
ဒီဆုတွေအတွက် ကိုယ်ကြိုက်တဲ့ ကစားသမားကို မဲပေးနိုင်ပြီး ပရိသတ်တွေအနေနဲ့ ဆုပေးပွဲဝက်ဘ်ဆိုက်ဖြစ်တဲ့ https://www.worldmmaawards.com/vote/ မှာ ဝင်ရောက်မဲပေးနိုင်ကာ ပရိသတ်အများဆုံး မဲပေးခံရတဲ့ ကစားသမားကို ရွေးချယ်ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
ဒီဆုပေးပွဲဟာ နိုင်ငံတကာ MMA လောကမှာ အမြင့်ဆုံးဆုတခုဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ပြုလုပ်တာဖြစ်သလို မြန်မာကစားသမား အနေနဲ့ကတော့ အခုမှ ပါဝင်ထည့်သွင်းခံရတာပါ။
ဒါနဲ့ပတ်သက်ပြီး အောင်လအန်ဆန်က “ဒီလိုဆုမျိုးမှာ ကျနော်ပါနေတာ သိရတဲ့အတွက် ကျနော်ကိုယ်တိုင်အတွက်ရော ကျနော့်ပရိသတ်တွေနဲ့ နိုင်ငံအတွက်ရော ဂုဏ်ယူရပါတယ်။ ကျနော့်အနေနဲ့ နိုင်ငံတကာ ပရိသတ်ကပေးတဲ့ Vote တွေထက် ကျနော့်နိုင်ငံက ပရိသတ်တွေကပေးမယ့် Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျနော့်ကို နိုင်ငံတကာအလယ်မှာ ပိုမိုသိလာစေမယ့်အပြင် ကျနော်တို့နိုင်ငံကိုလည်း ပိုပြီး လူသိများလာစေနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်ဟာ လက်ရှိမှာ ONE Championship Middle Weight နဲ့ Light Heavy Weight အဆင့် ကမ္ဘာ့ချန်ပီယံခါးပတ်တွေ ရထားပြီး ဒီနှစ်ထဲမှာ Heavy Weight ချန်ပီယံ Brandon Vera နဲ့ ယှဉ်ပြိုင်ရမယ့် Light Heavy Weight ချန်ပီယံကာကွယ်ပွဲအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
No comments:
Post a Comment