Monday, May 13, 2019

ရေခဲတောင်တက်စဉ် မတော်တဆမှုကြုံတွေ့ပါက ကူညီရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့မည်

 ရေခဲတောင်တက်ရာ တွင် မတော်တဆဖြစ်စဉ်များ ကြုံ တွေ့ပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံ ခြေ လျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ နည်းစနစ်မှူး ကိုပြည့်ဖြိုးအောင် က ပြောသည်။ မြန်မာနိုင်ငံတွင် တောင် တက်အားကစား  ဖွံ့ဖြိုးလာပြီး နောက်ပိုင်း  တောင်တက်ခရီးစဉ် ဖြစ်စေ၊ အပျော်တမ်းဖြစ်စေ၊ ရေ ခဲတောင်များသို့ တက်ရောက်မှု များပြားလာကာ မတော်တဆ မှုဖြစ်စဉ်များ ကြုံတွေ့လာနိုင်ခြေ ရှိသဖြင့် ကူညီကယ်ဆယ်ရေးလုပ် ငန်းများ လိုအပ်လာကြောင်း ၎င်းကပြောသည်။


‘‘ဒီအားကစားနည်းက တဖြည်းဖြည်း တိုးတက်လာတဲ့ အခါကျတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ် ဒါမျိုးထပ်ဖြစ်နိုင်တယ်။ အရေးပေါ်တစ်ခုခုဖြစ်လာလို့ရှိ ရင် လျင်လျင်မြန်မြန် တုံ့ပြန်ဖို့အ တွက်ကို ကယ်ဆယ်ရေးအဖွဲ့ဖွဲ့ ဖို့ လုပ်နေပါတယ်’’ဟု ကိုပြည့် ဖြိုးအောင်က ပြောသည်။

လက်ရှိတွင် ဖန်ဂရန်ရာဇီ ရေခဲတောင်တက်စဉ် ပြုတ်ကျ သေဆုံးသည့် အမျိုးသမီးတောင် တက်သမား မစိမ့်ထက်၏ ဖြစ်စဉ် နှင့် ၂၀၁၄ တွင် ဖြစ်ပွားသည့် မြန်မာနိုင်ငံ၏ အမြင့်ဆုံးရေခဲ တောင် ခါကာဘိုရာဇီ၌ ပျောက်ဆုံးခဲ့သည့် တောင်တက်သမားနှစ် ဦး၏   ဖြစ်ရပ်များလည်းရှိသဖြင့်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်း ၎င်းကပြောသည်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ကို တောင်တက်အတွေ့အ ကြုံရှိသူများဖြင့် ဖွဲ့စည်းမည်ဖြစ် ပြီး ကယ်ဆယ်ရာတွင် အသုံးပြု မည့် တောင်တက်ကိရိယာပစ္စည်း များကို  အဖွဲ့ချုပ်က ၀ယ်ယူမည်ဖြစ်သည်။

No comments:

Post a Comment