မော်လိုက်ကလေးအကျဉ်း ထောင်၌ အကျဉ်းသားများ ဆန္ဒ ထုတ်ဖော်ရာတွင် မေလ ၇ ရက် က လွတ်ငြိမ်းသက်သာခွင့်တွင် မော်လိုက် ကလေးအကျဉ်း ထောင်မှ တစ်ဦးမျှမပါဝင်ခြင်း၊ ပုဒ်မချင်းတူသူအချို့ လွတ် မြောက်သော်လည်း ကျန်ခဲ့သူတို့ ရှိခြင်း၊ တရားမျှတမှုမရှိဟု ယူဆ ခြင်း စသည့်အချက်များပါဝင် သည်။
အကျဉ်းသားများက လွတ် ငြိမ်းချမ်းသာခွင့် တန်းတူရရေး၊ သတင်းမီဒီယာများနှင့် တွေ့ဆုံ ခွင့်ရရေး၊ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် တွေ့ဆုံခွင့်ရရေး၊ လူ့ အခွင့်အရေးကော်မရှင်နှင့်တွေ့ ဆုံခွင့်ရရေးလည်း တောင်းဆိုပြီး ဌာနဆိုင်ရာ တာဝန်ရှိသူ များပါဝင်သည့် စီမံခန့်ခွဲမှုကော် မတီက အကျဉ်းထောင်အတွင်း ၀င်ရောက် ညှိနှိုင်းခဲ့သည်။
‘‘ကျွန်တော်တို့ နှစ်ချက်ကို ညှိနှိုင်းပေးနိုင်ခဲ့ပြီး ပြေလည်သွား ပါတယ်။ မီဒီယာနဲ့တွေ့ပေး တယ်၊ တာဝန်ရှိသူတွေနဲ့တွေ့ပေး တယ်။ ကျန်တာကို ဆက်တင်ပြ ပေးမယ်လို့ ညှိနှိုင်းတာ သူတို့ကျေ နပ်ကြလို့ အဆင်ပြေပါတယ်’’ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌဦးညီညီက ပြောသည်။
အကျဉ်းသားဦးရေ ၂,၀၃၁ ဦးရှိသည့် မော်လိုက်ကလေးအ ကျဉ်းထောင်အတွင်း အကျဉ်း သားများ ဆန္ဒထုတ်ဖော်မှုသည် ညှိနှိုင်းမှုပြေလည်ပြီးနောက် မေ လ ၈ ရက် နေ့လယ် ၁၂ နာရီခန့် တွင် အပြီးသတ်ခဲ့သည်။
ဘားအံ အကျဉ်းထောင် တွင်လည်း မေလ ၇ ရက် ည ၉ နာရီခန့်ကစတင်သော အကျဉ်း သားများ၏ ဆန္ဒပြတောင်းဆိုမှု သည် မေလ ၈ ရက် နေ့လယ်တွင် ပိုမိုအရှိန်မြင့်လာ၍ မီးသတ် ကားများပါ လုံခြုံရေးယူခဲ့ရသည် ဟု ဒေသခံများက ပြောသည်။
‘‘တစ်ယောက်က ရှေ့က တိုင်တယ်။ နောက်က လိုက်အော် ပြီး တို့အရေး၊ တို့အရေးလို့ အော် သံတွေ ကြားရတယ်။ ဘာတွေ တောင်းဆိုလဲတော့ ရှင်းရှင်းလင်း လင်းမသိရဘူး’’ဟု အကျဉ်း ထောင်၏ အပြင်စည်းလုံခြုံရေး အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။
မေလ ၈ ရက် နေ့လယ်က အကျဉ်းထောင်အတွင်းမှ သေ နတ်သံတစ်ချက်ကြားရပြီး ယင်း မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သေ နတ်ကျည် မတော်တဆပေါက် ခြင်းဟု သိရကြောင်း မြေပြင်ကွင်း ဆင်းသတင်းလိုက်နေသော သ တင်းထောက်တစ်ဦးက ပြော သည်။
No comments:
Post a Comment