Monday, May 13, 2019

မန်းရဲများ နေ့စဉ်အသွင်ယူဖမ်းဆီးခဲ့ရာ တစ်ပတ်အတွင်း အမှုပေါင်းတစ်ရာကျော်၊ တရားခံ နှစ်ရာကျော်ဖမ်းမိထား

Image may contain: one or more people and people standingမန္တလေးခရိုင်အတွင်း မှုခင်းကျဆင်းရေးအတွက် ၅-၅-၂၀၁၉ ရက်နေ့မှ ၁၁-၅-၂၀၁၉ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်အတွင်းတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အထူးအဖွဲ့များမှ နေ့စဉ် အသွင်ယူ ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ရာ ဆိုင်ကယ်စီး၍ ဓားကိုင်သောင်းကျန်းမှုများအပါအ၀င် စုစုပေါင်းအမှု(၁၆၁)မှု၊ တရားခံ(ကျား) ၂၁၂ ဦး၊ တရားခံ(မ) (၁၃)ဦး၊ စုစုပေါင်းတရားခံ (၂၂၅)ဦးတို့အား အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ယခင်က မန္တလေးတိုင်းရဲတပ်ဖွဲ့ကို ရဲမှူးကြီးအဆင့်ကသာ တိုင်းတပ်ဖွဲ့မှူးအဖြစ် ကွပ်ကဲရန် တာဝန်ပေးခဲ့ကာ၊ ပြီးခဲ့သည့်လမှစ၍ ရဲမှူးချုပ်အဆင့်ရှိသူအား တိုင်းတပ်ဖွဲ့မှူးအဖြစ် ကွပ်ကဲရန် တာဝန်ပေးခဲ့သည်။ လက်ရှိအချိန်အထိ ရဲမှုးချုပ်အဆင့်ရှိသူများ ကွပ်ကဲ တာဝန်ယူနေရသော တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့များမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့သာဖြစ်ကြောင်းသိရသည်။ လက်ရှိ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးမှာ ရဲမှူးချုပ်စိန်လွင် ဖြစ်သည်။

No comments:

Post a Comment