‘‘ကျွန်တော်တို့ အရင်က လည်း ဒီလိုဖမ်းမိလို့ လွှဲပြောင်း ပေးဖူးပါတယ်။ ဒီတစ်ခေါက်က တော့ အရေအတွက်များတယ်လို့ ပြောလို့ရမှာပေါ့နော်’’ဟု ဒုဗိုလ် မှူးကြီး စိုင်းဦးက ပြောသည်။ သို့ သော် လွှဲပြောင်းပေးခဲ့သည့် အ ကြိမ်ရေနှင့် ပမာဏကိုမူ အသေး စိတ်ပြောကြားခြင်းမရှိပေ။
RCSS က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို အစိုးရထံ လွှဲပြောင်းပေးအပ်ရာတွင် ဖမ်းဆီး ရမိသည့်နေရာ ဒေသ၊ အချိန်၊ အရေအတွက်နှင့် အကြောင်းရင်း စသည့်အသေးစိတ်ဖြစ်စဉ်များကို RCSS ဗိုလ်မှူးကြီး တင်းခေးက ခရိုင်ရဲမှူးဖြစ်သည့် ဒုတိယရဲမှူး ကြီးထံ အစီရင်ခံစာဖြင့် ပေးအပ်ခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနမှူး ဒုတိယဗိုလ်မှူးကြီး စိုင်း ဟန်က လွှဲပြောင်းပေးအပ်ရာ ရဲတပ်ဖွဲ့စုမှူးက လက်ခံခဲ့ကြောင်း ယမန်နေ့ သတင်းလွှာတွင် ဖော်ပြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်မှ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ဦးဆောင်သော ရဲတပ် ဖွဲ့ဝင်များ၊ RCSS ကိုယ်စားလှယ် အဖွဲ့ဝင်များသာမက မြို့နယ်၊ ရပ်ကွက်များမှ အသိသက်သေ အဖြစ် ဖိတ်ကြားထားသည့် ဧည့် သည်များ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ RCSS သည် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူညီချက် (NCA) ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အနက် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့ ဖြစ်သည်။
No comments:
Post a Comment