Monday, May 13, 2019

ထိုင်းတပ်ဖွဲ့ဝင်များနှင့် မူးယစ်မှောင်ခိုအဖွဲ့တစ်ဖွဲ့ မြန်မာ-ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ ၄ဦးအသေမိ၊ မူးယစ်ဆေးများပါမိ

Image may contain: 5 people, tree, outdoor and natureမြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ မယ်ဆိုင်ခရိုင်အတွင်းတွင် မူယစ်ဆေးဝါးမောင်ခိုအဖွဲ့တစ်ဖွဲ့နှင့် ထိုင်းတပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ၎ဦးကိုအသေဖမ်းမိကာ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိခဲ့သည်။ စနေနေ့ညပိုင်းက သတင်းအရ စောင့်ဆိုင်းနေကြသော ထိုင်းတပ်ဖွဲ့ဝင်များက ကျောပိုးအိပ်ကိုယ်စီလွယ်၍ နယ်စပ်ကိုဖြတ်ကျော်လာသော လူ ၃၀ခန့်ပါဝင်သည့် မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့အား အိပ်များကို စစ်ဆေးရန် ရပ်တန့်ခိုင်းသည်တွင် မူးယစ်မှောင်ခိုအဖွဲ့က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ၁၀ မိနစ်မျှကြာသည်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မူးယစ်မှောင်ခိုအဖွဲ့ဝင် ၄ဦးကို အသေဖမ်းမိခဲ့ကာ၊ ကျောပိုးအိပ် ၁၇ လုံးဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် ကက်တာမင်း(ketamine)မူးယစ်ဆေးဝါး ၃၄၀ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ထိုင်းတပ်ဖွဲ့ဝင်များဖက်မှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ချေ။


ယင်းသည် ရေတိမ်သော Rauk မြစ်ကိုဖြတ်ကာ နယ်စပ်ဖြတ်ကျော်၍ မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်ခြင်းဖြစ်နိုင်ပြီး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ အာဏာပိုင်များလက်သို့ လွှဲအပ်ပြီးဖြစ်ကာ ကွင်းဆက်စုံစမ်းဖော်ထုတ်မှုများကိုလည်း နှစ်နိုင်ငံပူးပေါင်း၍ စုံစမ်းဖော်ထုတ်နေကြောင်းသိရသည်။

No comments:

Post a Comment