Monday, May 13, 2019

ဒုတိယဝန်ကြီးဦးကျော်လင်း ထုံခါ-သဲဖြူ-မောတောင်လမ်း(နှစ်လမ်းသွား)ကတ္တရာလမ်းသစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေးခဲ့

Image may contain: 1 person, standing, flower and outdoorဆောက်လုပ်ရေးဝန်ကြီးဌာန၏]ကြီးကြပ်လမ်းညွှန်မှုဖြင့် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက်မှ B-O-Tစံနစ်ဖြင့်တာဝန်ယူဆောင်ရွက်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ထုံခါ-သဲဖြူ-မောတောင်လမ်း (နှစ်လမ်းသွား)ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါထုံခါ-သဲဖြူ-မောတောင်လမ်း (၁ဝ)ကီလိုမီတာရှိ သိန်ခွန်းကျေးရွာအုပ်စု- သိန်ခွန်းကျေးရွာ ယာယီမဏ္ဍပ်တွင် မေလ ၁၂ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ သည်။


ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်
လင်းမှ အဖွင့်အမှာစကားပြောကြား ရာတွင် “ဒီလမ်းကြီးဖွင့်သွားပြီး ထိုင်းနိုငံနှင့်ဆက်သွယ်လို့ရအောင် အချိန်တိုင်း ထိုင်းသံအမတ်ကြီးနှင့် နှစ်နိုင်ငံ ကုန်လုပ်မည့်အကြောင်း ဆွေးနွေးခဲ့ကြောင်း၊ ဒီလမ်းကြီးဖွင့်သွားရင် မောတောင်ဂိတ်မှမဲဆောက်မြို့သို့ အချိန်တို အတွင်းရောက်နိုင်တယ်၊ ရနောင်းမြို့ကငါးဈေးကွက်ဟာလည်း ဒီလမ်းပေါ်ရောက်လာမှာပါ။ ခရီးသွားများလည်း ဒီလမ်းတိုမှဝင်လာပြီးတော့မှ မြိတ်ကျွန်းစုခရီးသွားတွေဖြစ်
လာမယ်။ တနင်္သာရီတိုးဟာ စီးပွါးရေးဖွံ့ဖြိုးမှုအမြင့်ဆုံး ထဲမှပါတယ်။ ဖွံ့ဖြိုးမှုအလားအလာကောင်းဆုံးဖြစ်တယ်။ ဒီနေရာမှာာာ လျှပ်စစ်မီးဟာ (၂ဝ၂၂)ကိုရောက်သွားမယ် ဆိုရင် တနင်္သာရီတိုင်းအတွင်း ကျွှန်းတွေအပေါ်ကျွန်းပတ်လမ်းတွေ အကောင်အထည်ဖော်နိုင်ရင် ခရီးသွားတွေကို ဆွဲဆောင်နိုင်မှာဖြစ်သလို တနင်္သာရီတိုင်းမှ ရေထွက်ကုန်တွေ၊သယံဇာတတွေ၊ ပြည်ပသို့တင်ပို့ဖို့ အလွယ်ဆုံး နည်းလမ်းတွေဖြစ်လာမယ်၊ တနင်္သာရီတိုင်းဟာ မြို့ဒိုင်တွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို အရွယ်ရောက်သူတွေ ဒီကိုပြန်လာချင်စိတ်ပေါက်လာမှာဖြစ်ကြောင်း၊ ဒီလမ်းကြီးရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသခံများမှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြပါ” ဟု လမ်းညွှန်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ မှအမှာစကားပြောကြားပြီး၊ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက် ဥက္ကဌ ဦးလှသန်းမှ ၄င်းထုံခါ-သဲဖြူ-မောတောင်လမ်းအပိုင်း အားဆောင်ရွက်ခဲ့သည့်အခြေအနေများကိုရှင်းလင်းတင်ပြပြီး၊ လမ်းအပိုင်းတည်ဆောက်မှုမှတ်တမ်း ဗွီဒီယိုကို ပြသ ပေးခဲ့သည်။

ယင်းနောက် ၄င်းထုံခါ-သဲဖြူ-မောတောင်လမ်းအပိုင်းအား ကတ္တရာလမ်းဖော်ဆောင်ပေးမှုအပေါ် ဒေသခံ တစ်ဦးဖြစ်သူ ဦးစိုးရီ က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပေးခဲ့သည်။

ဆက်လက်၍ ထုံခါ-သဲဖြူ-မောတောင်လမ်း(နှစ်လမ်းသွား)ကတ္တရာလမ်းသစ်အား တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့(ကိုယ်စား)လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တနင်္သာရီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဟိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်၊ တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ တနင်္သာရီမြို့နယ် တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စား လှယ် ဦးရဲမြင့်ဆွေ၊ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက် ဥက္ကဌ ဦးလှသန်းနှင့် မန်နေးဂျင်းဒါရိုက်တာ ဦးစိုးဝင်း တို့ကဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြရာ၊ မြိတ်မြို့ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့်ပန်း ပွားအဖွဲ့ကျောင်းသူ/သားများက တီးမှုတ်ဖျော်ဖြေပေးခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးကျော်လင်းနှင့်တာဝန်ရှိသူများသည် အဆို ပါလမ်အား မောတောင်မြို့ နယ်စပ်အထိ မော်တော်ယာဉ်များဖြင့်သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များလမ်းညွှန်မှာကြား၍ နံနက်၁၁နာရီခွဲအချိန်၌် မောတောင်မြို့မှတစ်ဆင့်တနင်္သာရီမြို့ကိုဖြတ်၍ မြိတ်မြို့သို့ ပြန်လည်ထွက်ခွါသွားကြောင်းသိရှိရသည်။ အဆိုပါလမ်းအား မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ကုန်ကျငွေကျပ်(၂၄ဘီလီယံ)ကုန်ကျခံ၍ လမ်းသားအကျယ်(၂၆ပေ)၊ လမ်းပုခုံးအပါအဝင် (၃၂) ပေ ရှိပြီး၊ လမ်းအရှည်မှာ(၄၈မိုင် ၂ဖာလုံ)ရှိကြောင်းနှင့်လမ်းဖောက်လုပ်မှု အချိန်မှာ(၆)နှစ်ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါလမ်းပွင့်သွားခြင်းအားဖြင့်တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ငါး/ပုဇွန်/ ဂဏန်းနှင့်သယံဇာတများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့်မဟာချိုင်မြို့တို့ရှိ ငါးဈေးများသို့ အချိန်တိုအတွင်း လတ်ဆတ်စွာ အလွယ်တကူပို့ဆောင်နိုင်မည်ဖြစ်၍၊ မြန်မာ-ထိုင်းနှစ်နိုင်ငံခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရင်း ပြည်သူများ၏ပညာရေး၊ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းများ တိုးတက်လာမည်ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ရေးရှင်းလီမီတက် ဥက္ကဌ ဦးလှသန်းမှ လမ်းအချက်အလက်များတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လမ်းဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝ်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ အစိုးရဘက်ပရာကျွတ်ခရီခရိုင် ဒုတိယခရိုင်ကာကွယ်ရေးမှူး Mr.Kittirat Somp ane၊ ပရာကျွတ်ခရီခရိုင် ကုန်သည်များအသင်းဥက္ကဌ Mr.Suraat Narongyit နှင့်အဖွဲ့(၁၄)ဦး ၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်နှင့် လမ်းအင် ဂျင်နီယာများ၊ မြိတ်အများပိုင်ကော်ပိုရေးရှင်း ဥက္ကဌ ဦးလှသန်းနှင့် ဒါရိုက်တာအမှုဆောင်များ၊ ဝန်ထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဘင်ခရာအဖွဲနှင့်ပန်းပွားအဖွဲ့ကျောင်းသား/သူများ..စုစုပေါင်းအင်အား(၅ဝဝ)ကျော် တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment