Monday, May 13, 2019

ပြည်မြို့ ဆယ်ထပ်ကြီးဘုရား တည်ထားကိုးကွယ်ခြင်း ရာပြည့်ပွဲတော်ကျင်းပ

  ပြည်မြို့ ဇေယျပထ၀ီကုန်း မြေတွင် တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးရုပ်ပွားတော်မြတ် တည်ထားကိုးကွယ်ခြင်း နှစ် (၁၀၀) ပြည့်ပွဲတော်ကျင်းပနေသည်။ အဆိုပါပွဲတော်ကို မေလ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပ မည်ဖြစ်သည်။ ပွဲတော်ရက်များ တွင် သံဃာတော်အရှင်သူမြတ် များအား ဆွမ်းဆန်စိမ်းလောင်း လှူခြင်း၊ ဧည့်ပရိသတ်များအား အာဟာရဒါနစတုဒိသာကျွေးမွေး ခြင်း၊ မြန်မာ့ဆိုင်းဝိုင်း အငြိမ့်ဖျော် ဖြေခြင်း အစီအစဉ်များပါရှိကြောင်း ဘုရားဂေါပကအဖွဲ့က ပြော သည်။  ‘‘ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့တာ နှစ် ပေါင်း (၁၀၀)ပြည့်ပါပြီ။ ဒါ ကြောင့် ရာပြည့်အထိမ်းအမှတ်ပွဲ တော်ကျင်းပတယ်။ ရုပ်ပွားတော် မြတ်ကြီးကို နောင်မှာလည်းရေ ရှည်တည်တံ့စွာကိုးကွယ်နိုင်ဖို့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြု လုပ်လျက်ရှိပါတယ်’’ ဆယ်ထပ် ကြီးဘုရားဂေါပကအဖွဲ့ဝင် ဦး သိန်းဦးက ပြောသည်။


  တိုင်းပြည်လုံးချမ်းသာ ဆယ်ထပ်ကြီးဘုရားကို ရွှေဆံ တော်စေတီတော်မြတ်ကြီး၏ အ ရှေ့စောင်းတန်းထိပ်တွင် တည် ထားသည်။ ထိုနေရာ၌ ရှေး ယခင်သရေခေတ္တရာပျူခေတ်က ဆင်ချည်တိုင်နှင့် မြင်းချည်တိုင် စေတီနှစ်ဆူတည်ထားကိုးကွယ်ခဲ့ သည်။ သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းသည် ရွှေဆံတော် စေတီတော်မြတ်ကြီးကို ဖူးမြော် ရန် လာရောက်ရာတွင် ဆင်၊ မြင်းတို့ကို ချည်နှောင်ထားလေ့ရှိ သည့် သစ်သားတိုင်များနေရာ၌ တည်ထားခြင်းဖြစ်သည်။ စေတီ နှစ်ဆူသည် ခေတ်ကာလကြာမြင့် လာသည်နှင့် ပျက်စီးယိုယွင်းသွား သဖြင့် ယင်းနေရာတွင် ဆယ် ထပ်ကြီး  ရုပ်ပွားတော်မြတ်ကို တည်ထားခြင်းဖြစ်သည်။ သက္ကရာဇ် ၁၂၇၁ မှ ၁၂၈၁ အထိ (၁၀)နှစ်ကြာတည်ထားရ သဖြင့် ဆယ်ထပ်ကြီးဘုရားဟု အမည်တွင်ခဲ့သည်။ ဉာဏ်တော် အမြင့်ပေ တစ်ရာတစ်ဆယ့်တစ် ပေတစ်လက်မရှိသည်။ ယခု မြန် မာသက္ကရာဇ် ၁၃၈၁ သို့ ရောက် ရှိပြီဖြစ်သဖြင့် နှစ်(၁၀၀) ပြည့် ပြီဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့က ပြောသည်။

No comments:

Post a Comment