Monday, May 13, 2019

ဘိုင်ယန်သရေကျသွား၍ နောက်ဆုံးပွဲမတိုင်မီ ချန်ပီယံဆုဆွတ်ခူးနိုင်မည့် အခွင့်အရေးလွဲချော်

ဘိုင်ယန်မြူးနစ်သည် လိုက်ပ်ဇစ်နှင့် ဂိုးမရှိသရေကျ သောကြောင့် ဘွန်ဒက်စ်လီဂါအ မှတ်ပေးဆုဖလားကို ရာသီပိတ်ပွဲ မတိုင်မီ ဆွတ်ခူးနိုင်မည့်အခွင့်အ ရေးနှင့် လွဲချော်ခဲ့သည်။ အနီးကပ်ဆုံးပြိုင်ဘက်ဒေါ့ မွန်က ဒစ်ဆယ်ဒေါ့ဖ်ကို ၃-၂ ဂိုး ဖြင့်အနိုင်ရသောကြောင့် ဘိုင် ယန်ကို နှစ်မှတ်အကွာ ၇၃ မှတ် ဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ချန်ပီယံ အဆုံးအဖြတ်အတွက် နောက်ဆုံးပွဲစဉ်အထိ စောင့် ကြည့်ရမည်ဖြစ်သည်။



ဂိုးကွာခြားချက် ၁၇ ဂိုးအ သာရထားသည့် ဘိုင်ယန်အနေ ဖြင့် ဖရန့်ဖတ်နှင့်ကစားမည့် ရာ သီနောက်ဆုံးပွဲတွင် သရေကျရုံ ဖြင့် လက်ရှိချန်ပီယံဘွဲ့ဆက်ထိန်း နိုင်မည်ဖြစ်သည်။ ဒေါ့မွန်က ဆုဖလားဆွတ်ခူး နိုင်ရန် မိုချန်ဂလာဘတ်ကို အနိုင် ရရန်လိုအပ်ပြီး ဘိုင်ယန်က ဖရန့် ဖတ်ကို ရှုံးနိမ့်ရန်လိုအပ်သည်။ ‘‘ဒီဆုဖလားကို အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ တကယ့် ကိုရချင်ပါတယ်’’ ဟု ဘိုင်ယန် တိုက်စစ်မှူးမူလာက ပြောသည်။

စတုဂတ်က ၀ုဖ်ဘတ်ကို ၃-၀ ဂိုးဖြင့်အနိုင်ရပြီး တန်းတင် ကျန်ရစ်ခွင့်ရရေး ရှုံးထွက်ပွဲ ကစားခွင့်ရရှိသည်။ ယခုရလဒ် ကြောင့် အမှတ်ပေးဇယား အောက်ဆုံးအဆင့် (၁၇)နှင့် (၁၈)ရှိ ဟန်နိုဗာနှင့် နုရင်ဘတ် တို့ ဒုတိယတန်းသို့ ဆင်းရမည်ဖြစ် သည်။ ဟန်နိုဗာအနေဖြင့် ဖရိုင်း ဘတ်ကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရသော်လည်း စတုဂတ်ကိုလိုက်မီ ရန် မဖြစ်နိုင်သောကြောင့် တန်း ဆင်းရခြင်းဖြစ်သည်။

အခြားပွဲစဉ်များတွင် မိုချန် ဂလာဘတ်က နုရင်ဘတ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရပြီး လေဗာကူဆင် နှင့် ရမှတ်တူဂိုးကွာခြားချက်အ သာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးနေရာဖြစ်သော အ ဆင့်(၄)သို့ တက်လှမ်းနိုင်ခဲ့သည်။ ၀ါဒါဘရီမင်က ဟော်ဖန် ဟိုင်းကို ၁-၀ ဂိုး၊ ဟာသာဘာ လင်က အော့စ်ဘတ်ကို ၄-၃ ဂိုး ဖြင့် အနိုင်ရရှိသည်။

No comments:

Post a Comment