Monday, May 13, 2019

ပေကျင်းလေဆိပ်သစ်တည်ဆောက်မှု အလုံးစုံပြီးစီး ၊ ပထမဆုံးခရီးသည်တင် လေယာဉ်စမ်းသပ်ပျံသန်း

ပေကျင်း Daxing နိုင်ငံတကာလေဆိပ်၏ တည်ဆောက်ရေးလုပ်ငန်းများမှာ အလုံးစုံပြီးစီးသွားပြီဖြစ်ရာ ပထမဆုံးစမ်းသပ်မှုအဖြစ် ခရီးသည်တင်လေယာဉ် လေးစင်းသည် ယနေ့  မေ ၁၃ရက်နံနက်ပိုင်းတွင် လေဆိပ်ပြေးလမ်းပေါ်သို့  ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

China Southern လေကြောင်းလိုင်း ၊ China Eastern လေကြောင်းလိုင်း ၊ Air China လေကြောင်းလိုင်း နှင့် Xiamen လေကြောင်းလိုင်းတို့ သည် ၄င်းတို့ ၏ A380 ၊ A350-900 ၊ B747-8 နှင့် B747-9 လေယာဉ်များကို စမ်းသပ်မှုအတွက် အသီးသီးအသုံးပြုခဲ့ကြကြောင်း သိရသည်။“ စမ်းသပ်မှုတွေအရ လေဆိပ်ကြီးဟာ အခုအခါမှာ သူ့ ရဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးအပိုင်းက ပြီးမြောက်သွားပြီးမို့  အသုံးပြုမှုအပိုင်းကို အာရုံစိုက်ရတော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်” ဟု တရုတ်နိုင်ငံလေကြောင်းပျံသန်းမှုစီမံခန့် ခွဲရေးဌာနမှ ပျံသန်းရေးမှူးချုပ် Wan Xiangdong ကဆိုသည်။

အဆိုပါလေယာဉ်ဆိပ်၏ ညပိုင်း နှင့် မြင်နိုင်စွမ်း အားနည်းချိန် စမ်းသပ်ပျံသန်းမှုကို သြဂုတ်လထဲတွင်ပြုလုပ်ရန် စီစဉ်ထားကြောင်း နှင့် အပြီးသတ်အသုံးပြုမှုကို စက်တင်ဘာ ၃ဝ ရက်တွင် စတင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment