
အမေရိကန်အောက်လွှတ်တော်အတွင်းရှိ ဒီမိုကရက်များသည် ရှေ့နေချုပ် ဝီလီယံ ဘားအား ရုံးတော်ကို မထီမဲ့မြင်ပြုခြင်းအတွက် အရေးယူမှုစတင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ရှေ့နေချုပ် ဝီလီယံဘားသည် အထူးကောင်စီရောဘတ်မူလာ၏ ထုတ်ပြန်ချက်ကို တည်းဖြတ်ခြင်းမပြုဘဲ တင်သွင်းပေးရန် လွှတ်တော်တရားရေးကော်မတီ၏ ဆင့်ခေါ်မှုကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီးနောက် ဒီမိုကရက်များက ယင်းသို့အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်။
ယင်းတောင်းဆိုမှုသည် သတ်မှတ်ကာလထက်စောလွန်းပြီး မလိုအပ်သောတောင်းဆိုမှု ဖြစ်ကြောင်း တရားရေးဌာနမှ ယခင်ကပြောကြားခဲ့သည်။
မဲခွဲဆုံးဖြတ်မှုကို မေ၈ရက်တွင် ပြုလုပ်မည်ဟု ဒီမိုကရက်ဦးဆောင်သော ကော်မတီက ပြောကြားသည်။
သမ္မတထရန့်ခန့်အပ်ထားသော ရှေ့နေချုပ်သည် ပြုပြင်တည်းဖြတ်ထားခြင်းမရှိသော အထူးကောင်စီ၏ အစီရင်ခံချက်ကို ထုတ်ပြန်ရန် ပြီးခဲ့သောသီတင်းပတ်က သတ်မှတ် ရက်ကို ကျော်လွန်ပျက်ကွက်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment