Pages
Thursday, May 9, 2019
ပုသိမ်အကျဉ်းထောင်တွင် ဆူပူမှု ဖြစ်ပွား
မေလ၉ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ထောင်တွင် ဆူပူမှုဖြစ်ပွားခဲ့ကြောင်း အကျဉ်းသားမိသားစုများထံမှ သိရသည်။ "ထ အော်လိုဆိုပြီးတွေ့ခွင့်မရတာ ထိုင်ပြီးစောင့်နေတာ။ ကျွန်မက မီးလောင်တယ်လို့ထင်လို့ နောက်မှ အော်တယ်လို့ကြားရတယ်”ဟု ကျုံပျော်မြို့နယ်၊ရှားခဲမှ ထောင်ဝင်စာလာတွေ့သူဒေါ်စန်းအေးက မဇ္ဈိမ သို့ပြောသည်။ ပုသိမ်အကျဉ်းထောင်တွင် မေ ၉ရက်နေ့၊ နံနက် ၁၀နာရီဝန်ကျင်က ဆူပူမှု ဖြစ်ခဲ့ပြီး ဆူပူမှုဖြစ်သည့် အကြောင်းအရင်းကို သိရခြင်း မရှိသေးပေ။ အဆိုပါ ဆူပူမှုကြောင့် ပုသိမ်ထောင်သို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးလာရောက်ခဲ့သလို လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ကားများဖြင့် ထောင်လုံခြုံရေးကို တိုးမြင့်ထား ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment