Monday, May 13, 2019

ရခိုင်ရှိ တောင်သူများသို့ မိုးစပါးစိုက်စရိတ် ချေးငွေ ကျပ်ဘီလီယံ ၈၀ ကျော် ထုတ်ချေးမည်

၂၀၁၉ မိုးစပါးစိုက် ရာသီအတွက် ရခိုင်ရှိ တောင်သူ များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၈၄ ဘီလီယံကျော် ထုတ်ချေး မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြေပုံဘဏ်ခွဲ) မန်နေဂျာ ဦးမိုးဇော်ရွှေက ပြော သည်။ လာမည့် မိုးစပါးစိုက်ရာသီ အတွက် လယ်တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တောင်သူများအား ထုတ်ချေးနေပြီး မြို့နယ် အချို့တွင် တောင်သူများကို စတင် ထုတ်ချေးနေသည်။



‘‘ကျွန်တော်တို့မြို့နယ်အ တွက် လျာထားချက်က ကျပ်သန်း ပေါင်း ခြောက်ထောင်ကျော် ရှိ တယ်။ အခုမေလလယ်ပိုင်းကစ ပြီး စတင်ထုတ်ချေးနေပါပြီ’’ဟု ဦးမိုးဇော်ရွှေက ပြောသည်။  ရခိုင်ရှိ ၁၇ မြို့နယ်တွင် မိုးစပါးချေးငွေများကို မြောက်ဦး၊မင်းပြားနှင့် ကျောက်တော်မြို့နယ် တို့၌ အများဆုံး ထုတ်ချေးရပြီး လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် တောင်သူအများစု လယ်ယာလုပ်ငန်းစတင်ရန် မသေချာသေးဟု မြောက်ဦးမြို့နယ်ရှိ တောင်သူအများစုက ပြော သည်။

‘‘တိုက်ပွဲတွေကြောင့် လူတွေက ဘေးလွတ်ရာသို့ ထွက်ပြေးနေ ရပါတယ်။ လယ်ယာလုပ်ငန်း မပြောနဲ့၊ ဘေးကင်းကင်းနဲ့ နေရဖို့ နဲ့ စားရဖို့ကိုပဲ အာရုံစိုက်နေရပါ တယ်’’ ဟု မြောက်ဦးမြို့နယ် လက္ကာကျေးရွာနေ တောင်သူတစ် ဦးက ပြောသည်။ ရခိုင်ပြည်နယ်တွင် စိုက်ပျိုး စရိတ်ချေးငွေများကို အမ်း၊ ဂွနှင့် မောင်တောမြို့နယ်၌ အနည်းဆုံး ထုတ်ချေးရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ စာရင်းတွင် ဖော်ပြသည်။

No comments:

Post a Comment