တရုတ်-မြန်မာနယ်စပ်မှာ လူကုန်ကူးမှုတွေ လျော့ကျမသွားဘဲ ပိုများလာတယ်လို့ မူဆယ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ရဲမှူး ကျော်ညွန့်က ဒီနေ့ ပြောပါတယ်။ လူကုန်ကူးမှုတွေ အဖြစ်များတဲ့ တရုတ် - မြန်မာနယ်စပ် နန်းတော်ဂိတ်မှာ လူကုန်ကူးမှုအသိပညာပေး လုပ်ငန်းကို မူဆယ်ခရိုင်တာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီနေ့ ကျင်းပတဲ့ပွဲမှာ ရဲမှူး ကျော်ညွန့်က ပြောခဲ့တာပါ။
တရုတ်နယ်စပ်မှာ လူကုန်ကူးခံရသူအများစုဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေကဖြစ်ပြီး စီးပွားရေးမပြေလည်တာကြောင့် ရောင်းစားခံရသူတွေ များတယ်လို့ ပြောကြပါတယ်။
တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်မှာ မူဆယ်ခရိုင်အဆင့်နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီနေ့ အသိပညာပေး ဆိုင်းဘုတ်တွေစိုက်ထူတာ၊ ဟောပြောတာတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
နယ်စပ်မှာ လူကုန်ကူးမှုခံရသူအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီး အများစုက မိန်းကလေးတွေဖြစ်သလို လူကုန်ကူးတဲ့ ပွဲစားတွေကလည်း အမျိုးသမီးအများစုဖြစ်တယ်လို့ ရဲမှူး ဦးကျော်ညွန့်က ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အသိပညာပေးလုပ်ငန်းတွေလုပ်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပြီလို့ သိရပါတယ်။
No comments:
Post a Comment