Monday, May 13, 2019

ကောင်းကင်ယံမှာ ၅၂ မိနစ်ကြာ

‘‘အသက်ရှူရပ်မလိုပဲ’’  နာမည်ကျော်သရုပ်ဆောင်နှင့် မော်ဒယ်ယုသန္တာတင်၏ အထက်ပါ မှတ်ချက်စကားသည် မန္တလေးမြို့ ကောင်းကင်ယံ၌ ၅၂ မိနစ်ကြာ ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်တစ်ခုကို ရည်ညွှန်းပြောခြင်းဖြစ် သည်။ ရန်ကုန်မှ ပျံသန်းလာသည့် လေယာဉ်တစ်စီး မေလ ၁၂ ရက် နံနက်က  မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက် ရန်ပြင်ဆင်နေစဉ် ပြဿနာပေါ် ခဲ့ခြင်းပင်။ ‘‘လေယာဉ်မယ်တွေက အ ရေးပေါ်အခြေအနေကြေညာဖို့ရှိ တယ်ဆိုတော့ ဘာကြီးလဲပေါ့။  အရေးပေါ်အခြေအနေကြေညာ မယ်။ သေချာနားထောင်ပေးပါ။ ဘီးချလို့မရဘူးတဲ့’’ဟု အဆိုပါ လေယာဉ်ဖြင့်ပင် လိုက်ပါလာသူ သရုပ်ဆောင်ခင်လေးနွယ်က ထို စဉ်က အဖြစ်အပျက်ကို ပြောပြ သည်။


၎င်းတို့သည် ထိုနေ့က  မြန် မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန် ကုန်- မန္တလေး- ရန်ကုန်ခရီးစဉ် ကို လေယာဉ်အမှတ် XY-AGQ, Embraer 190AR ဖြင့် အခြား ခရီးသည် ၈၂ ဦး၊ လေယာဉ်ဝန် ထမ်းခုနစ်ဦးနှင့်အတူ စီးနင်းလိုက် ပါလာခြင်းဖြစ်သည်။

သက်ဆိုင်ရာလေကြောင်း လိုင်း၏ထုတ်ပြန်ချက်တွင် အဆို ပါလေယာဉ်သည် နံနက် ၈ နာရီ ၁၇ မိနစ်၌ လေဆိပ်သို့ ပုံမှန် အတိုင်းဆင်းသက်ရန် ပြင်ဆင် စဉ် Nose Landing Gear (ရှေ့ ဘီး) မကျသဖြင့် လေယာဉ်ဆီ ကုန်စေရန် ကောင်းကင်ယံ၌ ၀ဲ ပတ်ပျံသန်းပြီး နံနက် ၉ နာရီ ၉ မိနစ်ရောက်မှ အရေးပေါ်ဆင်း သက်ခဲ့ရသည်ဟု ဖော်ပြသည်။

‘‘ပုံမှန်အတိုင်း ဂီယာချတာ ပေါ့နော်။ ချတဲ့အချိန်မှာ ဂီယာက မကျဘူးဗျ။ အဓိက ဘီးနှစ်ခုကျ တယ်ဗျာ။ Nose wheel (ရှေ့ဘီး) က မကျတာ’’ဟု လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က 7Day Daily သတင်းစာအား ပြောသည်။

လေယာဉ်ရှေ့ဘီး ကျလာ စေရန်နည်းမျိုးစုံဖြင့် ဆောင်ရွက် ခဲ့သော်လည်း မရသဖြင့် လေ ကြောင်းထိန်းမျှော်စင်သို့ အ ကြောင်းကြားကာ ဘီးကျ၊ မကျ သေချာစေရန် မန္တလေးလေဆိပ် ပေါ်တွင် နှစ်ကြိမ်ပတ်၍ ပျံသန်း ပြကာ ကြည့်ရှုစေခဲ့သော်လည်း လေယာဉ်ရှေ့ဘီး၏ အဖုံးပွင့် မလာ၍ အရေးပေါ်ဆင်းသက်ရေး နည်းလမ်းကို ဆုံးဖြတ်ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘ကျွန်တော်တို့ ဆင်းကိုဆင်း ရတော့မယ်။ ဆင်းဖို့ လေထဲမှာ  ၀ိုက်ပျံတာပေါ့ဗျာ။ ပထမတုန်းက  လေယာဉ်ရဲ့ အလေးချိန်က ပေါင် ခြောက်ထောင်နီးပါး ရှိတယ်။ ကျွန်တော် အခုဆင်းလာတာ ပေါင်သုံးထောင်ပဲရှိတယ်။ ပေါင် သုံးထောင်နီးပါးလောက်ကို ကျွန် တော်လေထဲမှာ ဖြုန်းလိုက်တယ်။  အလေးချိန် နည်းခြင်းအားဖြင့် သက်ရောက်မှုနည်းမယ်။ သက် ရောက်မှုနည်းရင် အထိအခိုက် နည်းမယ်ဗျာ’’ဟု ဦးမြတ်မိုး အောင်က ဆိုသည်။

ထိုသို့ ကံဆိုးမှုအတွင်း  ကံ ကောင်းမှုတစ်ရပ် တွဲပါလာပြီး ယင်းသည် ရှေ့ဘီးမကျသော် လည်း  အရေးကြီးသည့်နောက်ဘီး နှစ်ခုစလုံး၌ မည်သည့်ချွတ်ယွင်း ချက်မျှ မရှိခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ စဉ်းစားရ တာက အများကြီးရှိပါတယ်။ နောက်ဘီးတွေမကျဘဲ ကျွန် တော် မြေပြင်မှာဆင်းရင်တော့ အကုန်လုံးကသေမှာပါပဲ။ ကျွန် တော်က ဘာလို့ဆုံးဖြတ်ချက်ချ လဲဆိုတော့ အဓိကဘီးကကျလို့ ဆင်းတာပါ။ မကျရင် ကျွန်တော် တို့ ဧရာဝတီမြစ်ထဲမှာ သွားဆင်း ရလိမ့်မယ်’’ဟု ဦးမြတ်မိုးအောင် က ဆိုသည်။

‘‘ပထမရေထဲဆင်းဖို့ လုပ် တယ်။ ရေမကူးတတ်ဘူးလေ။ နောက်ဆုံး လေယာဉ်မှူးက ကုန်း ပေါ်ဆင်းမယ် ကြေညာတယ်။ ဒါ ပေမဲ့ မီးလောင်နိုင်တယ်။ ဖိနပ် ချွတ်တယ်၊ တရားမှတ်တယ်၊ မိဘတွေကို ကန်တော့တယ်၊ မေတ္တာဘာဝနာပွားတယ်’’ဟုခရီး သည် မသူဇာက ၎င်း၏လူမှုကွန် ရက်စာမျက်နှာ၌ရေးသားသည်။

ထိုအချိန်တွင် လေယာဉ် မယ်များက ၎င်းတို့ညွှန်ကြားသည့် အတိုင်း လိုက်နာပေးရန် မေတ္တာ ရပ်ခံပြီး ခရီးသည်များ ခါးပတ် ပတ်၊ မပတ် အရေးပေါ်အခြေအ နေ၌ပင် လိုက်လံစစ်ဆေးခဲ့သည် ဟု ၎င်းကဆက်လက်ပြောသည်။

‘‘လေယာဉ်ပေါ်မှာပါလာတဲ့ သူတွေက တည်ငြိမ်တယ်။ ငိုနေ တာမပါဘူး’’ဟု ကောင်းကင်ပေါ် ၌ရှိနေစဉ် အခြေအနေကို ခင် လေးနွယ်ကရှင်းပြသည်။

ထိုသို့အခြေအနေတွင် လေ ယာဉ်ဝန်ထမ်းများက မကြာမီ မိနစ်ပိုင်းအတွင်း မြေပြင်ပေါ်သို့ ဆင်းသက်မည်ဟု ကြေညာလိုက် ပြီဖြစ်သည်။

‘‘အရေးပေါ်ထွက်ပေါက်က လည်း  ဘယ်အပေါက်ကဆင်းရ မလဲမသိသေးဘူး။ သူတို့မပြော မချင်းမဆင်းနဲ့၊ မီးလောင်တာတို့ ဘာတို့ရှိရင် အဲဒီအပေါက်ကို ရှောင်ရမယ်ဆိုတော့ သူတို့စကား ကို နားထောင်မယ်ဆိုပြီးနေ တယ်’’ ဟု ခင်လေးနွယ်က ဆို သည်။

ယင်းခရီးစဉ်အတွင်း ပါဝင် ခဲ့သူတစ်ဦးဖြစ်သည့် Myanmar  National League  အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးက အားလုံး ကံကောင်းခဲ့သည်ဟု မှတ်ချက် ပြု၏။

‘‘အမျိုးမျိုးကြိုးစားမောင်း နှင်ပြီးမှ မရတော့တဲ့အဆုံးနောက် ဘီးတွေမှေးချပြီး အရှိန်နဲ့ရှေ့ဝမ်း ပိုက်နဲ့လျှောဆင်းခဲ့တာ မီးခိုးလေး တွေနည်းနည်း  အရေးပေါ်အမြန် ဆင်းပြေးခဲ့ရတာ’’ဟု ၎င်းက ပြော သည်။

လေယာဉ်မှာ ဦးစိုက်အနေ အထားဖြင့် ပြေးလမ်းပေါ်၌ ပေ ၄,၅၀၀ ခန့်အထိ လျှောပါသွား၍ ခရီးစဉ်ကို အောင်မြင်စွာ အဆုံး သတ်နိုင်ခဲ့သည်ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံ ခန့်ခွဲရေးဝန်ဆောင်မှု ကုမ္ပဏီ MC JALUX Airport Services အုပ်ချုပ်ရေးမှူးဦးကျော် ဆန်းက ပြောသည်။

‘‘အောက်ရောက်ပြီလို့ပြော တဲ့အချိန်မှာ အကုန်လုံးကပျော်ပြီး  လက်ခုပ်တွေတီးကြတယ်’’ ဟု ထိုအချိန်ကခံစားမှုကို ခင်လေး နွယ်က ပြန်ပြောင်းပြောသည်။

ကံကောင်းသည်က အဆိုပါ ဖြစ်စဉ်အတွင်း မည်သူမျှထိခိုက် ဒဏ်ရာရမှုမရှိ။

‘‘ဘဝမှာ တစ်ခါမှမကြုံဖူးခဲ့ တဲ့အတွေ့အကြုံပါပဲ။ ကံသီပေ လို့ပေါ့’’ ဟု ဦးစိုးမိုးက မှတ်ချက် ပြုသည်။

အခြားခရီးသည် ကိုအောင် အောင်မျိုးကလည်း ‘‘လေယာဉ် မှူးနဲ့ အဖွဲ့သားတွေအကုန်လုံး တကယ်တော်ပါတယ်။ အောက် ကို မဆင်းခင် နာရီဝက်လောက် ကတည်းက Landing Gear မရ တော့ဘူးဆိုတာ ကြေညာပါ တယ်။ အပေါ်မှာ ဆီကုန်အောင် ပျံပြီးတော့မှ ပြေးလမ်းကို တရွတ် တိုက်ပြီးဆင်းလာတာပါ။ အခုလို တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိအောင် ဆင်းသက်ပေးတဲ့အ တွက်လည်း ကျေးဇူးတင်ပါတယ်’’ ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် မန္တ  လေးအပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် အခြားလေကြောင်းခရီး စဉ်များကို ညနေ ၃ နာရီခန့်အထိ ယာယီဆိုင်းငံ့ခဲ့ရသည်မှအပ ကြီး မားသော  ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ပေ။

‘‘လေယာဉ်ကွင်းရဲ့ ပြေး လမ်းက ပေကိုးထောင်လောက် ကျန်နေသေးတဲ့အတွက် ပြည် တွင်းက ATR လေယာဉ်လေးတွေ ကိုတော့ နံနက် ၁၁ နာရီလောက် မှာ ဆင်းဖို့ ပြန်ခွင့်ပြုပေးခဲ့တယ်’’ ဟု ဦး ကျော်ဆန်းကပြောသည်။

ထိုသို့ ခရီးသည်များ ဘေး အန္တရာယ်မဖြစ်ဘဲ လေယာဉ်မြေ ပြင်ပေါ်သို့ ဆင်းသက်နေသည့် ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်တွင် လူစိတ်ဝင်စားမှုအခံရဆုံး ရုပ်သံ တစ်ခုဖြစ်လာသည်။  လေယာဉ်အရေးပေါ် ဆင်း သက်မှု ပြုလုပ်ပြီး နာရီပိုင်းအကြာ တွင် လေဆိပ်သို့ရောက်ရှိလာ သည့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က‘‘ခရီး သည်တွေရဲ့အသက်ကို ဘေး ကင်းအောင် ကယ်တင်နိုင်ခဲ့တဲ့အ တွက် ဂုဏ်ပြုပါတယ်’’ဟု ချီး ကျူးစကားဆိုခဲ့သည်။

No comments:

Post a Comment