Monday, May 13, 2019

သန်လျင်တွင် Aeonနှင့်Orange တို့ ပူးပေါင်းသောပထမဆုံး ဈေးဝယ်စင်တာဖွင့်

ဂျပန်လက်လီအရောင်း လုပ်ငန်းတစ်ခုဖြစ်သည့် Aeonကုမ္ပဏီက သန်လျင်မြို့ ကျိုက် ခေါက်ဘုရားအနီးတွင် ပထမဆုံး ဈေးဝယ်စင်တာကို မေလ ၁၀ ရက်၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ အဆိုပါ ဈေးဝယ်စင်တာကို 'Aeon Orange Thanlyin Sakura' ဟုခေါ်ပြီး အဝတ်အစား၊ အစားအသောက်နှင့် အိမ်ထောင် ပရိဘောဂပစ္စည်းများ ရောင်းချမည်ဟု Aeon (ရန်ကုန်)ဥက္ကဋ္ဌနှင့် အမှုဆောင်ရာအရှိချုပ် Michio Kumagai က ပြောသည်။



အဆိုပါ စင်တာရှိ ပစ္စည်း များကို Aeon အသေးစားချေးငွေ လုပ်ငန်းနှင့်လည်း ချိတ်ဆက်ဝယ် ယူနိုင်သည်ဟုယင်းထုတ်ပြန်ချက် တွင် ပါရှိသည်။ ထိုအရောင်းစင်တာတွင် ဒေသထွက် အစားအစာ၊လက်သုပ် စုံနှင့် အခြားအစားအသောက်များ လည်း ရောင်းချမည်ဖြစ်သည်။

Aeon Orange ကို ဂျပန် နိုင်ငံ Aeon ကုမ္ပဏီနှင့်ပြည်တွင်း ရှိ Creating Myanmar ကုမ္ပဏီ အုပ်စုတို့ အကျိုးတူပူးပေါင်း၍ ၂၀၁၆ ဧပြီက ထူထောင်ပြီးမြန်မာ နိုင်ငံ၌ အရောင်းစင်တာ ၁၄ ခု ဖွင့်လှစ်ရန် စီစဉ်ခဲ့သည်။

ဂျပန် Aeon ကုမ္ပဏီကို ပြည်တွင်းရှိ Orange နှင့် အကျိုး တူပူးပေါင်း၍ လက်လီပစ္စည်း ၁၅ မျိုး ရောင်းချခွင့်ပြုကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၈ အောက်တို ဘာတွင် ထုတ်ပြန်ကြေညာသည်။

ထိုသို့ ခွင့်ပြုခြင်းသည် စား သုံးသူများအပေါ် အမြတ်ထုတ် ခြင်းမရှိစေရန်နှင့် ဈေးကွက်စည်း မျဉ်းများနှင့်အညီ ယှဉ်ပြိုင်မှုတိုး လာစေရန်ဖြစ်ကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ကုမ္ပဏီသည် လက်လီ၊ လက်ကားလုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံမည်ဆိုပါက လက်လီလုပ်ငန်း၌ ကန်ဒေါ်လာ သုံးသန်း ကနဦးမ,တည်ရမည်ဖြစ်သည်။ထိုပမာဏ တွင် မြေငှားရမ်းခများ ပါဝင်ခြင်း မရှိစေရဟု ကန့်သတ်ထားသည်။ Aeon သည် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် လက်လီအရောင်းစင်တာ ဆိုင်ခွဲစုစုပေါင်း ၇၀ ကျော်ရှိသည်။

No comments:

Post a Comment