ဒါရိုက်တာစတီးလ် ရိုက်ကူး သည့် အပေးအယူရုပ်ရှင်ဇာတ် ကားတွင် သရုပ်ဆောင် ရွှေသမီး ၏ အဓိကဇာတ်ဖြစ်သော်လည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်သရုပ်ဆောင်ထား ကြောင်း ၎င်းက ပြောသည်။
‘‘အပေးအယူက ရွှေသမီး ဇာတ်ပေါ့။ သေချာလေး အားသွန်ခွန်စိုက်ပေးထားတဲ့ ဇာတ်ဖြစ် တယ်။ ဦးစတီးလ်က ရုပ်ရှင်စရိုက် ကတည်းက ကိုယ့်ကို ခေါ်ခေါ်ပြီး ရိုက်တယ်။ မထွက်သေးတာပေါ့။ တစ်ထောင့်တစ်နေရာက ပါဝင် ခွင့်ရတယ်။ ကိုယ်လုပ်ကွက်ရတဲ့ ကားရှိသလို သူများလုပ်ကွက်ရ တဲ့ကားကို ကိုယ်က ဝင်ရိုက်ပေး ရတာမျိုးရှိတယ်။ ရွှေသမီးကို ကိုယ့်ညီမလိုလည်း ချစ်တယ်။ ကိုယ်လည်း ရိုက်ပေးချင်တဲ့ စိတ် ဆန္ဒရှိတော့ ဒီထဲမှာ အေးမြတ်သူ က အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပေးတဲ့သဘောပါ’’ဟု ၎င်း က ဆိုသည်။ အကယ်ဒမီရပြီးနောက်ပိုင်း ထူးခြားပြောင်းလဲခြင်း မျိုး မရှိသော်လည်း အလုပ်နှင့်ပတ်သက်ပြီး ပိုလောဘကြီးလာ သည်ဟုဆိုသည်။
‘‘အေးမြတ်သူ လုပ်ပိုင်ခွင့် ပေါ့။ ကိုယ်ဘယ်လောက်ထိများ လုပ်နိုင်မလဲ။ ဇာတ်ကားတစ်ကား မှာ ကိုယ့်ရဲ့ ပါဝင်နိုင်မှုစွမ်းအားနဲ့ ကိုယ်လုပ်နိုင်စွမ်းရည်ကို ပိုပြီးလို ချင်လာတယ်။ အဲဒါလေးကတော့ လောဘကြီးတယ်။ ကျန်တာက တော့ လောဘမကြီးပါဘူး’’ဟု ၎င်းက ပြောသည်။
အကယ်ဒမီရအပြီး အမှတ် တရဂုဏ်ပြုပွဲ မလုပ်ဖြစ်သော် လည်း အလှူများ လုပ်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ‘‘ဂုဏ်ပြုပွဲတွေ ဘာတွေ လည်း မလုပ်ဖြစ်ဘူး။ မွေးနေ့ လည်း မလုပ်ဖြစ်ဘူး။ လုပ်ရင် လည်း သူငယ်ချင်းအပေါင်းအ သင်းတွေ မလာမှာ စိတ်ပူတယ်။ အဲဒါကြောင့် မလုပ်ဖြစ်တာပါ။ ကိုယ့်ကိုယ်ကိုယ် အပေါင်းအ သင်းနည်းတယ်လို့ ခံစားရတယ်။ အဲဒါကြောင့် မလုပ်ဖြစ်တာပေါ့။ ပွဲလုပ်ပြီး လူမလာမှာ အရမ်းစိတ် ပူပါတယ်။ ကိုယ်လည်း ပွဲတွေ သွားဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ပွဲ မှာ သူများမလာမှာဘဲ စိတ်ပူတတ် တာပေါ့’’ဟု အေးမြတ်သူက ပြောသည်။
No comments:
Post a Comment