Monday, May 13, 2019

ရန်ကုန်စည်ပင်လက်အောက်ရှိ ဈေး ၂၀ ကျော်ကို တိုင်းအစိုးရ အဆင့်မြှင့်လိုဟုဆို

ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီလက် အောက်ရှိ ဈေး ၂၇ ခုကို အဆင့် မြှင့်တင်လိုကြောင်း ရန်ကုန်တိုင်း အစိုးရက မေလ ၁၀ ရက်နှင့် ၁၁ ရက်တွင်ကျင်းပသည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ ထုတ်ပြန် ကြေညာသည်။ အဆိုပါ ဈေးများအနက် တိုင်းဒေသကြီးအစိုးရစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာထားသည့် ဈေးခုနစ်ခုရှိပြီး ယင်းတွင် ဗိုလ်ချုပ်ဈေးလည်း ပါဝင်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။



အဆင့်မြှင့်တင်လိုသည့် ဈေးများသည် ဘောက်ထော်ဈေး၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဘို ကလေးဈေး၊ အရှေ့ဒဂုံအမှတ် (၂)ဈေး၊ လှိုင်ဈေးကြီး၊ လှိုင်ရတ နာဈေး၊ လှည်းတန်းဈေး၊ အင်း စိန်မြို့သစ်ဈေး၊ မင်္ဂလာဈေး၊ မြရတနာဈေး၊ ရတနာမွန်နှင့် ပတ္တမြားဈေး၊ ဗိုလ်ချုပ်ဈေးသစ်၊ ငွေယမုံဈေး၊ ညောင်ပင်လေး ဈေး၊ ပိတောက်မြိုင်ဈေး၊ ပုဇွန် တောင်ဈေး၊ စံပြဈေးနှင့် မင်္ဂလာ တောင်ညွန့်ဈေး၊ တာမွေဈေး၊ သန်လျင်ဈေး၊ သာကေတဈေး၊ ဆင်မင်းဈေး၊ သိမ်ဖြူဈေး၊ သိမ် ကြီးဈေး၊ သုဝဏ္ဏဈေး၊ ရတနာသိင်္ဂီဈေး၊ ရန်ကင်းမြို့မဈေးနှင့်သီရိမင်္ဂလာဈေးဟောင်းတို့ဖြစ် သည်။ ယင်းတို့အနက် သုံးဧက ကျယ်သည့် မင်္ဂလာဈေးကိုအဆင့် မြှင့်တင်ရန် ကန်ဒေါ်လာ ၄၅ သန်း ကုန်ကျမည်ဟုဆိုသည်။ တောင်ဥက္ကလာပရှိ ရွှေယမုံဈေးသည် မြေသုံးဧက၊ ပုဇွန်တောင်ဈေးသည် မြေခြောက်ဧက၊ တာမွေဈေးသည် လေးဧက၊ သန် လျင်ဈေးသည် တစ်ဧက၊ သီရိမင်္ဂလာဈေးဟောင်းသည် မြေငါးဧကစီကျယ်ဝန်းသည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီးတစ် ခုလုံးတွင် ဈေး ၁၇၈ ခုရှိပြီး ဈေး များကို က၊ခ၊ဂ နှင့် ဃ ဟူ၍လေး ဆင့်ခွဲထားသည်။ (က)အဆင့် ဈေးကြီး ၂၂ ခုနှင့် (ခ) အဆင့် ၄၉ ဈေးရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

No comments:

Post a Comment