Monday, May 13, 2019

တိုက်ပွဲကျန် ကျည်နှင့်မိုင်းကြောင့် ရခိုင်ဒေသခံများ သေဆုံးမှုများလာ၍ မိုင်းအန္တရာယ်ပညာပေးဆောင်ရွက်ရန်တိုက်တွန်း

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကျန်ကျည်နှင့် မိုင်းပေါက် ကွဲမှုများကြောင့် ကလေးငယ်များ အပါအ၀င် လူသေဆုံးမှုများပြား လာ၍ ဒေသခံများကို မိုင်းအန္တ ရာယ်ဆိုင်ရာပညာပေးမှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် လိုအပ် နေကြောင်း ကူညီရေးအဖွဲ့နှင့်နိုင် ငံရေးပါတီ တာဝန်ရှိသူများကပြောကြားသည်။ တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့(AA) တိုက်ပွဲဖြစ် စဉ်များအတွင်း အရပ်သားသေ ဆုံးဒဏ်ရာရမှုများရှိခဲ့သည့်အ ပြင် တိုက်ပွဲအပြီးကျန်နေသည့် မပေါက်ကွဲသေးသောလက်နက် ကြီးကျည်များနှင့် မိုင်းများကြောင့် အရပ်သား သေဆုံးဒဏ်ရာရခြင်း များ မကြာခဏဖြစ်ပေါ်နေသည်။
မပေါက်ကွဲဘဲ ကျန်နေသည့် မိုင်း နှင့် လက်နက်ကြီးကျည်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ရှစ်ဦးထက်မနည်းရှိကြောင်း၊ အ စိုးရနှင့်သက်ဆိုင်ရာအဖွဲ့များအ နေဖြင့် မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးအစီအစဉ်များ လုပ် ဆောင်ရန်လိုအပ်ကြောင်း ကူညီ ရေးအဖွဲ့တစ်ခုဖြစ်သည့် ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်း အရုံး(REC)က ထုတ်ပြန်ထား သည်။


စစ်နှင့်ပတ်သက်ပြီး အတွေ့ အကြုံမရှိသော  အရပ်သားများ သည် စစ်ပွဲများဖြစ်နေသည့်တိုင် ၀မ်းရေးအခက်အခဲကြောင့် သွား လာလုပ်ကိုင်နေရကြောင်း၊ ထို့ ကြောင့် နှစ်ဖက်လက်နက်ကိုင် များအနေဖြင့် ပြည်သူလူထုအန္တ ရာယ်မဖြစ်စေရေး မိုင်းထောင် ခြင်း၊ လူထုနှင့်နီးကပ်ရာနေရာ များတွင် တိုက်ပွဲဖြစ်ပွားခြင်းများ ရှောင်ရှားသင့်ကြောင်း REC ဥက္ကဋ္ဌဦးရွှေဘော်စိန်က ပြော သည်။

‘‘ဟိုဘက်ကလည်း အစိုးရ ထောင်တယ်လို့ပြောတယ်။ ဒီ ဘက်ကလည်း လက်နက်ကိုင် တွေက ထောင်တယ်လို့ပြော တယ်။ ဘယ်သူပဲထောင်ထောင် ဘယ်လိုပဲပြောပြော ဒီအရပ်သား တွေ ထိခိုက်နစ်နာမှုဖြစ်စေနိုင်တဲ့ အပြုအမူကို မလုပ်ဖို့ ကျွန်တော် တို့အနေနဲ့ တောင်းပန်ချင်တာ ပေါ့’’ ဟု ဦးရွှေဘော်စိန်က ဆို သည်။

တိုက်ပွဲကျန်ကျည်နှင့် မိုင်း များကြောင့် ပြည်သူလူထုထိခိုက် သေဆုံးခြင်းကို ယခင်က ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်ဒေသများ ၌သာ ဖြစ်ပွားသည်ဟု ကြားသိခဲ့ရ ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)အထွေထွေအတွင်းရေး မှူး ဦးထွန်းအောင်ကျော်က ပြော သည်။ လက်ရှိတွင် ရခိုင်ပြည်နယ် ၌ ယင်းအဖြစ်အပျက်များဖြစ် ပွားနေပြီး ပြည်သူလူထုထိခိုက် နစ်နာနေရသည်ဟု ၎င်းကဆို သည်။

‘‘လူထုအတွက် မိုင်းအန္တ ရာယ်တို့၊ ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်တို့ကို ဘယ်လိုသတိ ထားရမယ်၊ ဘယ်လိုရှောင်ရမယ် ဆိုတဲ့ကိစ္စ မလွဲမသွေလိုအပ်တာ ပေါ့’’ ဟု ဦးထွန်းအောင်ကျော်က ပြောသည်။ တပ်မတော်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားမှုများပြားသည့် ကျောက်တော်မြို့နယ်တွင် မေလ က တိုက်ပွဲကျန်လက်နက်ကြီး ကျည်ပေါက်ကွဲမှုနှင့် မိုင်းပေါက် ကွဲမှု နှစ်ကြိမ်ဖြစ်ပွားရာ ကလေး ငယ်တစ်ဦးသေဆုံးပြီး ယာယီနေ ထိုင်မည့်တဲဆောက်လုပ်ရန် ၀ါး ခုတ်သွားသည့်စစ်ရှောင်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

No comments:

Post a Comment