
One Direction အဖွဲ့ ၀င်ဟောင်း လျံပေးနီက West Side Story ဇာတ်ကားရိုက်ကူးရန် အရည်အချင်းစစ်ဆေးမှုခံယူ ခဲ့ကြောင်း ပြောကြားကာ အက် ရှင်ဇာတ်ကားကြယ်ပွင့်တစ်ဦး ဖြစ်လိုကြောင်း ပြောသည်။ One Direction ကြယ်ပွင့် သည် ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိရန် အလုပ် ရှုပ်နေသော်လည်း အက်ရှင် ဇာတ်ကြမ်းကားများ ရိုက်ကူးလို သည်ဟု ပြောကြားသည်။ အသက်(၂)နှစ်အရွယ် သား တစ်ဦးမွေးဖွားခဲ့သော ချစ်သူ ချယ်လီတ၀ီဒီနှင့် လမ်းခွဲပြီး နောက် လျံပေးနီက ၎င်း၏အခွေ သစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်မည်ဟု ပြောသည်။
အယ်လ်ဘမ်သစ်၏ နောက် ဆုံးသီချင်းသစ်များကို အပြီးသတ် ရန်ကြိုးစားနေကြောင်း ပြောကြား ပြီး ယခင်က ဂျိမ်းစ်ဘွန်းဇာတ် ကောင်နေရာက သရုပ်ဆောင်လို ကြောင်း ပြောသည်။
‘‘ကျွန်တော်စူပါဟီးရိုးဇာတ်ကားတွေကို ကြိုက်ပါတယ်။ မာ ဗယ်ဇာတ်ကားတွေမှာ သရုပ် ဆောင်ချင်ပါတယ်’’ ဟု ၎င်းက ပြောသည်။
No comments:
Post a Comment