Monday, May 13, 2019

မူဆယ်တွင် ပိတ်မိနေသော ဆန်တန်ချိန်ခြောက်သောင်းကို တရုတ်နိုင်ငံသို့ အမြန်ဆုံးတင်ပို့နိုင်ရေး ဆောင်ရွက်နေ

မူဆယ်တွင် ပိတ်မိနေ သော ဆန်တန်ချိန်ခြောက်သောင်း ခန့်ကို အမြန်ဆုံးရောင်းချနိုင်ရေး ယူနန်ပြည်နယ်အစိုးရတာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တို့ မေလတတိယပတ်၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေ သည်။ တရုတ်ဘက်က မ၀ယ်သ ဖြင့် နယ်စပ်တွင်ပိတ်မိနေသော ဆန်များကို တရုတ်နိုင်ငံသို့တရား ၀င်အခွန်ပေးဆောင်ပြီး ကုန်စည် ဖလှယ်သည့်စနစ်ဖြင့် အမြန်ဆုံး ရောင်းချနိုင်ရေး ဆွေးနွေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးကပြောသည်။



‘‘အသင်းချုပ်ဥက္ကဋ္ဌနဲ့ တာ ၀န်ရှိသူတွေသွားပြီးညှိနှိုင်းမှာပါ’’ ဟု ဦးမျိုးသူရအေးက ပြောသည်။ ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် ညှိ နှိုင်းမှုပြီးလျှင် အရည်အသွေးပိုင်း စစ်ဆေးပြီး တရုတ်သို့ရောင်းချ နိုင်မည်ဟု မျှော်မှန်းကြောင်း ၎င်း ကပြောသည်။ တရုတ်နှင့်ကုန်စည်ဖလှယ် သည့်စနစ်တွင် ဆန်အပြင် ဆန် ကွဲကိုလည်း ထည့်သွင်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ပြင်ဆင်နေ သည်။

၂၀၁၈ ဧပြီ ၁ရက်မှ ၂၀၁၉ မတ်လကုန်အထိ ဆန်ကွဲတန်ချိန် လေးသိန်းခွဲကျော်(ကန်ဒေါ်လာ သန်း ၁၃၀ ကျော်)တင်ပို့ခဲ့ပြီး ဆန်ကွဲသည် မြန်မာ့ဆန်လောက အတွက် အရေးကြီးသည့်ပို့ကုန် ဖြစ်သည်။

‘‘တရုတ်က ဆန်ကွဲအ၀ယ် ကို မကန့်သတ်ထားဘူး’’ ဟု စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ တရုတ်နိုင်ငံက မြန်မာမှ ဆန်ဝယ်ယူရာတွင် ခွဲတမ်းသတ် မှတ် ၀ယ်ယူသော်လည်း ဆန်ကွဲ အ၀ယ်ကို လွတ်လပ်စွာရောင်းချ နိုင်သည်။ သို့သော် ဆန် ကွဲရောင်းချရာတွင် ဆန်စက်များ၊ ဂိုဒေါင်များ၌ မီးထောင်ချောက်၊ ငှက်ထောင်ချောက်နှင့် ပိုးမွှားမ ကျရန် ဆောင်ရွက်ထားနိုင်သည့် အစီအစဉ်များရှိမှသာ တရုတ် နိုင်ငံက ၀ယ်ယူမည်ဖြစ်သည်။

No comments:

Post a Comment