Monday, May 13, 2019

ချင်းနှင့်ရှမ်းပြည်နယ်၌ အပူချိန်စံချိန်သစ်တင်၊ ၁၂ မြို့တွင် ပုံမှန်ပူနေဆဲဖြစ်

ချင်းနှင့်ရှမ်းပြည်နယ်၌ အပူချိန်စံချိန်သစ်ထပ်တင်ပြီး ၁၂ မြို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီ ဂရိတ်အထက် ရှိနေသည်ဟု မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် သည်။ နေ့အပူချိန်များ ပုံမှန်ထက်ပူ နေ၍ ပူပြင်းမှုဒဏ်ကို ရင်ဆိုင်နေ ရစဉ် မေလ ၁၁ ရက်က ချင်းပြည် နယ် ဖလမ်းမြို့တွင် ၃၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည် နယ် ဟဲဟိုးမြို့တွင် ၃၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခြင်းဖြစ်သည်။



‘‘ဒီအပူချိန်အတိုင်း ဆက်မြင့် နေရင် ကျွန်တော်တို့ အလယ်ပိုင်း ဒေသတွေ အန္တရာယ်ကြီးနေပြီ’’ ဟု ကာလရှည် အပူချိန်မြင့်မားနေသော မကွေးတိုင်းဒေသကြီး ချောက်မြို့ ဒေသခံ ဦးဇော်မင်းက ပြောသည်။  လတ်တလော၌ ချောက်နှင့် ဂန့်ဂေါမြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ မုံရွာ၊ မြင်းမူနှင့် ညောင် ဦးမြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်နှင့် မင်းကင်း၊ ကြေးမုံ၊ မန္တလေး၊ မြင်းခြံ၊ မကွေး၊ ပေါက်နှင့် ဘော်လခဲမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၂ ရက် အခြေအနေကို သတိပေးထား သည်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်သည် ကျန်းမာရေးအရ သတိပြုရန် လိုအပ်သည့်အဆင့် ဖြစ်သည်။  မေလ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်အတွင်း ကိုးကြိမ်အပူချိန် စံချိန်သစ်တင်ခဲ့သည်။ မေလ ၁၅ ရက်ခန့်ကစကာ အ နောက်တောင်မုတ်သုံလေ ၀င် ရောက်လာနိုင်ပြီး ဒေသအချို့ မိုး ရွာနိုင်၍ အပူချိန်လျော့ကျလာနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။

No comments:

Post a Comment