Monday, May 13, 2019

လက်ဝှေ့ကျော်ပက်ကွီအိုနှင့် ကိသ်သာမန် WBA ခါးပတ်လုပွဲ ထိုးသတ်မည်

 ဖိလစ်ပိုင် လက်ဝှေ့ကျော် မန်နီပက်ကွီအို သည် ကမ္ဘာ့လက်ဝှေ့အဖွဲ့အစည်း (WBA)၀ယ်လ်တာဝိတ်တန်းခါး ပတ်လုပွဲအတွက် အမေရိကန်နိုင် ငံသား ကိသ်သာမန်နှင့် ဇူလိုင် ၂၀ ရက်တွင် ထိုးသတ်မည်ဟု ပွဲ စီစဉ်သူများက အတည်ပြုသည်။ ၀ိတ်တန်းရှစ်ခု ကမ္ဘာ့ချန်ပီ ယံပက်ကွီအို(၄၀ နှစ်)သည် ဇန် န၀ါရီက နောက်ဆုံးထိုးသတ် သောပွဲတွင် အမေရိကန်နိုင်ငံ သား အန်ဒရီယန်ဘရိုနာကို အ နိုင်ရရှိသည်။ လက်ဝှေ့ကစားသမားဘ၀ တွင် ၆၁ ပွဲနိုင်၊ နှစ်ပွဲသရေကျပြီး ခုနစ်ပွဲရှုံးထားသည့် ပက်ကွီအို သည် လက်ရှိ WBA ၀ယ်လ်တာ ၀ိတ်တန်းချန်ပီယံဖြစ်သည်။


‘‘ဒီနှစ်ရဲ့ အခမ်းနားဆုံးလက် ဝှေ့ပွဲမှာ ၀ိတ်တန်းရှစ်ခုကမ္ဘာ့ချန် ပီယံနဲ့ ဖိလစ်ပိုင်အထက်လွှတ် တော်အမတ်ပက်ကွီအိုဟာ ရှုံးပွဲ မရှိသေးတဲ့ WBA စူပါဝယ်လ်တာ ၀ိတ်တန်းကမ္ဘာ့ချန်ပီယံသာမန်နဲ့ ဇူလိုင် ၂၀ ရက်မှာ ထိုးသတ်မှာ ပါ’’ ဟု ပွဲစီစဉ်သူများက ထုတ်ပြန် ချက်တစ်စောင်တွင် ပြောသည်။ ကျင်းပမည့်နေရာကို ကြေ ညာခြင်းမရှိသေးပေ။

‘‘ပက်ကွီအိုရဲ့အသင်းပြန် လာပြီ။ ဇူလိုင် ၂၀ ရက်မှာ ထိုး သတ်မယ့်သာမန်နဲ့ပွဲအတွက်ပါ’’ ဟု ပက်ကွီအိုက တွစ်တာ၌ရေး သားခဲ့သည်။

အသက်(၃၀)အရွယ်သာမန် သည် ကြေးစားလက်ဝှေ့ကစား သမားဘ၀စုစုပေါင်း ပွဲ ၃၀ ထိုး သတ်ရာ ၂၉ ပွဲနိုင်ပြီး ရှုံးပွဲမရှိ သေးဘဲ တစ်ပွဲမှာ ၎င်းဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိပေ။ ‘‘ဘရွတ်ကလင်းမှာဖြစ်နိုင် တယ်။ လာ့စ်ဗီးဂတ်မှာလည်း ဖြစ် နိုင်တယ်။ ပက်ကွီအို ထိုးချင်တဲ့ နေရာထိုးပါ။ မဖြစ်မနေထိုးရ မယ်ဆိုရင် ကျွန်တော်ကတော့ သူ နဲ့ဖိလစ်ပိုင်မှာတောင် ထိုးမှာပါ’’ ဟု သာမန်က ပြောကြားသည်။

No comments:

Post a Comment