Pages
Thursday, May 9, 2019
သတင်းမှားဖြန့်ချိမှု ဥပဒေ စင်္ကာပူ အတည်ပြု
စင်္ကာပူနိုင်ငံလွှတ်တော်မှာ မနေ့က အတည်ပြုလိုက်တဲ့ သတင်းမှားဖြန့်ချိမှု အရေးယူမယ့် ဥပဒေအသစ်နဲ့ပတ်သက်ပြီး လူအခွင့်အရေးလှုပ်ရှားသူများ သတင်းသမားများနဲ့ နည်းပညာအဖွဲ့အစည်းများက လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ထိခိုက်မှာ စိုးရိမ်တယ်လို့ ဝေဖန်လိုက်ကြပါတယ်။ ဒီဥပဒေအရ online media မှာ သတင်းမှားဖြန့်ချိခဲ့ရင် ထောင်ဒဏ် ဆယ်နှစ် ဒါမဟုတ် ငွေဒဏ် စင်္ကာပူဒေါ်လာ တစ်သန်းအထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေကြောင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိခိုက်ပြီး အစိုးရကိုလည်း အခွင့်အာဏာ အလွန်အမင်း ပေးအပ်ရာ ရောက်စေတယ်လို့ ဝေဖန်နေကြပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment