Monday, May 13, 2019

ဒူးရင်းသီးနံ့ကြောင့် လူရာချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

 ဒူးရင်းသီးနံ့ကိုဓာတ်ငွေ့ယိုစိမ့်သည် ထင်သော ကြောင့် ဩစတြေးလျနိုင်ငံ မြို့ တော် ကင်ဘာရာရှိ စာကြည့် တိုက်တစ်ခုမှ ရာနှင့်ချီသော လူ များကို ဘေးလွတ်ရာ ရွှေ့ပြောင်း ခဲ့ရသည်။ ယင်းမှာ ဩစတြေးလျတွင် တစ်နှစ်အတွင်း ဒုတိယအကြိမ် မြောက် အလားတူဖြစ်ပျက်ခြင်း ဖြစ်သည်။ စူးရှသော ဓာတ်ငွေ့နံ့ရပြီး နောက် မီးသတ်တပ်ဖွဲ့ဝင်များကို တက္ကသိုလ်စာကြည့်တိုက်သို့ ခေါ်ဆောင်ရကြောင်း ကင်ဘာရာမြို့ အရေးပေါ်ဝန်ဆောင်မှုဌာန အေဂျင်စီကပြောသည်။



 အနံ့ထွက်ရသည့် အ ကြောင်းရင်းကို မီးသတ်သမား များက စုံစမ်းစစ်ဆေးစဉ် လူ ၅၅၀ခန့်ကို ခြောက်မိနစ်အတွင်း အ ဆောက်အအုံထဲမှ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက် မီးသတ်သမားများက အနံ့ထွက် စေသည့်အရာကို ရှာဖွေနိုင်ခဲ့ သည်။ ‘‘ဓာတ်ငွေ့ ယိုစိမ့်တယ်လို့ သင်္ကာမကင်းဖြစ်ရတာက ဒူးရင်း သီးတစ်စိတ်ဖြစ်နေတာကို တွေ့ရ ပါတယ်။ ဒုက္ခပေးတဲ့အသီးကို ဖယ်ရှားလိုက်ပါပြီ’’ဟု ယင်းတက္က သိုလ်စာကြည့်တိုက်က ဖေ့စ် ဘွတ်ခ်ပို့စ်တွင် ပြောသည်။

ဒူးရင်းသီးစိတ်သည် အမှိုက် ပုံးတစ်ခုထဲတွင် ကျန်နေခြင်းဖြစ် ကြောင်း နောက်ပိုင်းတွင် တက္က သိုလ်စာကြည့်တိုက်က ပြောကြားသည်။ 

No comments:

Post a Comment