
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မေလ(၉)ရက် မကွေးမြို့သို့ရောက်ရှိလာပြီး မန်းရွှေစက်တော်ဘုရားသို့ လာရောက်ဖူးမျှော်ခဲ့သည်။ အောက်စက်တော်ရာနှင့် အထက်စက်တော်ရာဘုရားတို့ကိုလည်း ဖူးမျှော်ခဲ့ပြီး ဘုရာကြီးအား ကျပ်ငွေ ၅ သိန်းလှူဒါန်းခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူကပြောသည်။ ထ်ု့ပြင် ရွှေစက်တော် ဆင်စခန်း၊ ရွှေစက်တော်ဒေသဘောမဲ့တောရှိ ရွှေသမင်ခြံတို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း တာဝန်ရှိသူကပြောသည်။ အဆိုပါခရီးစဉ်တွင် ရွှေစက်တော်ဘုရားဂေါပကရုံး၌ နိုင်တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်စာများပေးပို့နိုင်ရန် တိုင်စာဌာနဖွင့်လှစ်ခဲ့ပြီး တိုင်စာစုစုပေါင်း(၉)စောင်ရရှိခဲ့ကြောင်း စကုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကြည်မင်းကပြောသည်။
No comments:
Post a Comment