
ဦးစွာကာကွယ်ရေးဦးစီးချုပ်(လေ)က အားပေးစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းသား အိပ်ဆောင်များနှင့် စားရိပ်သာ၊ စာသင်ခန်းမတို့ကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄ဝ ဦးတို့ဖြင့် မေ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment