ပြောကြားခဲ့သည်။နွေစပါးပေါ်ချိန်မှာ ဝယ်သူမရှိ ဖြစ်နေ
တရုတ်နိုင်ငံက မဝယ်တော့တဲ့နောက်ပိုင်းစပါးဈေးဟာ ဆက်တိုက်ကျလာတာပါေ နွစပါးအဓိက စိုက်ပျိုးတဲ့ ဧရာဝတီပဲခူး ရန်ကုန်နဲ့နေပြည်တော်ဒေသတွေမှာ နွေစပါးတွေ ပေါ်နေပါပြီ။ စပါးပေါ်တဲ့အချိန်မှာ ဝယ်သူကမရှိ ဈေးကကျနေတဲ့အတွက်တောင်သူတွေအခက်အခဲဖြစ်နေရတယ်လို့ နေပြည်တော် ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ မဇင်မာလှိုင်က ပြောပါတယ်။ မနှစ်ကအခုလိုနွေစပါးပေါ်ချိန်မှာ စပါတင်းတစ်ရာကို ကျပ် ၆ သိန်း ခွဲဝန်းကျင်နဲ့အရောင်းအဝယ် ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ စပါးဈေးဟာ ၅ သိန်းဈေးအောက်ရောက်ရှိနေပါတယ်။
မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်မယ့် မြန်မာလူငယ်နှစ်ဦး

လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က ဆိုင်ကယ်စီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန် ခရီးအပြီးမှာ တကျော့ပြန်ကြိုးစားတဲ့ ခရီး လာမဲ့မေလ၂၆ ရက်နေ့ မနက်မှာ မြန်မာလူငယ်နှစ်ဦး ဟာ မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ နိုင်ငံပေါင်း ၃၀ မိုင်ပေါင်း ၃သောင်းကျော် ကမ္ဘာပတ်မယ့်ခရီးစဉ်ကို စတင်တော့မှာပါ။ သူတို့ဟာ ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ပြည်သူ့ဥယျာဉ်ရှေ့ ရွှေတိဂုံဘုရားရှေ့ ကနေ စထွက်မှာဖြစ်ပါတယ်။ ရန်ကုန် ပြည် မန္တလေး တောင်ကြီး ကျိုင်းတုံ တာချီလိတ် ကနေ ထိုင်းဘက်ကို စဝင်မယ်လို့လည်းပြောပါတယ်။အိန္ဒိယမီးလောင်မှု ကျောင်းသား ၂၀ သေဆုံး
အိန္ဒိယနိုင်ငံမှာ Gujfrat ပြည်နယ်မှာ အဆောက်အအုံတခု မနေ့က မီးလောင်ခဲ့တာကြောင့် ကျူရှင်လာတက်နေကြတဲ့ အသက် ၂၀ ၀န်းကျင် ကျောင်းသူကျောင်းသား ၂၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယရဲတို့က ဒီကနေ့ပြောပါတယ်။ ဖမ်းထားတဲ့လူ ၃ ဦးထဲက တဦးဟာ ကျူရှင်ဖွင့်နေတဲ့သူ ဖြစ်တယ်လို့ Surat မြို့ ရဲကော်မရှင်နာမင်းကြီး Satish Sharma က သတင်းထောက်တွေကိုပြောပါတယ်။လီယိုနာဒို ဒါဗင်ချီ စိတ်ဂနာမငြိမ် ဖြစ်ခဲ့သလား
မိုနာလီဇာ ပန်းချီကားနဲ့ ကျော်ကြားတဲ့ Renaissance ပန်းချီပညာရှင် Leonardo da Vinci ဟာ ADHD လို့ လူသိများတဲ့ အာရုံစူးစိုက်ရခက်တဲ့ ဂနာမငြိမ်ရောဂါ ရှိလောက်တယ်လို့ ဗြိတိန်နိုင်ငံက စိတ်ပညာပိုင်းဆိုင်ရာ ပါမောက္ခတယောက်က သုံးသပ်ပါတယ်။ ပန်းချီ၊ သိပံ္ပ၊ ဗိသုကာ၊ ဂီတ၊ သင်္ချာ၊ အင်ဂျင်နီယာနဲ့ မြေပုံရေးဆွဲတဲ့ ပညာတွေနဲ့ ဘက်စုံတော်တဲ့ Leonardo da Vinci သေဆုံးသွားတာ နှစ် ၅၀၀ ကျော်ချိန်မှာ အခုလို သုံးသပ်တဲ့ စာတမ်းတခု ထွက်လာတာပါ။ဖမ်းဆီးစစ်ဆေးခံနေရသူ ကျောက်တန်းကျေးရွာသား ၈ ဦးကို ဇွန်လ ၆ ရက်နေ့တွင် ရုံးထုတ်မည်
ရခိုင်ပြည်နယ် ကျောက်တန်းကျေးရွာမှ ရခိုင်တပ်တော် AA နှင့် ဆက်စပ်ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ကျေးရွာသား ၈ ဦးကို ဇွန်လ ၆ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အခုကတော့ စစ်တွေမြို့မရဲစခန်းမှာ ချုပ်ထားပါတယ်။ ဇွန်လ ၆ ရက်နေ့မှာ ရုံးထုတ်မယ်လို့ သိရပါတယ်” ဟု ဖမ်းဆီးစစ်ဆေးခံနေရသူ မောင်သိန်းအေးမောင်၏ မိခင်ဖြစ်သူ ဒေါ်အေးသားချေက ပြောသည်။
လွိုင်ကော်-ရှားတောသွားကားလမ်းပိုင်း၌ ယာဉ်တစ်စီးချောက်ထဲထိုးကျ၍ ယာဉ်မောင်းသေဆုံးကာ သုံးဦးဒဏ်ရာရ
ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ မြောက်ပိုင်းစုစည်းကျေးရွာတွင် လွိုင်ကော်မှ ရှားတောသို့ မောင်းနှင်လာသော ယာဉ်တစ်စီး မေ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း ကီလိုတိုင်အမှတ် ၃၉.၅ နှင့် ၄၀ အကြား (ပွန်ချောင်းရွာအထက်(၅)မိုင် ) ဘေလီတံတားပေါ်ကွေ့တွင် ကားနောက်ပြန်လိမ့်ကျရာမှ ချောက်ထဲထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ဆွေးနွေး
ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ နေရပ်ပြန်နိုင်ရေး အကောင်အထည်ဖော်ပေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးအသင်း KHCC တို့ မနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။
Saturday, May 25, 2019
ယူကရိန်း သင်္ဘောသားတွေကို ရုရှားက ဖမ်းထားခြင်းအပေါ် နိုင်ငံတကာခုံရုံးက စီရင်ချက် ချမည်
ပြီးခဲ့တဲ့နှစ်က ခရိုင်းမီးယားကျွန်းဆွယ်မှာ ယူကရိန်းသင်္ဘောသား ၂၄ ဦးနဲ့ ရေတပ်စစ်သင်္ဘော သုံးစင်းကို ရုရှားက ဖမ်းဆီးထားတဲ့ အငြင်းပွားမှုအပေါ် နိုင်ငံတကာခုံရုံးတစ်ရပ်က မေ ၂၅ ရက်မှာ စီရင်ချက် ချဖို့ ရှိနေပါတယ်။ ဂျာမနီဆိပ်ကမ်းမြို့ ဟမ်းဘတ်ခ်ျမြို့က ပင်လယ်ဥပဒေဆိုင်ရာနိုင်ငံတကာခုံရုံးမှ တရားသူကြီး ဂျင်ဟောင်ပိုက်က ဂရင်းနစ်စံတော်ချိန် ၁၀၀၀ နာရီမှာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြေညာလိမ့်မှာ ဖြစ်ပါတယ်။
Express ကား နှင့် ၁၂ ဘီးကုန်ကား မျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေလ ၂၅ ရက်နေ့လည် ၁ နာရီ ၃၀မိနစ်အချိန် အောင်မြင်မြင့်မိုရ် ဆေးရုံရှေ့၌ Express ကား နှင့် ၁၂ ဘီးကုန်ကားတို့မျက်နှာချင်းဆိုင်တိုက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်မှ ပြည်ဘက်သို့ မောင်းနှင်လာသောHI/----------Express ကား နှင့် ကြို့ပင်ကောက် မြို့ထဲမှ မောင်းနှင်လာသော 7K/------ ကုန်ကားတို့မျက်နှာချင်းဆိုင်တိုက်မိ၍ Expressကားပေါ်မှ စပါယ်ယာမှာ ကားထဲညပ်သေဆုံးနေကြောင်း အနီးဝန်းကျင် ဒေသခံများထံမှ သိရှိရသည်။ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့်မြောက်ဥက္ကလာပတို့၌ မူးယစ်ဆေးများသိမ်းဆည်းရမိ
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ် ကွက်ရှိ နေအိမ်တစ်အိမ်ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့ရာ ငွေကျပ် ၁၇ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့က မေ ၂၄ ရက်က သတင်းထုတ်ပြန်သည်။ေ မ ၂၂ ရက် ညပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သတင်းအရ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက် ဗိုလ်မြင့်အောင်လမ်း၌ နေထိုင်သည့် ကိုမြင့်သူ အသက် (၃၀) မောင်း နှင်သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေခဲ့ရှာ ၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ် ကပ်အတွင်းမှ စိတ်ကြွဆေးပြား ၁၆၃ ပြား နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိခဲ့သည်။
ရန်ကုန်- ဆိပ်ကြီးခနောင်တို သမ္ဗာန်စီးခ လက်မှတ်စနစ် ဇွန်လကစပြီး ပြောင်းလဲမည်
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ကို ရန်ကုန်ဝါးတန်းဆိပ်ကမ်းကနေ ပြေးဆွဲနေတဲ့ သမ္ဗာန်စီးခတွေ ဇွန် ၁ ရက်နေ့ကစပြီး လက်မှတ်စနစ်နဲ့ စတင်ပြောင်းလဲတော့မယ်လို့ ရွှေရန်ကုန်စက်တက်ယာဉ်လိုင်းအသင်းက ပြောပါတယ်။ ဆိပ်ကြီးခနောင်တိုနဲ့ ရန်ကုန်ကို ပြေးဆွဲနေတဲ့ စက်လှေတွေကို စီးနင်းတဲ့ ပြည်သူတွေဟာ အရင်က လက်ငင်းငွေချေစနစ်နဲ့ သမ္ဗာန်မောင်းတဲ့သူတွေကို တိုက်ရိုက်ပေးစီးနင်းရတာဖြစ်ပြီး အဲဒီလိုပေးစီးရာမှာ ငွေအကြွေပြဿနာ၊ သမ္ဗာန်မောင်းသူတွေဟာ ရေလည်မှာစက်ရပ်ပြီး ပိုက်ဆံကောက်ခံတာတွေကြောင့် အခုလိုစနစ် ပြောင်းလဲရတာလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
မုံရွာမြို့နယ်တွင်းရှိ စာသင်ကျောင်းနှစ်ကျောင်းတွင် Save Monywa အဖွဲ့က အရိပ်ရအပင်များ မကြာမီ စတင်စိုက်ပျိုးပေးမည်
မုံရွာမြို့မှ လူငယ်များစုပေါင်းဖွဲ့စည်းထားသော Save Monywa အဖွဲ့က မုံရွာမြို့နယ် အောင်သာကျေးရွာရှိ အလယ်တန်းကျောင်းနှင့် မုံရွာ အိုးဘိုးတောင်ရပ်ကွက်ရှိ အထက်တန်းကျောင်းခွဲတို့တွင် အရိပ်ရအပင်များ သွားရောက်စိုက်ပျိုးပေးတော့မည်ဖြစ်ကြောင်းသိရသည်။ လာမည့် ဇွန်လ ၁၂ ရက်နေ့တွင် ထိုသို့သွားရောက်စိုက်ပျိုးပေးမည်ဖြစ်ပြီး စိုက်ပျိုးရန်မြေနေရာ၊ မြေသားအခြေအနေ စသည်တို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီးဖြစ်သည်။
ဂျပန်နိုင်ငံ ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ
ဂျပန်နိုင်ငံ တောင်ပိုင်း ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်တစ်ခု မေလ ၂၅ ရက်က လှုပ်ရှားသွားကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃း၂၀ နာရီက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြောက်လတ္တီကျု ၃၅.၃ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၀.၃ ဒီဂရီ၊ မြေအောက်အနက် ၄၀ ကီလိုမီတာ၌ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုငလျင်အား ချီဘားစီရင်စုရှိ အချို့နေရာများ၌ အဆင့် ၅ အောက်သတ်မှတ်ထားသည်ဟု ဆိုသည်။ ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပေ။
ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးရေကန်အတွင်း သန့်ရှင်းသာယာလှပရေးကို ပြင်ဦးလွင်တပ်နယ်မှူး ဦးဆောင်သော တပ်မတော်သားများနှင့် နယ်မြေခံ အဖွဲ့အစည်းများအားလုံး စုပေါင်းလုပ်အားပေးခဲ့
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးရေကန် သန့်ရှင်းသာယာလှပစေရေးအတွက် ပြင်ဦးလွင်တပ်နယ်မှူး ဦးဆောင်သော စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ၀န်ထမ်းများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူရေးအသင်းအဖွဲ့များ၊ စည်ပင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၈၂၃) ဦးခန့်သည် ယနေ့ နံနက် (၇) နာရီက ရေကန်အတွင်းနှင့် ရေကန်ဘောင်တလျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းလုပ်အားပေးကြသည်။နေပြည်တော်မှ အစပြုကာ တစ်နိုင်ငံလုံးရှိအခြေခံပညာကျောင်းများတွင် ၀က်သက်ဂျိုက်သိုးနှင့် ဆုံဆို့နာ ကာကွယ်ဆေးများ ထိုးနှံပေးမည်
နေပြည်တော်ကောင်စီ ၈ မြို့နယ်မှအစပြုကာ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများမှ ကလေးများကို ၀က်သက်ဂျိုက်သိုးနှင့် ဆုံဆို့နာကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောသည်။ေ မလ၂၄ ရက်တွင် အကုန်သိသတင်းဌာနမှဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
မြန်မာ့ဆန် နယ်စပ်မှ တရုတ်သို့တင်ပို့မှု ရပ်ဆိုင်းလုနီး
မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ နယ်စပ်မှ တင်ပို့မှုမှာ ရပ်ဆိုင်းလုနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဦးရဲမင်းအောင် က The Voice Journal သို့ ပြောကြားသည်။ ပြီးခဲ့သည့်လ အနည်းငယ်အတွင်းမှစ၍ မူဆယ်ကုန်သည်များ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် ခက်ခဲလျက်ရှိပြီး မြန်မာဘက်က တင်ပို့မှုများကို တရုတ်နိုင်ငံဘက်က တရားမဝင်ကုန်သွယ်မှုနှိမ်နင်းရေး စီမံချက်အရ ဖမ်းဆီးလျက်ရှိသည်။
လမိုင်းမြို့၊ အွန်လိုင်းငွေစုမဲကိစ္စကြောင့် အနုကြမ်းစီးသူလေးဦးအနက် သုံးဦးကို ဖမ်းမိ
ရေးမြို့နယ် လမိုင်းမြို့ (၂)ရပ်ကွက်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် နေအိမ်ပေါ်တက်ကာ ကော်စေ့သေနတ်ဖြင့် ခြိမ်းခြောက်၍ အွန်လိုင်း စုမဲငွေကြေးတောင်းခံခဲ့သူ လေးဦးအနက်သုံးဦးကို အခင်းဖြစ်နေစဉ် ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ြ ဖစ်စဉ်မှာ ယမန်နေ့ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် ကအချိန် ရေးမြို့နယ် လမိုင်းမြို့ (၂)ရပ်ကွက်နေ ဦးဖေစန်း(၅၉)နှစ်သည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ဦးအောင်(၅၅)နှစ်ပါ ကျား လေးဦးတို့မှာ ယာဉ်နံပါတ်မပါ Surf ယာဉ်(လိုင်စင်-စိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး ၎င်းအား လက်ထိပ်ခတ်ကာ “မင်းဆီမှာ ပိုက်ဆံထုပ်တွေရှိလား၊ ရှိလျှင်ထုတ်ပေး”ဟု ပြောဆိုရာ ၎င်းက မရှိကြောင်းပြောကြားခဲ့သဖြင့် လမိုင်းမြို့၏ တောင်ဘက် လေးဖာလုံခန့်အကွာရှိ ရာဘာခြံအတွင်းသို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းများကို ကူညီပေးရန် Myanmar -China Business Association ဖွဲ့စည်း
လက်ရှိပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် တရုတ်ကုမ္ပဏီများ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် အကူအညီပေးရန်Myanmar -China Business Association ဖွဲ့စည်းထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်ကပြောသည်။ "အသင်းချုပ်မှာ Myanmar -China Business Association ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန်လုပ်ငန်းစဉ်မှာလဲ ပါဝင် ဆောင်ရွက်ခွင့် ရတဲ့အတွက် လုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရေးအတွက်လဲဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
အခြေခံပညာစာသင်ကျောင်းများတွင် မန္တလေးတပ်နယ်နှင့် မကွေးတပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးလုပ်အားပေး
ယခုနစ်ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတပ်နယ်နှင့် မကွေးတပ်နယ်မှ တပ်မတော်သားများက နန်းမြို့တွင်းရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းနှင့် မကွေးမြို့ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းဝင်းအတွင်းရှိအမှိုက်များကိုရှင်းလင်းခြင်း၊ ကျောင်းဆောင်များနှင့်စာသင်ခန်းများရှိ ဖုန်နှင့်အမှိုက်များကို ရှင်းလင်းသုတ်သင်ခြင်း၊ စာသင်ခုံများ သန့်ရှင်းရေးပြုလုပ်ပြီး စနစ်တကျနေရာချထားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
ရပ်ကွက်လေးရဲ့ မဟာစီမံကိန်း
မန္တလေးတိုင်း ဒေသကြီး မြင်းခြံ ခရိုင် တောင်သာမြို့မှာ ရပ်ကွက်လေးတစ်ခုရှိပါတယ်။ ရပ်ကွက်ဆိုတဲ့အ တိုင်း အိမ်ခြေစုစုပေါင်းမှ ၆၀ သာသာရှိတဲ့ ရပ်ကွက်သေးသေးလေးတစ်ခုပါ။ အဲဒီရပ်ကွက်လေးဟာ အခုလာမယ့် ဇွန်လ ၁ ရက်ကစလို့ စီမံကိန်းကြီးတစ်ခု စတင် အကောင်အထည်ဖော်ကြဖို့ ရပ်ကွက်သူရပ်ကွက်သားတွေ တိုင်ပင်ထားပါတယ်။ အားလုံးက လည်း သဘောတူလက်ခံလို့ မကြာခင် အဲဒီစီမံကိန်းကြီး စတော့ မှာပါ။ အဲဒီစီမံကိန်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မပါဘူး။ စီမံကိန်းက ရေတိုမဟုတ်ဘူး၊ ရေရှည်ပါ။ ဘယ်လောက်ရှည်သလဲ ဆိုတော့ ရှစ်နှစ်ကြီးများတောင် ကြာမှာပါ။ ရှစ်နှစ်ကြာမယ့် ရပ် ကွက်ကလေးရဲ့ စီမံကိန်း... ဘာ များပါလိမ့်။
မန္တလေးမြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲအကြို ကုသိုလ်ပြုအစီအစဉ်ကျင်းပ
သာသနာ့ဒါယကာ ပဉ္စမသင်္ဂါယနာတင်ဘ၀ရှင်မင်းတုန်းမင်းတရားကြီးတည်ထောင်ခဲ့တဲ့ ရတနာပုံမ်ရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲအကြို ကုသိုလ်ပြုအစီအစဉ်အဖြစ် မနေ့ကမနက်ပိုင်းက မြနန်းစံကျော်ရွှေနန်းတော်အရှေ့စမုခ်ဆောင်မှာကျင်းပခဲ့ပါတယ်။ ရတနာပုံမ်ရွှေမြို့တော်(မန္တလေး)မြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို မြန်မာ တော်ဝင်အနွယ်တော်များအစည်းအရုံးကဦးဆောင်ပြီး မေလ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး မနေ့ကမနက်ပိုင်းက မြနန်းစံကျော်ရွှေနန်းတော်အရှေ့စမုခ်ဆောင်မှာ သံဃာတော် ၁၀၈ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ညနေပိုင်းမှာ စန္ဒာမုနိဘုရားအရှေ့မုခ်မှာ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ပေါင်မြို့တွင် (၈)နှစ်အရွယ် မိန်းကလေးကို ဆယ်ကျော်သက်အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်
မွန်ပြည်နယ် ပေါင် မြို့နေ အသက် (၈)နှစ်အရွယ် မိန်းကလေးငယ်ကို ဆယ်ကျော်သက် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်သောကြောင့် အမှုဖွင့်ထားကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးအေးဆွေက ပြောသည်။ အိမ်တစ်ဝိုင်းတည်းနေသတ္တမတန်းအောင်ထားသူ အသက်(၁၄)နှစ်နှင့် (၁၅)နှစ်အရွယ် အမျိုးသားနှစ်ဦးက (၈)နှစ်အရွယ် မိန်းကလေးကို လွန်ခဲ့သည့် ၁၀ရက်ခန့်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သဖြင့် အဘွားဖြစ်သူက မေလ ၂၃ ရက်တွင် ပေါင်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
တပ်မတော်မှ အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့သူ တစ်နှစ်အတွင်း ၈၂ ဦးရှိ
တပ်မတော်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သူအများဆုံးဖြစ်သည်။ ၂၀၁၈ အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အ ရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့သူ ၈၂ ဦးရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစောဗယ်လင်တိုင်းက ပြောသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက်ဝန်ကြီးဌာန၊ အဖွဲ့အ စည်းများသို့ ပြောင်းရွှေ့သူ ၂၂ ဦး၊ အရပ်ဘက်ဝန်ကြီးဌာနများမှ ကာကွယ်ရေးဝန်ကြီးဌာနထံ ပြန် တမ်းဝင်အရာရှိတောင်းခံသဖြင့် ပြောင်းရွှေ့သူ ၆၀ ဦးဖြစ်သည်။
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KHCC တို့ မြစ်ကြီးနား၌ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ရန် ညှိနှိုင်း မိမိအစီအစဉ်ဖြင့် နေရပ်ပြန်သွားသည့် စစ်ရှောင်များ လုံခြုံရေးနှင့် ထောက်ပံ့ရေး ဆောင်ရွက်ရန် သဘောတူ
ပြည်ထောင်စုအစိုးရနှင့် ကချင်ပြည်နယ်အစိုးရ တာဝန်ရှိ သူများ ပါဝင်သည့် ကချင်ပြည် နယ်ရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့နှင့် ကချင်ဘာသာရေးခေါင်း ဆောင်များဖြင့် ဖွဲ့စည်းထားသော ကချင်ဒေသ စစ်ဘေးရှောင်ပြည် သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)သည် ယမန်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံ၍ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့သည်။
ကား ၄၅ စီးဝယ်ရန် ဘတ်ဂျက်တင်ခြင်း စည်ပင်အရာရှိများအတွက်သာဖြစ်ဟုဆို
ရန်ကုန်စည်ပင်က ၂၀၁၉-၂၀ လျာထားဘတ်ဂျက် တွင် ကား ၄၅ စီး ၀ယ်ယူရန် ထည့် သွင်းထားခြင်းသည် ကော်မတီ ၀င်၊ ဌာနမှူးနှင့် အကြံပေးပုဂ္ဂိုလ် များအတွက် မဟုတ်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြန်လည်ရှင်း လင်းသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရ၏ ၂၀၁၉-၂၀ လျာထားဘတ် ဂျက်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက Double Cap အစီး ၂၀ နှင့် ဆလွန်းကား ၂၅ စီး ၀ယ်ယူရန် ထည့်သွင်း ထားပြီး ယင်းကားများကို စည်ပင် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အကြံပေးပုဂ္ဂိုလ်များ စီးနင်းရန် ဖြစ်သည်ဟု ဦးကျော်ဇေယျ ပြော စကားကို ကိုးကား၍ မီဒီယာ အချို့တွင် ဖော်ပြခဲ့သည်။
ကစားသမားများ ကျေနပ်မနေရန် ဘိုင်ယန်ဥက္ကဋ္ဌ သတိပေး
ယနေ့ည RB လိုက်ပ် ဇစ်နှင့် ကစားမည့် DFB ပိုကယ် ဖလားဗိုလ်လုပွဲမတိုင်မီ ဘိုင်ယန် မြူးနစ်ဥက္ကဋ္ဌ အူလီဟိုးနက်စ်က ကိုယ့်ကိုယ်ကိုယ် အားရကျေနပ် ခြင်းမရှိရန် ကစားသမားများကို သတိပေးသည်။ ဘိုင်ယန်သည် ဘွန်ဒက်စ်လီ ဂါ အမှတ်ပေးဖလား ချန်ပီယံဘွဲ့ ကို ဆက်လက်ထိန်းသိမ်းရန် အ သည်းအသန် ကြိုးပမ်းခဲ့ရပြီး နောက်ဆုံးပွဲစဉ်အရောက် အနီး ကပ်ဆုံးပြိုင်ဘက်ဒေါ့မွန်ထက် နှစ်မှတ်အသာဖြင့် ချန်ပီယံဖြစ်ခဲ့ သည်။
ကောင်းဆက်နိုင်ကို စစ်ကိုင်းယူနိုက်တက် ခေါ်ယူ
ယခုရာသီတွင် ပုံစံကောင်းပြသနေသည့် မြန်မာလိဂ်ကလပ် စစ်ကိုင်းအသင်းသည် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကောင်းဆက်နိုင်ကို ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီ ထားကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။ အသက်(၂၆)နှစ် အရွယ် ကောင်းဆက်နိုင်သည် ရန်ကုန် လူငယ်အသင်းမှ ပေါ်ထွက်လာသည့်ကစားသမားဖြစ်ပြီး ၂၀၁၆ ဘောလုံးရာသီက ရန်ကုန်အသင်းမှ ထိုင်းကလပ် ဆာမက်ဆာခွန် အသင်းသို့ ခုနစ်လ အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့သည်။
အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ၌ မြန်မာအသင်း လက်ရှိချန်ပီယံနှင့် တစ်အုပ်စုတည်းကျ
အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် မြန်မာအသင်းသည် အုပ်စု (ခ) ၌ လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ ထိုင်းနိုင်ငံ၌ ကျင်းပမည့် အဆိုပါ ပြိုင်ပွဲနောက်ဆုံး အဆင့်တွင် ရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင် ထိုင်း၊ မြောက်ကိုရီးယား၊ သြစ တြေးလျ၊ ဗီယက်နမ် အသင်းတို့ ပါဝင်သည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု (ခ) ပွဲစဉ်များကိုအောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက် အထိ ထိုင်းနိုင်ငံ ချောင် ဘူရီမြို့ရှိIPE ChonburiStadium ၌ ကျင်းပမည် ဖြစ်သည်။
တရားရေးဆိုင်ရာ ကောလိပ်နေပြည်တော်တွင် တည်ထောင်မည်
အုပ်ချုပ်ရေးမြို့ တော် နေပြည်တော်တွင် တရား ရေးဆိုင်ရာ ကောလိပ် (Judicial College) ကို ၂၀၁၉ အတွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြောသည်။ ‘‘Judicial College ကို ရေရှည်အခြေအနေများအပေါ် ချင့်ချိန်ပြီး နေပြည်တော်မှာ တည် ဆောက်ဖို့ ဆောင်ရွက်နေပါ တယ်’’ဟု ၎င်းက ပြောသည်။ ယင်းကောလိပ်ကို နေပြည်တော်ဥတ္တရ သီရိမြို့နယ်တွင် ဆောက်လုပ် မည်ဖြစ်သည်။
ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားသည့် မန်းမဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီဝင်ခုနစ်ဦးကို အစိုးရတရားစွဲ
လိဂ်ဒုတိယအကျော့တွင် ရတနာပုံအိမ်ကွင်းအဖြစ် မန္တလာသီရိကွင်း အသုံးပြုမည်
ရတနာပုံအသင်း အိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဗထူးအားကစားကွင်းကို အကြီးစား ပြင်ဆင်နေသဖြင့် မြန်မာလိဂ်ဒုတိယအကျော့ပွဲစဉ်များကို မန္တလာသီရိကွင်းသို့ ပြောင်းရွှေ့ ကစားမည်ဖြစ်ကြောင်း အသင်းအထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင် က ပြောသည်။ ‘‘အသင်းဘက်ကနေ မြန်မာလိဂ်ကော်မတီကို ကွင်းအသုံးပြု ခွင့် တင်ထားပြီးပါပြီ။ မြန်မာလိဂ် ဘက်ကနေ ၀န်ကြီးဌာနကို ဆက်တင်ထားပါတယ်။ ၀န်ကြီးဌာနဘက်ကတော့ ပြန်ပြီးအကြောင်း ကြား စာမရသေးဘူး။ မန္တလာသီရိကွင်းကို ပြောင်းဖို့ကတော့ သေချာပါပြီ’’ဟု ၎င်းကဆိုသည်။
ပြည်ပမှ သကြားတင်ပို့မှု (Re-Export) ပြုလုပ်ခဲ့သည့် ကုမ္ပဏီ ၁၄၀ ကျော် တင်ပို့သည့်ပမာဏအမှန်ကို နှစ်လအတွင်း စာရင်းရှင်းရမည် စာရင်းမရှင်းပါက စည်းကမ်းအတိုင်း အရေးယူမည်
Re-Export စနစ်ဖြင့် သကြားတင်ပို့ခဲ့သည့် ကုမ္ပဏီ ၁၄၁ ခုကို အမှန်တကယ်တင် သွင်း၊ တင်ပို့ခဲ့သည့် ပမာဏအ တိုင်း နှစ်လအတွင်း စာရင်းလာ ရှင်းပြရမည်ဟု ကုန်သွယ်ရေး ဦးစီးဌာနက မေလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။ စာရင်းလာမရှင်းပါက စည်း မျဉ်းစည်းကမ်းအတိုင်း အရေးယူမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေ ဖြင့် မဖြစ်မနေ စာရင်းရှင်းရမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
ဗန်းမော်မြို့ မြန်မာ့စီးပွားရေးဘဏ်အတွင်း ဝင်ရောက်လုယက်သည့် အမျိုးသားကို ဖမ်းမိ
ဗန်းမော်မြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်အတွင်းသို့ အမျိုး သားတစ်ဦး ဓားဖြင့်ဝင်ရောက်၍ လုယက်ရန် ကြိုးစားရာ ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။ မေလ ၂၄ ရက် မွန်းလွဲ ၃ နာ ရီခန့်တွင် အထက်ပါဖြစ်ရပ်ဖြစ် ပွားပြီး လုယက်ရန် ကြိုးစားသောအသက် (၃၀) အရွယ်ခန့် အမျိုးသားကို ဖမ်းဆီးထားသည်။ ‘‘ဘဏ်ထဲကနေ လူတစ် ယောက် ပြေးထွက်လာတာ၊ ဘဏ်ထဲက လူတွေကအနောက် က လိုက်လာရော။ ဖမ်းဖို့ကြိုးစား တယ်။ အနားကပ်လို့မရဘူး ဓား နဲ့ယမ်းတာ’’ ဟု အထက်ပါဖြစ်ရပ် ကို မျက်မြင်တွေ့ခဲ့သည့် ဗန်း မော်မြို့ခံတစ်ဦးက ပြောသည်။
၂ နှစ်ကျော်အတွင်း ပညာရေးဝန်ထမ်း ၁,၇၀၀ ခန့်ကို ၀န်ထမ်းစည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူ
၂ နှစ်နှင့် ကိုးလအတွင်း ပညာရေးဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်း ၁,၆၉၆ ဦး ကို ၀န်ထမ်းစည်းကမ်းဆိုင်ရာ ပြစ် ဒဏ်ချမှတ်အရေးယူခဲ့ပြီး ၀န် ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူ ၁၂၇ ဦးရှိသည်ဟု ပညာရေးဝန် ကြီးဌာနက ကြေညာချက်ထုတ် ပြန်သည်။ ၂၀၁၆ ဧပြီမှ ၂၀၁၉ ဇန်န၀ါ ရီအထိ ၂ နှစ်နှင့်ကိုးလအတွင်း ၀န်ထမ်းစည်းကမ်းဆိုင်ရာ ပြစ် ဒဏ်ချမှတ် အရေးယူခံရမှုများ တွင် စာဖြင့် သတိပေးခံရသူ ၁,၀၃၂ ဦး၊ နှစ်တိုးလစာရပ်ဆိုင်း ခံရသူ ၉၂ ဦး၊ ရာထူးတိုးရပ်ဆိုင်း ခံရသူ ၁၂ ဦး၊ ရာထူးအဆင့်လျှော့ ချခံရသူ ၅၄ ဦး၊ ဆုံးရှုံးမှုတန်ဖိုး ပေးလျော်ရသူ သုံးဦး၊ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူ ၂၁ ဦး၊ ရာ ထူးမှ ထုတ်ပယ်ခံရသူ ၃၅၅ ဦး၊ ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူ ၁၂၇ ဦးရှိသည်ဟု ပညာရေးဝန် ကြီးဌာနက ကြေညာသည်။
တရုတ်နည်းပြအဖြစ် မာဆယ်လိုလစ်ပီ ပြန်လည်ကိုင်တွယ်
အာဆီယံဝန်ဆောင်မှု ကုန်သွယ်ရေး သဘောတူစာချုပ်တွင် မြန်မာ လက်မှတ်ရေးထိုးမည်
အာဆီယံဝန် ဆောင်မှုကုန်သွယ်ရေးသဘော တူစာချုပ်၌ မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထိုးရန် ပြည်ထောင် စုလွှတ်တော်က မေလ ၂၃ ရက်တွင် အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံက အထက်ပါ စာချုပ်ကို ယခုနှစ်နိုဝင်ဘာတွင် ကျင်းပမည့် (၃၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအ ဝေး၌ အခြားအာဆီယံနိုင်ငံများ နှင့်အတူ လက်မှတ်ရေးထိုးမည် ဖြစ်သည်။
ဝေဠုကျော်အမှုတွင် တရားလိုဘက်က တင်သွင်းသည့် အသံဖိုင်များ ပြတ်သားခြင်းမရှိ၍ ပြန်လည်တင်သွင်းရမည်
ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဝေဠု ကျော်၏အမှုအတွက် တရားလို ဘက်က တင်ထားသည့် အသံဖိုင် များသည် ပြတ်သားမှုမရှိသော ကြောင့် ပြန်လည်တင်သွင်းရန် ပြောကြားထားကြောင်း ဝေဠု ကျော်ဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးဖိုးဖြူက ပြောသည်။ ‘‘အသံဖိုင်က ဝါးနေတယ်၊ မကြည်လင်တာမျိုးတွေရှိတယ်။ တချို့မိနစ်တွေဆိုရင် စကားပြော ထားတာမရှိဘဲနဲ့ အချိန်တွေဖြုန်း သလိုဖြစ်နေတယ်။ အဲဒါကြောင့် ဒီထက်ပိုကောင်းတဲ့ အသံဖိုင်တွေ တင်ပေးဖို့ ရုံးတော်ကို လျှောက် ထားခဲ့တယ်’’ဟု ၎င်းက ပြော သည်။
ကျောင်းဆိုင်ခန်းနေရာများ ပြန်လည်မအပ်ပါက တရားစွဲဆိုရန် ပညာရေးဝန်ကြီးဌာန ဆုံးဖြတ်ထား ယခင်အစိုးရစာရင်းအရ ရန်ကုန်တိုင်းအတွင်း ကျောင်းသက်သာဆိုင် ၄,၇၀၀ ကျော်ရှိ
အခြေခံပညာ ကျောင်းမြေနေရာများ၌ ဆိုင် ခန်းငှားရမ်းမှုများ လုံးဝခွင့်မပြု တော့ဘဲ ငှားရမ်းပြီးကိစ္စများတွင် စာချုပ်ပြည့်ချိန် နေရာပြန်မအပ် ပါက တရားစွဲဆိုမည်ဟု ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ေ မလ ၂၄ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ကျိုက်မရောမဲဆန္ဒ နယ်မှ ဦးစောကျော်ဝင်း၏ ပညာ ရေးဝန်ကြီးဌာနပိုင် မြေနေရာများ ၌ အဆောက်အအုံ ဆိုင်ခန်း ငှားရမ်းထားခြင်းများကို ဖျက် သိမ်းပြီး ပြန်လည်ရယူခြင်းဆောင် ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေး ခွန်းနှင့်ပတ်သက်ပြီး ဖြေကြားရာ တွင် ပညာရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားသည်။
ဒေါက်တာလဲ့လဲ့မော်အမှု တနင်္သာရီတိုင်း ဒုလွှတ်တော်ဥက္ကဋ္ဌကို လိုပြသက်သေအဖြစ် ခေါ်စစ်
ဒေါက်တာလဲ့လဲ့မော် အမှုနှင့်ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် တနင်္သာရီတိုင်း ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးကြည် စိုးကို ယမန်နေ့ ရုံးချိန်း၌ ပထမ အကြိမ် စတင်စစ်မေးသည်။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော် သည် ရာထူးတာဝန်ကို အလွဲသုံး၍ အဂတိလိုက်စားသည်ဆိုကာ ၎င်း အပါအဝင် GGS ကုမ္ပဏီထိပ်တန်း တာဝန်ရှိသူ သုံးဦးကို အဂတိ တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နှင့် ပုဒ်မ ၅၅/၆၆ တို့ဖြင့် တိုင်းတရားလွှတ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်စုံစမ်း စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်း က အမှုလေးမှုခွဲကာ တရားစွဲဆို ထားသည်။
ကုန်သွယ်နိုင်မှုကဏ္ဍတွင် ရန်ကုန်တိုင်းပထမ ကုန်သွယ်ဖက် နိုင်ငံစာရင်းတွင် တရုတ်က ထိပ်ဆုံး၌ ရပ်တည်
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အောက်တိုဘာမှ မတ် လအထိ တိုင်းဒေသကြီး၊ ပြည် နယ်အလိုက်ကုန်သွယ်မှုကဏ္ဍ အကောင်အထည်ဖော်နိုင်မှု အ ခြေအနေတွင် ရန်ကုန်တိုင်းဒေသ ကြီးသည် ပါဝင်မှုအချိုးအစားအ များဆုံးဖြစ်ကြောင်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လ ပတ်အမျိုးသားစီမံကိန်းအစီရင်ခံ စာတွင် ထည့်သွင်းဖော်ပြထား သည်။
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း တစ်ကျော့ပြန်မြင့်တက်
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် မြင့်တက်ခဲ့သည်။ ပြည်တွင်း စက်သုံးဆီဈေး သည် မေလလယ်က အနည်းငယ် ကျဆင်းပြီးနောက် ယခုရက်ပိုင်း အတွင်း ပြန်လည်မြင့်တက်လာ သည်။ မေလလယ်က အောက်တိန်း- 92 တစ်လီတာ ၈၉၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာ ကျပ် ၉၇၀၊ ဒီဇယ်တစ်လီတာ ကျပ် ၁,၀၀၀ နှင့် ပရီမီယံဒီဇယ်တစ်လီ တာ ကျပ် ၁,၀၁၀ နှုန်းဖြင့် ရောင်း ချခဲ့သည်။
သစ်ထွက်ရှိရာဒေသများ၌ အချောထည်စက်ရုံဆောက်ပေးရန် အစိုးရကိုတိုက်တွန်းသည့်အဆို လွှတ်တော်လက်ခံဆွေးနွေးမည်
မြန်မာနိုင်ငံတစ် ၀န်းရှိ ကျွန်းသစ်နှင့် ဈေးကွက်ဝင် သစ်မာများ ထွက်ရှိရာဒေသများ ၌ အစိုးရကသစ်အချောထည်စက် ရုံများတည်ဆောက်ပေးပြီး လို အပ်သော နည်းပညာနှင့်အရင်းအနှီးများပံ့ပိုးပေးရန် တိုက်တွန်း ကြောင်းအဆိုကို လက်ခံဆွေး နွေးရန် မေလ ၂၄ ရက်တွင် ကျင်း ပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက သဘောတူခဲ့ သည်။ ယင်းအဆိုကို ကန်ပက် လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးညွန့်ဝင်း က တင်သွင်းခြင်းဖြစ်ပြီး မကွေး တိုင်းဒေသကြီး ထီးလင်းမဲဆန္ဒ နယ်မှ ဦးဉာဏ်လင်းဦးကထောက် ခံဆွေးနွေးခဲ့သည်။
ကျောက်ဆည်တွင် တရားမ၀င်ကာမအားဆေးထုတ်လုပ်သူကို အရေးယူ
ကျောက်ဆည်မြို့တွင် တရားမ၀င်ထုတ်လုပ်နေသော ကျပ် သိန်း ၂၀၀ ကျော်တန်ဖိုးရှိ အမျိုး သားကာမအားတိုးဆေးနှင့် ထုတ်လုပ်သည့်စက်နှစ်လုံးကို မေလ ၂၃ ရက်က ဖမ်းဆီးမိခဲ့သည်။ အိမ်သုံးဆေးဝါးအတုများ ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သ တင်းပေးမှုအရ မေလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်က ကျောက် ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် ၌ သံပန်းသံတံခါးလုပ်ငန်းလုပ် ကိုင်သူ ထွန်းလင်း(ခေါ်)ဂျူးဂျူး ၏နေအိမ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး အဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ များက ၀င်ရောက်ရှာဖွေခဲ့သည်။
ကစားသမားထက်ဝက်ခန့် ထွက်ခွာမည်ဖြစ်သော်လည်း အကောင်းဆုံးပြန်လည်တည်ဆောက်မည်ဟု ဆီမြွန်နီကတိပြု
ရာသီကုန်တွင် ကစား သမားထက်ဝက်ခန့် အသင်းမှ ထွက်ခွာမည်ဖြစ်သော်လည်း အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်မည်ဟု ပြောသည်။ နောက်ခံလူများဖြစ်သော ဂို ဒင်၊ ဖီးလစ်လူးဝစ်၊ ဟွန်ဖရန်နှင့် လူးကပ်စ်ဟာနန်ဒက်ဇ်တို့ အ သင်းမှ ထွက်ခွာမည်ဖြစ်ပြီး တိုက် စစ်မှူး ဂရစ်ဇ်မန်းသည် ဇွန်လ ကုန်တွင် ထွက်ခွာမည်ဖြစ်ရာ အက်သလက်တီကို၏ အဓိက ကစားသမားထက်ဝက်ခန့် အစား ထိုးရမည်ဖြစ်သည်။
AA အဖွဲ့ကလုံခြုံရေးစိုးရိမ်ချက်ရှိနေ၍ အပစ်ရပ်စဲရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးတာဝန်ရှိသူပြော လုံခြုံရေးအတွက် တပ်မတော်အာမခံဟုဆို
ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) က၎င်းတို့အဖွဲ့ကိုယ် စားလှယ်များအတွက် လုံခြုံရေး စိုးရိမ်ချက်ရှိနေ၍အစိုးရ၊ တပ်မ တော်နှင့် မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့၏ အပစ်အခတ်ရပ် စဲရေးဆိုင်ရာဆွေးနွေးပွဲကို ရွှေ့ ဆိုင်းရခြင်းဖြစ်ကြောင်း သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးကပြောကြားသည်။ အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့်ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) တို့ပါဝင်သည့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့သည်ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံပြီး နောက် တစ်ဖွဲ့ချင်းစီ အပစ်ရပ်စဲ ရေးဆောင်ရွက်မည့် Bilateral စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက် ညှိနှိုင်းရန် သဘောတူခဲ့သည်။
ပအိုဝ်းဒေသမှ ကလေးငယ်များကို ပရဟိတအဖွဲ့အချို့က ခေါ်ဆောင်မှုများ စိစစ်ပေးရန် ဒေသခံများ တောင်းဆို ဝိုင်းဝန်းတားဆီးပေးရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ထုတ်ပြန်
ပရဟိတအဖွဲ့အချို့က ပအိုဝ်းတိုင်းရင်းသား ကလေးငယ် အများအပြားကို လာရောက်ခေါ် ဆောင်မှုများသည် မရိုးဖြောင့် သည့်လုပ်ရပ်များဖြစ်ကြောင်း ရှမ်းပြည်နယ် ဒေသခံအချို့က ဝေဖန် နေပြီး ယင်းသို့ ခေါ်ဆောင်ပြီး နောက် လူကုန်ကူးခံရမှုများနှင့် ပညာရေးကို ဗန်းပြကာ ပရဟိတ အချို့၏ အခိုင်းအစေအဖြစ် အ သုံးချခြင်းများရှိနေ၍ ဝိုင်းဝန်းတားဆီးထိန်းကျောင်းပေးရန် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)က ထုတ်ပြန်သည်။ ရှမ်းပြည်နယ် ဆီဆိုင်မြို့ နယ် ကျေးရွာခြောက်ခုမှ အသက် (၃)နှစ်မှ (၅)နှစ်ကြား ကလေး ငယ် ၆၀ ဦးကို ပဲခူးမြို့ အခြေစိုက် ပရဟိတအဖွဲ့တစ်ဖွဲ့က မေလ ၂၀ ရက်တွင် လာရောက်ခေါ် ဆောင်သွားရာ ယင်းဖြစ်ရပ်အ ပေါ် ဆီဆိုင်မြို့ ဒေသခံအချို့က အပြင်းအထန်ဝေဖန်သည်။
သီရိလင်္ကာဗုံးခွဲမှုနှင့် ဆက်စပ်သံသယရှိသူ ပြည်တွင်းမှ ထွက်ခွာသွားပြီဟု သမ္မတရုံးပြော လက်ရှိဖမ်းဆီးထားသူကို စိစစ်ဆဲဟုဆို၊ ဖမ်းဆီးခံရသူကိုသိရှိကြောင်း ကျောက်ရောင်းဝယ်သူအချို့ပြော
လူ ၂၉၀ ကျော် သေဆုံးခဲ့သည့် သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ဆက်စပ်၍ သံသယရှိသူမှာ ပြည်တွင်းမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် လက်ရှိဖမ်းဆီးထားသူကို စိစစ်ဆဲဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော သည်။ ‘‘သံသယဖြစ်ဖွယ်ပုဂ္ဂိုလ်က ပြန်ထွက်သွားပြီး တော့ သူနဲ့အတူတူ လေယာဉ်တစ်စီးတည်းလာတယ်၊ ဗီဇာအတူတူယူတယ်၊ ပြီးရင်အတူတူရောက်လာတဲ့သီရိ လင်္ကာနိုင်ငံသားတစ်ယောက်က ဒီမှာကျန်ခဲ့တယ်။ ကျန်ခဲ့တော့ အဲဒါကို လိုက်လံရှာဖွေတဲ့အခါ မှာ ဟိုတယ်ခရီးက ဟိုတယ်တွေ ကိုမေးတဲ့စာပေါ့နော်၊ အဲဒါကအ ပြင်ကိုရောက်သွားတာပေါ့။
ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲတွင် မက်ဆီကိုထိန်းချုပ်ရန် အရေးကြီးဟု ဗလင်စီယာနည်းပြ သတိပေး
ယနေ့ညဥ့်သန်းခေါင် ကျော်တွင်ကစားမည့် ကိုပါဒယ် ရေးဖလား ဗိုလ်လုပွဲ၌ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကိုထိန်းချုပ် ရန် အရေးကြီးကြောင်း ဗလင်စီယာနည်းပြ မာဆယ်လီနိုက အသင်းသားများအား သတိပေးသည်။ ‘‘အဓိကကတော့ မက်ဆီ ကို အဲဒီပွဲမှာ လုပ်စရာနည်းနည်း လေးပဲ ပေးဖို့ဖြစ်ပါတယ်။ ပြဿ နာက သူဟာနည်းနည်းလေးပဲ အားစိုက်ပုံပေါ်ပေမယ့် သူ့ရဲ့လှုပ် ရှားမှုတွေဟာ တိကျတဲ့လွှမ်းမိုးမှု တွေရှိနေလို့ပါ’’ဟု မာဆယ်လီနို က ပြောသည်။ သို့သော် ယင်းပွဲတွင် ဘာစီ လိုနာတိုက်စစ်မှူး ဆွာရက်ဇ်နှင့် ဒမ်ဘီလီတို့ မပါဝင်နိုင်၍ ဗလင် စီယာ အနည်းငယ်သက်သာရာရ မည်ဖြစ်သည်။
Subscribe to:
Posts (Atom)