Monday, May 13, 2019

စစ်ဆေးတွေ့ရှိချက်များကို သမ္မတထံ မခြွင်းမချန်တင်ပြမည်ဟု ရခိုင်ပြည်နယ် တည်ငြိမ်ထောက်ကူကော်မတီဆို

ရခိုင်ပြည်နယ်တွင်ဖြစ် ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ မခြွင်းမ ချန်ဘဲ အစီရင်ခံစာတင်ပြမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အ ထောက်အကူပြုကော်မတီ အ တွင်းရေးမှူး ဦးတင်မြင့်ကပြော သည်။ေ က်ာမတီတာဝန်ရှိသူများ သည် မေလ ၁၀ ရက်တွင် ရခိုင် ပြည်နယ်စစ်တွေမြို့သို့ရောက်ရှိ ပြီး မီဒီယာများနှင့် ပြည်နယ်အစိုး ရအဖွဲ့ရုံးဧည့်ဂေဟာ၌ တွေ့ဆုံ စဉ်ဦးတင်မြင့်က ထိုသို့ပြောကြား ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေး စိတ်ရင်း အမှန်ဖြင့် လုပ်ကိုင်နေခြင်းဖြစ် ပြီးဖြစ်နေသည့် အခြေအနေအ မှန်ကို တင်ပြမည်ဟု ၎င်းကဆို သည်။



‘‘ရခိုင်ပြည်နယ်မှာ ဖြစ်နေ တဲ့အခြေအနေတွေပေါ့။ လက်ရှိ ဖြစ်ပေါ်နေတဲ့  ဖြစ်စဉ်အမှန်အ တိုင်းပဲ နိုင်ငံတော်သမ္မတကြီးသိ အောင်မခြွင်းမချန်တင်ပြသွားမှာ  ပါ’’ ဟု ဦးတင်မြင့်က မီဒီယာများ အားပြောသည်။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအထောက်အကူပြု ကော်မတီသည် မေလ ၁၁ ရက် တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် နိုင်ငံရေးပါတီများ၊  အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေ သည့် ရခိုင်ပြည်နယ်အခြေအနေ များကို မေးမြန်းခဲ့သည်။

ရခိုင်အမျိုးသားပါတီနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေးရှောင်ဒုက္ခသည် သုံးသောင်းကျော်၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရေး၊ မိုးရာသီတွင် ဒုက္ခသည်များနေထိုင်ရေး အဆင်ပြေစေရေး ဆောင်ရွက်ပေးရန်တင်ပြခဲ့သည်ဟု ပါတီအထွေထွေအတွင်းရေးမှူးဦးထွန်း အောင်ကျော်က ဆိုသည်။ ‘‘အဓိက ကတော့ တည်ငြိမ် အေးချမ်းဖို့လိုတဲ့အတွက်လုပ် ဆောင်ပေးဖို့၊ အပြစ်မဲ့ပြည်သူ တွေ အသက်ဆုံးရှုံးတာ ထပ်မဖြစ် ဖို့လိုတယ်ဆိုပြီးတော့ တင်ပြ လိုက်ပါတယ်’’ ဟု ဦးထွန်းအောင်  ကျော်ကပြောသည်။ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးအထောက်အကူပြု  ကော်မတီအနေဖြင့် ပထမအ ကြိမ်အစီရင်ခံစာတစ်စောင်ကို နိုင်ငံသမ္မတထံသို့ တင်ပြပြီးဖြစ်  ကာ ယင်းအစီရင်ခံစာတွင် ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး   ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ခေါ် ဆောင်ပြီးလုပ်ဆောင်ရန်  အကြံ ပြုထားသည်။ကော်မတီကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအေးသာအောင်အား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးကာအဖွဲ့ဝင် ၁၂ဦးဖြင့် မတ်လ ၁၄ရက်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။

No comments:

Post a Comment