အဆိုပါ ရန်ပွဲထဲမှ အမျိုးသ မီးငယ်အချို့သည် ပလာဇာလေး လွှာရှိ စားသောက်ဆိုင်နှင့် Bar သို့ လာရောက်လေ့ရှိသူများဖြစ်ပြီး ယခင်ရက်များက အချင်းချင်း စကားများခဲ့ကြောင်း၊ ထိုသို့ စကားများရာမှ နောက်ရက်များတွင် ချိန်းဆို၍ ရန်ဖြစ်ခြင်းဖြစ်ကြောင်း အဆိုပါဗီဒီယိုဖိုင်ရိုက်ကူးသည့် ကိုနေဦးလွင်က ပြောသည်။
‘‘ဒီကိုအမြဲလိုလိုလာနေတဲ့ လူတွေပဲ။ ပထမရက်တွေမှာက တည်းက ဒီပလာဇာမှာပဲ အချင်း ချင်းဆဲမိလို့ ငြိကြတာ။ နောက် ရက်တွေမှာလည်း ဖေ့စ်ဘွတ်ခ် ပေါ်မှာ ဆဲကြဆိုကြနဲ့ ချိန်းနေကြ တာတွေ့တယ်။ အဲဒီနေ့တော့ သူ တို့အသိတွေ အစ်မတွေပါ ခေါ် လာပြီး ချိန်းရိုက်ကြတာ’’ ဟု ကိုနေဦးလွင်က ပြောသည်။
အဆိုပါ မိန်းကလေးငယ် အများစုသည် အသက် (၁၅) နှစ် နှင့် (၁၆) နှစ်အရွယ်များဖြစ်ပြီး တစ်ဖက်လျှင် ခုနစ်ဦးရှိကြောင်း၊ မြန်မာပလာဇာမှ လုံခြုံရေးဝန် ထမ်းများ ရောက်ရှိပြီးနောက်မှ ရန်ပွဲပြီးသွားခြင်းဖြစ်ကြောင်း ကိုနေဦးလွင်က ပြောသည်။
ခိုင်ရန်ဖြစ်ပွားသည့် မိန်းက လေးများသည် အသက်မပြည့်ဘဲ ငယ်ရွယ်သည့် မိန်းကလေးများ ဖြစ်နေပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိသောကြောင့် အမှုဖွင့်ခြင်းမရှိ ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘အခုဖြစ်တာက ရုပ်ပျက် ဆင်းပျက်ပဲ၊ မိန်းကလေးတွေ လည်းဖြစ်တယ်။ အသက်တွေ လည်း ငယ်ငယ်လေးတွေနဲ့ မြင် လို့လည်းမကောင်းဘူး။ ကလေး တွေ အုပ်စုလိုက်ဖြစ်တော့ ဝင်ဆွဲ မယ့်လူမရှိတဲ့အပြင် ဘေးပါတီး ပေးကြသေးတယ်။ ဒီအရွယ်တွေ က ဒီနေရာတွေ လာဖို့၊ ဒီလိုတွေ လုပ်ဖို့ကို မသင့်ပါဘူး’’ ဟုတောင် ဥက္ကလာပမြို့နယ်နေ ကိုဇော်မင်း ထွေးက ပြောသည်။ မြန်မာပလာဇာအပေါ်ထပ် ရှိ ဘား၊ ကလပ်များအနေဖြင့် အ သက်အရွယ်စိစစ်သင့်ပြီး အ သက်မပြည့်သူများကို လာရောက် ခွင့်မပြုသင့်ကြောင်း ၎င်းကဆက် လက်ပြောသည်။
No comments:
Post a Comment