Monday, May 13, 2019

ထိုင်းသို့ အလုပ်သွားလုပ်မည့် မြန်မာလုပ်သားများ ၀န်ဆောင်ခနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မည်ဟုဆို

ထိုင်းနိုင်ငံသို့ သွား ရောက်လုပ်ကိုင်သည့် အလုပ်သ မားများပေးဆောင်နေရသည့် ၀န် ဆောင်ခလျော့နည်းသက်သာစေ ရန် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူ များက သုံးသပ်မည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည်ဆိုပါက မြန်မာဘက်ရှိအေဂျင်စီကို ၀န်ဆောင်ခ ကျပ်တစ်သိန်းခွဲနှင့် ထိုင်းနိုင်ငံဘက်ခြမ်းအတွက် ဘတ် ၃,၆၀၀ သာပေးရမည်ဖြစ်သော်လည်း အမှန်တကယ် ကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း အ လုပ်သမားများက ဆိုသည်။



ထိုသို့ အလုပ်သမားများ ငွေ ကြေးကုန်ကျများနေရခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ အလုပ်သ မားရေးရာ ညွှန်ကြားရေးမှူးချုပ် အဆင့် လုပ်ငန်းအဖွဲ့အစည်းအ ဝေးတွင် ပြန်လည်သုံးသပ်ဆွေး နွေးမည်ဟု ဦးသိန်းဆွေက ပြော သည်။

‘‘နောက်ဆုံးမှာတော့ တစ် ပြားမှ မကုန်ကျတဲ့အဆင့်ရောက် အောင် ကြိုးစားဆောင်ရွက်နေပါ တယ်။ လက်ရှိမှာတော့ ဒီအဆင့် ကို မရောက်သေးဘူး’’ဟု ၎င်းက ပြောသည်။

 နှစ်နိုင်ငံအလုပ်သမားရေး ရာ ညွှန်ကြားရေးမှူးချုပ်အဆင့် လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယမန်နေ့ (မေလ ၁၂ ရက်) တွင် စတင်ပြုလုပ်နေပြီး ယင်းဝန် ဆောင်ခနှုန်းထားနှင့်ပတ်သက်၍ ရရှိသည့်ရလဒ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

‘‘အတတ်နိုင်ဆုံး အနည်းဆုံး လိုအပ်ချက်တွေ ဖြစ်အောင် ဆောင်ရွက်နေတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ကိုယ့်နိုင်ငံတစ်ခုတည်း ဆောင် ရွက်လို့ မရဘူး။ တစ်ဖက်က သက်ဆိုင်ရာအစိုးရတွေရော ထိုင်းနိုင် ငံအေဂျင်စီတွေပါ ညှိနှိုင်းနေရ တယ်။ ဒါကြောင့် ဒါလေးတော့ အချိန်ယူနေပါတယ်။ ကုန်ကျ စရိတ်သက်သာစွာနဲ့ မှန်မှန်ကန် ကန် ပို့နိုင်အောင်လို့ ဆောင်ရွက် နေပါတယ်’’ ဟု ဦးသိန်းဆွေက ပြောသည်။

 အလုပ်သမားများ ငွေကုန် ကြေးကျ များနေရခြင်းသည် အလုပ်သမားများတစ်ဖက်နိုင်ငံသို့ ပို့ ဆောင်ပေးရသည့် ကုန်ကျစရိတ် နှင့် အထွေထွေကုန်ကျစရိတ်များ ကြောင့် ဖြစ်သည်ဟု အေဂျင်စီ လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘များသောအားဖြင့် ၀န် ဆောင်ခကို ပုံမှန်အတိုင်းပဲ ယူ ကြပါတယ်။ အေဂျင်စီတွေဘက် က ထပ်လျှော့ပေးဖို့တော့ ခက် လိမ့်မယ်’’ဟု အေဂျင်စီလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံသည် မြန်မာအ လုပ်သမားများ အများဆုံးသွား ရောက်လုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး တစ်လလျှင် တရားဝင်သွား ရောက်၁၅,၀၀၀ ခန့်ရှိကြောင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment