Monday, May 13, 2019

မုံရွာတွင် အစားအသောက်၊ ဆေးဝါးများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားပါက ဓာတ်ခွဲခန်းယာဉ်ဖြင့် စစ်ဆေးမည်

မုံရွာမြို့တွင် အစားအ သောက်၊ ဆေးဝါးများနှင့် ပတ် သက်၍ သတင်းပေးတိုင်ကြားပါ က ဓာတ်ခွဲခန်းယာဉ်ဖြင့် စစ်ဆေး မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန တိုင်း ဦးစီးမှူး ဒေါက်တာထွန်းလင်း အောင်က ပြောသည်။ စစ်ကိုင်းတိုင်းအတွင်း မြို့ ပေါ်ဈေးကြီးများတွင် တစ်လနှစ် ကြိမ်နှင့် နယ်ဈေးများ၌ တစ်လ နှစ်ကြိမ် ဓာတ်ခွဲခန်းယာဉ်ဖြင့် ပုံမှန်စစ်ဆေးနေပြီး အစားအသောက်၊ ဆေးဝါးများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားပါက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနပိုင် ဓာတ်ခွဲခန်းယာဉ်ဖြင့် အမြန်ဆုံး စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။



‘‘ဈေးထဲမှာ မသင်္ကာလို့ စစ် လိုက်တဲ့ ပစ္စည်းမှာ တွေ့ရင် ပညာပေးပြီး ခံဝန်ထိုးခိုင်းတယ်။ ပြီးရင် ပစ္စည်းထုတ်လုပ်တဲ့ ပင်ရင်းကို စစ်ဆေးပြီး ပညာပေးတာ၊ ခံဝန် ထိုးခိုင်းတာလုပ်တယ်။ ခံဝန်ထိုး ပြီး ဆက်လုပ်နေမယ်ဆိုရင် အရေးယူမယ်လို့ တစ်ခါတည်း သတိပေး ထားတယ်’’ဟု ဒေါက်တာထွန်း လင်းအောင်က ပြောသည်။ ဈေးများအတွင်း ရောင်းချနေသည့် ငါးပိ၊ လက်ဖက်၊ ချဉ်ဖတ်၊ ကွမ်းသီး၊ ချင်း စသည့်စား သောက်ကုန်များကို အဓိကစစ် ဆေးပြီး ဓာတုဆေးဝါးနှင့် အက်စစ် စသည့် စားသုံးသူ အန္တရာယ်ဖြစ် စေနိုင်မည့် ပစ္စည်းများ အစားအသောက်အတွင်း ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိပါက အသိပညာပေးဆွေးနွေးကာ ဆက်လက်ရောင်းချခြင်းမပြုလုပ်ရန် ခံဝန်ကတိရေးထိုးစေခဲ့ကြောင်း ၎င်းက ဆိုသည်။ ‘‘ဈေးထဲမှာ တိုင်းရင်းဆေးနဲ့ နိုင်ငံခြားဆေးတွေကို လိုင်စင်မဲ့ ရောင်းချတာ၊ ဘေးအန္တရာယ်ရှိတဲ့ အစားအစာတွေ ရောင်းချတာ တွေကို သတင်းပေးတိုင်ကြားလို့ စစ်ဆေးတာတွေရှိတယ်။ စားသုံး ရန်မသင့်တဲ့ အစားအစာနဲ့ ဆေး ဝါးတွေ တွေ့ရှိရင် ပစ္စည်းတွေကို ဖျက်ဆီးဖို့ သိမ်းဆည်းတယ်။ ဆိုင်ပိုင်ရှင်ကို အသိပညာပေးပြီး နောက်ထပ်မရောင်းဖို့ ခံဝန်ထိုး ရတာတွေရှိတယ်။ FDA က ဓာတ် ခွဲခန်းကားနဲ့ ချက်ချင်းစစ်၊ ချက်ချင်းအရေးယူတော့ ဈေးရောင်းသူတွေအတွက် အန္တရာယ်ရှိတဲ့ အစားအစာတွေမှန်း သိသွားတယ်။ ဘေးအန္တရာယ်ရှိတဲ့ အစားအစာတွေ ဈေးထဲ ရောင်းတာမရှိတော့ စားသုံးသူတွေအတွက် ပိုကောင်း တာပေါ့’’ဟု မုံရွာမြို့ ချင်းတွင်း ရတနာဈေးမှ စားသောက်ကုန် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

No comments:

Post a Comment