Monday, May 13, 2019

အစ္စရေးက ဂါဇာနယ်စပ်ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်

 ယခုလအစောပိုင်းက ပိတ် ခဲ့သော ဂါဇာကမ်းမြောင်ဒေသ နယ်စပ်ဝင်ပေါက်များကို ပြန် လည်ဖွင့်လှစ်ကြောင်း အစ္စရေး အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ လူများအတွက် Erez နယ် စပ်ဝင်ပေါက်နှင့် ကုန်ပစ္စည်းများ အတွက် Kerem Shalom နယ် စပ်ဝင်ပေါက်နှစ်ခုစလုံးကို ဖွင့် လှစ်ခဲ့ကြောင်း နယ်စပ်ဝင်ပေါက် များကို ကြီးကြပ်နေသော အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်စောင်တွင် ပြောသည်။



ဂါဇာဒေသအုပ်ချုပ်သူ ဟားမားစ်အဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ် အစ္စလာမ်မစ်ဂျီဟတ်များက အစ္စရေးနယ်နိမိတ်ထဲသို့ ရာနှင့်ချီသော ဒုံးကျည်များ ပစ်ခတ်ရာ လက်တုံ့ပြန်သည့်အနေဖြင့် အစ္စ ရေးစစ်တပ်က ဂါဇာရှိ ပစ်မှတ် များကို လေကြောင်းမှ တိုက်ခိုက်ခဲ့သော မေလ ၄ ရက်ကတည်းက အဆိုပါ နယ်စပ်ဝင်ပေါက်နှစ်ခု စလုံးကို ပိတ်ခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာသော ယင်းအ ပြန်အလှန်ပစ်ခတ်မှုများတွင် စစ် သွေးကြွ အနည်းဆုံးကိုးဦး အပါ အဝင် ပါလက်စတိုင်း ၂၅ ဦးနှင့် အစ္စရေးအရပ်သားလေးဦး သေ ဆုံးသည်။

လှုပ်ရှားမှုမရှိဘဲ အေးအေး ဆေးဆေး နေထိုင်မှုကြောင့် အ ပြန်အလှန်အနေဖြင့် ဆင်းရဲမွဲတေ သော ဂါဇာဒေသအပေါ် ဆယ်စု နှစ်နှင့်ချီ ပိတ်ဆို့မှုများကို ဖြေ လျှော့ပေးရန် အစ္စရေးက သဘော တူခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက ပြောသည်။

 ယင်းသဘောတူညီမှုကို အစ္စရေးက လူသိရှင်ကြား အ တည်ပြုခြင်းမရှိသော်လည်း ဂါဇာ ကမ်းလွန်ဒေသတွင် ငါးဖမ်းလုပ် ငန်းလုပ်ကိုင်နေသော ပါလက် စတိုင်းလှေများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုတစ်ခုကို မေလ ၁၀ ရက်က ဖယ်ရှားခဲ့သည်။ ဟားမားစ်များကို ဖယ်ရှား ရေး ဂါဇာကို ပိတ်ဆို့ရန် လိုအပ် သည်ဟု အစ္စရေးက ပြောထား သည်။

No comments:

Post a Comment