Sunday, May 26, 2019

တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးထိခိုက်နိုင်ဟုဆို

တပ်မတော်နှင့် အေအေ တိုက်ပွဲများကြောင့် မြန်မာ - ဘင်္ဂလားဒေ့ရှ်အကြား ညှိနှိုင်းဆောင်ရွက်နေသည့် နေ ရပ်စွန့်ခွာသူများ ပြန်လည်လက် ခံရေးအစီအစဉ်ကို တစ်စိတ်တစ် ပိုင်းထိခိုက်စေသည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦး မြင့်သူကပြောသည်။ ‘‘တစ်စိတ်တစ်ပိုင်အားဖြင့်  တော့အဟန့်အတားဖြစ်ပါတယ်’’ ဟု ဦးမြင့်သူကဆိုသည်။



မေလ ၂၃ ရက်က နေပြည် တော်ပြန်ကြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အ တွက်တတိယတစ်နှစ်တာကာအ တွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ် သက်၍ ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းကအထက် ပါအတိုင်းပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

လတ်တလောတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲ    လုပ်ငန်းကော်မတီအစည်းအဝေး  များပြုလုပ်ကာဆွေးနွေးညှိနှိုင်း   နေသည်ဟု ဦးမြင့်သူကဆိုသည်။   ထို့အပြင် ကျေးရွာများတိုက်  ရိုက်အကျိုးရှိစေမည့် စီမံချက် တစ်ခုကို ကုလအဖွဲ့အစည်းများ ဖြစ်သည့် UNDP နှင့် UNHCR တို့ ၏ အစီအစဉ်ဖြင့်ဆောင်ရွက်နေ သည်ဟု ဦးမြင့်သူကပြောသည်။

အဆိုပါအစီအစဉ်ကို ဘူး သီးတောင်နှင့် မောင်တောမြို့ တွင် စတင်ဆောင်ရွက်မည် ဖြစ်ပြီးယမန်နေ့က မြန်မာနိုင်ငံ  သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာမဟာမင်း ကြီး ဖိလစ်ပိုဂရန်ဒီသည်ယင်း ကျေးရွာများသို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု ၎င်းကဖြည့် စွက်ပြောကြားသည်။

‘‘တစ်ချိန်မှာ ဒါတွေကသူတို့ ပြန်လာခဲ့လို့ရှိရင်အထောက်အ ကူဖြစ်မှာပါ။ နောက်တစ်ခုက အ ဖွဲ့အစည်း နှစ်ခုကြားမှာလည်း ယုံကြည်မှုတိုးမြှင့်ဆောင်ရွက် နိုင်မယ်လို့ယုံကြည်ပါတယ်’’ ဟု ဦးမြင့်သူကဆက်လက်ပြောကြား သည်။

ပြီးခဲ့သည့် မေလ ၃ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေ ရပ်စွန့်ခွာသူများကို စနစ်တကျ  စိစစ်လက်ခံရေးနှင့် အကြမ်းဖက် မှု၊ အစွန်းရောက်မှုများကို ပူး ပေါင်းတိုက်ဖျက်ရေး မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ စတုတ္ထအ ကြိမ်အစည်းအဝေးကို နေပြည်  တော်၌ ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ နေရပ်စွန့်ခွာသူများကို ပြန်လည် စိစစ်လက်ခံရာတွင်ဖြစ်ပေါ်လာ နိုင်သည့် ကိစ္စရပ်များကိုနှစ်ဖက် အဖွဲ့ငယ်များဖွဲ့စည်း၍ အဖြေ ရှာဆောင်ရွက်ရေးနှင့် မူးယစ် ဆေးဝါးတရားမ၀င်ရောင်းဝယ်မှု နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအ ပါအ၀င်နယ်စပ်ဖြတ်ကျော်မှုခင်း   များကို နှစ်နိုင်ငံအကြားလက်ရှိ ထူထောင်ထားသော ယန္တရားများ မှတစ်ဆင့်  အရှိန်အဟုန်မြှင့်ပူး ပေါင်းဆောင်ရွက်ရန် ထည့်သွင်း ဆွေးနွေးကြောင်း ထုတ်ပြန်ချက် ၌ ဖော်ပြသည်။ ထို့အပြင် နေရပ်စွန့်ခွာသူ  များကို ပြန်လည်လက်ခံရေးအစီ အမံများစီစဉ်ဆောင်ရွက်မှု၊ ရခိုင် ပြည်နယ်၌ တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးဆိုင်ရာ စီမံဆောင် ရွက်ထားရှိမှု၊ ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာသင်ကြားရေးတို့ အတွက် လိုအပ်သည့်အစီအမံ များဆောင်ရွက်ထားရှိမှုတို့ကို လည်း ဆွေးနွေးခဲ့သည်ဟု ဆို သည်။

No comments:

Post a Comment