Pages
Thursday, May 9, 2019
လော့စ်အိန်ဂျလိစ်ရှိ အိမ်တစ်အိမ်မှာ သေနတ် ၁ ထောင်ကျော် တွေ့ရှိ
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ ဒေါ်လာသန်းချီတန် ဇိမ်ခံအိမ်တစ်အိမ်မှာ လက်နက်ခဲယမ်း ၁ ထောင်ကျော် တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးနဲ့ လက်နက်ထိန်းချုပ်ရေး ဗြူရိုတို့ဟာ သတင်းပေးချက်အရ ဟုမ်းဘီဟေးလ်ရှိ နေအိမ်တစ်အိမ်ကို ရှာဖွေရာမှာ အခုလို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ရိုင်ဖယ်သေနတ်တွေ၊ ပြောင်းတို သေနတ်တွေ၊ ထောင်နဲ့ချီတဲ့ ခဲယမ်းတွေ၊ သေနတ်ထုတ်လုပ်ရာမှာ သုံးတဲ့ စက်ပစ္စည်း ကိရိယာတွေ တွေ့ရှိခဲ့ပါတယ်။ အပေါ်စီးမြင်ကွင်းကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေအရ စုံစမ်းစစ်ဆေးရေးသမားတွေဟာ သေနတ်မျိုးစုံကို စစ်ဆေးနေတာ တွေ့မြင်ရပါတယ်။ အခု သေနတ်တွေ သိမ်းဆည်းရမိတဲ့အိမ်ဟာ ပလေးဘွိုင်း အိမ်ယာအနီးနဲ့ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့ရာ နေအိမ်တို့ အနီးမှာ တည်ရှိပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment