Monday, May 13, 2019

ဧပြီအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် မဂ္ဂါဝပ် ၄၀၀ အထိ တိုးလာဟုဆို

လေအေးပေးစက်အသုံး ပြုမှု ထူးထူးခြားခြား များလာခြင်း ကြောင့် ယခုနှစ်ဧပြီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် မဂ္ဂါဝပ် ၄၀၀ အထိ တိုးလာပြီး ၂၀၂၀ ပြည့်နှစ်တွင် ၆၈၈ မဂ္ဂါဝပ်အထိရှိလာ မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။  ရန်ကုန်တိုင်းဒေသကြီးအ တွင်း လျှပ်စစ်ဓာတ်အားဝန်အား လျှော့ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထု အဆင်မပြေ နစ်နာ မှုအနည်းဆုံးဖြစ်စေရန် ဆောင် ရွက်မည့် အစီအမံများနှင့်ပတ် သက်သည့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို မေလ ၁၁ ရက်က ပြုလုပ်ရာတွင် ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်အတွင်း လျှပ်စစ်ဓာတ်အားလိုသလောက် အရည်အသွေးရှိရှိ သုံးစွဲလာနိုင် ခြင်းကြောင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများ သိသိသာသာ ပိုမိုသုံး စွဲလာကြောင်း ၎င်းက ပြောသည်။


မေလ ၁၀ ရက်တွင် တစ်နိုင် ငံလုံး လျှပ်စစ်သုံးစွဲမှုသည် မဂ္ဂါဝပ် ၃,၂၅၀ ရှိပြီး ရန်ကုန်တိုင်းက မဂ္ဂါဝပ် ၁,၄၀၀ ကျော် အသုံးပြုသည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ်တွင် အရန် ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ထားရှိရ မည်ဖြစ်၍ စုစုပေါင်းဓာတ်အားလို အပ်ချက် ၁,၅၈၈ မဂ္ဂါဝပ်ရှိလာမည်ဟု ဝန်ကြီးက ဆိုသည်။ ယခုနှစ်တွင် သုံးစွဲမှုပိုမိုတိုး တက်လာနိုင်ခြင်းကြောင့် မိုးတွင်း တွင် ရေအားလျှပ်စစ်စက်ရုံများ၌ ရေပိုမိုစုဆောင်းခဲ့ပြီး ထုတ်လုပ်ရန် မျှော်မှန်းခဲ့သည်ဟုဝန်ကြီးက ဆိုသည်။ သို့ရာတွင် သဘာဝဓာတ်ငွေ့စက်ရုံများ စက် ချွတ်ယွင်းခြင်းကြောင့် ရေအားလျှပ်စစ်မှ ဖြည့်စွက်မောင်းနှင်ပေး ခဲ့ရကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်စက်ရုံများတွင် ရေလျော့နည်းခဲ့ကြောင်း​ ၎င်းက ဆိုသည်။ ထို့အပြင် ဓာတ်အားလိုင်း ကြီးများအောက်တွင် တောင်ယာမီးရှို့ခြင်း၊ တောမီးလောင်ခြင်း ကြောင့် လိုင်းအပြစ်နှစ်ကြိမ်ဖြစ် ၍ ဓာတ်အားပြတ်တောက်မှုဖြစ် ပေါ်ခဲ့သည်ဟု ဝန်ကြီးက ဆိုသည်။ရန်ကုန်တိုင်းသည် လူဦးရေထူထပ်ခြင်း၊ အထပ်မြင့် အ ဆောက်အအုံများခြင်းကြောင့် မီးပြတ်သည့်ဒုက္ခ ပိုမို ခံစားရသည်ဟု ဝန်ကြီးက ပြောသည်။

No comments:

Post a Comment