
ပြီးခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် ဖျူထိုင်းပါတီ(Pheu Thai Party)က မဲဆန္ဒနယ် ၁၃၆ နေရာတွင် အနိုင်ရရှခဲ့ပြီး၊ ယင်းနှင့်ပြိုင်ဘက် ဖလန် ပရာချာ ရတ်သ် ပါတီ(Palang Pracha Rath Party )ကမူ မဲဆန္ဒနယ် ၁၁၅ နေရာတွင်သာအနိုင်ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ ဖျူထိုင်းပါတီသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ပတ်သက်ဆက်နွယ်မှုရှိသော ပါတီဖြစ်သည်။ ယခုကဲ့သို့ကြေညာခြင်းသည် ရွေးကောက်ပွဲကျင်းပပြီးနောက် ရက်သတ္တပတ် ၆ ပတ်ထက်မနည်းကြာမြင့်ပြီးမှ ကြေညာခြင်းဖြစ်သဖြင့် ထိုသို့နှောင့်နှေးကြန့်ကြာရခြင်းကို ဝေဖန်မှုများပေါ်ပေါက်ခဲ့သည်။
No comments:
Post a Comment